Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeNewsLocal Newsဗင်နီဇွဲလားအပေါ် အမေရိကန် ဖိအားပေးလှုပ်ရှားမှု၏...

ဗင်နီဇွဲလားအပေါ် အမေရိကန် ဖိအားပေးလှုပ်ရှားမှု၏ အဓိကအချက်မှာ ရေနံဖြစ်သည်ဟု ကိုလံဘီယာသမ္မတ ပြောကြား

ထရမ့်အစိုးရ၏ ဗင်နီဇွဲလားအပေါ် ဖိအားပေးလှုပ်ရှားမှုသည် မူးယစ်ဆေးဝါးတို-က်ဖျ-က်ရေးထက် ဗင်နီဇွဲလားနိုင်ငံ၏ ရေနံကိုရယူလိုသည့် ဆန္ဒနှင့် ပိုမိုသက်ဆိုင်ကြောင်း ကိုလံဘီယာသမ္မတက ပြောကြားသည်။

ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရို (Gustavo Petro) သည် CNN နှင့် အထူးသီးသန့် တွေ့ဆုံမေးမြန်းမှုတွင် ဗင်နီဇွဲလား၌ ကမ္ဘာ့အကြီးဆုံး ရေနံသိုက်အဖြစ် သတ်မှတ်ထားသော ရေနံများရှိနေသည်ကို ထောက်ပြပြီး ” (ရေနံ) ဟာ ပြဿနာရဲ့ အဓိကအချက်ပဲ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

” ခုလုပ်နေတာတွေဟာ ရေနံနဲ့ပတ်သက်တဲ့ ညှိနှိုင်းမှုတစ်ခုပါပဲ။ ကျွန်တော်ယုံကြည်တာကတော့ ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အိုင်ဒီယာပဲ ဖြစ်ပါတယ်။ သူက စီးပွားရေးသက်သက်ပါပဲ။ သူက ဗင်နီဇွဲလားကို ဒီမိုကရေစီဖြစ်ရေး၊ ဒါမှမဟုတ် မူးယစ်ဆေးဝါးမှောင်ခိုကူးမှု အဲဒါတွေကို လုံးဝစဉ်းစားနေတာ မဟုတ်ပါဘူး ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး ဗင်နီဇွဲလားကို အဓိကမူးယစ်ဆေးဝါးထုတ်လုပ်သူအဖြစ် သတ်မှတ်ထားခြင်း မရှိသလို ကမ္ဘာ့မူးယစ်ဆေးဝါး ကုန်သွယ်မှု၏ အနည်းငယ်သော အစိတ်အပိုင်းသာ ထိုနိုင်ငံမှတစ်ဆင့် ဖြတ်သန်းသွားလာသည်ဟုလည်း သူကထည့်သွင်းပြောကြားခဲ့သည်။

ပက်ထရိုသည် သမ္မတအိမ်ဖြူတော်သို့ ထရမ့်ပြန်ရောက်လာချိန်ကတည်းကစတင်ပြီး ထရမ့်နှင့် သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်း ကိုလံဘီယာခေါင်းဆောင်သည် ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများ၊ အစ္စရေးအပေါ်ပံ့ပိုးမှုနှင့် လက်တင်အမေရိကတစ်ဝိုက်ရှိ စစ်ရေးလှုပ်ရှားမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

အမေရိကန်သည် အိမ်နီးချင်းများအပေါ် လွှမ်းမိုးချင်သည်ဟု သူက ယမန်နေ့ကစွပ်စွဲခဲ့ပြီး ထရမ့်၏လုပ်ဆောင်ချက်များကို အင်ပါယာထူထောင်ခြင်းနှင့် နှိုင်းယှဉ်ခဲ့သည်။ ” အမေရိကန်ပြည်ထောင်စုကို အင်ပါယာတစ်ခုအဖြစ် မသတ်မှတ်သင့်ပါဘူး၊ တခြားသော နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ်ပဲ သတ်မှတ်သင့်ပါတယ် ” ဟုလည်း သမ္မတ ပက်ထရိုက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နိုင်ငံကျော်တေးသံရှင်များဖြစ်သော ဖိုးသောကြာ၊ မေသက်ထားဆွေတို့အပါအဝင် တေးသံရှင်များကသီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ညပိုင်းတွင်လည်း နိုင်ငံကျော်တေးသံရှင်များက သီဆိုဖျော်ဖြေလျက်ရှိကာ ပန်းပွဲတော်အား ယနေ့ ဒီဇင် ဘာ ၆ ရက်မှ ဇန်နဝါရီ ၄ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၆ ရက်မွန်းလွဲပိုင်းက ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ် သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်လှေကားမြို့၊ ပန်းမြို့တော်၊ ချယ်ရီမြို့တော်ဟု တင်စားခေါ်ဝေါ်သည့် ပြင်ဦးလွင်မြို့အား ခေတ်အ ဆက်ဆက်တာဝန်ရှိများက မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများကို နည်းလမ်းမျိုးစုံဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး တပ်မတော်အနေဖြင့်လည်းတတ် နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့သည်ဟု ပြော သည်။ " ပြင်ဦးလွင်မြို့ကို...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင် ပြည်သူများနှင့်တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး (၈) စျေးမှ စျေးကော်မတီများနှင့် တွေ့ဆုံကာ စျေးအတွင်း လက်ကမ်းစာစောင်များဝေခဲ့ကြောင်း သိရသည်။ ထို့ပြင် နေ့လယ်ပိုင်းတွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်တွင် မဲဆန္ဒရှင် ပြည်သူ (၂၀၀) ဦးခန့်နှင့်တွေ့ဆုံကာ ကိုယ်စားလှယ်လောင်း မိတ်ဆက်ခြင်း၊ မဲပေးနည်းရှင်းလင်းခြင်း နှင့် လက်ကမ်းစာစောင်ဝေခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071