Wednesday, January 21, 2026

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ...

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင်...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...
HomeInternationalဗင်နီဇွဲလားသမ္မတနှင့်ဇနီးကိုဖမ်းဆီးကာပြည်ပသို့ခေါ်ထုတ်--ထရမ့်ပ်

ဗင်နီဇွဲလားသမ္မတနှင့်ဇနီးကိုဖမ်းဆီးကာပြည်ပသို့ခေါ်ထုတ်–ထရမ့်ပ်

ကရာကပ်စ် ၊ ဇန်နဝါရီ ၃

စနေနေ့ အစောပိုင်းက သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ကြေညာချက်အရ အမေရိကသည် “ဗင်နီဇွဲလားကို အကြီးစား တို-က်ခိုက်မှုတစ်ရပ်” ပြုလုပ်ခဲ့ပြီး၊ သမ္မတ နစ်ကလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို ဖမ်းဆီးကာ နိုင်ငံအတွင်းမှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ “အမေရိကန်ပြည်ထောင်စုဟာ ဗင်နီဇွဲလားနိုင်ငံနဲ့ အဲဒီနိုင်ငံရဲ့ခေါင်းဆောင် သမ္မတ နစ်ကလပ်စ် မာဒူရိုကို အောင်မြင်စွာ တို-က်ခိုက်နိုင်ခဲ့တယ်။ မာဒူရိုနဲ့ သူ့ရဲ့ ဇနီးကိုလည်း ဖမ်းလိုက်ပြီး နိုင်ငံရဲ့ ပြင်ပကို လေယာဉ်နဲ့ ခေါ်သွားပါပြီ” ဟု ၎င်းက Truth Social တွင် ရေးသားခဲ့ကြောင်း သိရှိရပါသည်။

စနေနေ့အစောပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံမြို့တော် ကရာကပ်စ်၌ ပေါ-က်ကွဲမှုအချို့ ဖြစ်ပွားခဲ့ပြီး လေယာဉ်ပျံသန်းသံများကို ကြားခဲ့ရကြောင်းနှင့် မြို့၏အချို့နေရာများတွင် လျှပ်စစ်မီးများ ပြ-တ်တေ-ာက်နေကြောင်း စီအင်န်အန် သတင်းအဖွဲ့က မျက်မြင်တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။

စီအင်န်အင်န်အဖွဲ့အနေဖြင့် ပထမဆုံးပေါ-က်ကွဲမှုကို ဒေသစံတော်ချိန် နံနက် ၁ နာရီ ၅၀ မိနစ်ခန့်တွင် မှတ်တမ်းတင်နိုင်ခဲ့ပြီး “ပေါ-က်ကွဲမှုတစ်ခုက တော်တော်လေး ပြင်းထန်လွန်းလို့ ကျွန်မရဲ့ ပြတင်းပေါက်တွေတောင် တုန်ခါသွားတယ်” ဟု သတင်းထောက် အော့စမာရီ ဟာနန်ဒက်ဇ်က ပြောကြားခဲ့သည်။ မြို့၏ နေရာအတော်များများတွင် လျှပ်စစ်မီးများ ပြ-တ်တေ-ာက်နေပြီး ပေါ-က်ကွဲမှုများအပြီးတွင် လေယာဉ်ပျံသန်းသံများကို ကြားခဲ့ရကြောင်း သိရသည်။ ဗီဒီယိုတစ်ခုတွင် မြို့မီးရောင်များကြားမှ မီးခိုးလုံးကြီးနှစ်ခု ညကောင်းကင်ယံသို့ တက်လာသည်ကို မြင်တွေ့ရပြီး မီးခိုးလုံးတစ်ခု၏ အောက်ခြေတွင် လိမ္မော်ရောင်အလင်းတန်းတစ်ခုကို မြင်ရပြီးနောက် အခြားတစ်နေရာတွင် အလင်းတစ်ချက်လက်သွားကာ ပေါ-က်ကွဲသံကို ကြားလိုက်ရကြောင်း သိရှိရပါသည်။

ဗင်နီဇွဲလားရှိ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများကို အရေးယူရန် အမေရိက က ပြင်ဆင်နေကြောင်းနှင့် ကုန်းတွင်းပိုင်းတို-က်ခိုက်မှုများကို “မကြာမီ” စတင်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အကြိမ်ကြိမ် သတိပေးထားဖူးသည်။ သမ္မတ မာဒူရိုကို ထရန့်၏ ဖိအားပေး လှုပ်ရှားမှုများတွင် မူးယစ်ဆေးဝါး တို-က်ဖျက်ရေးအစီအစဉ်အဖြစ် ကာရစ်ဘီယံပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းရှိ လှေအစင်း ၃၀ ကျော်ကို ဖျ-က်ဆီးခဲ့ခြင်းများ ပါဝင်ပေသည်။ ပြီးခဲ့သည့်လတွင်လည်း ဗင်နီဇွဲလားသို့ အဝင်အထွက်ပြုလုပ်နေသော ပိ-တ်ဆို့အရေးယူခံထားရသည့် ရေနံတင်သင်္ဘောများကို ပိ-တ်ဆို့တားဆီးရန် ထရန့်ကအမိန့်ပေးခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဗင်နီဇွဲလားကမ်းရိုးတန်းရှိ ဆိပ်ကမ်းတစ်ခုကို စီအိုင်အေက ဒရုန်းဖြင့် တို-က်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ စီအင်န်အင်န်က ဖော်ပြခဲ့သည်။ အဆိုပါတို-က်ခိုက်ခဲ့မှုမှာ အမေရိက က ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ ပ-စ်မှတ်တစ်ခုကို ပထမဆုံးအကြိမ် တို-က်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗင်နီဇွဲလားကို ဖိအားပေးသည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကသည် “အဆောက်အအုံကြီးတစ်ခု” ကို ရှင်းလင်းခဲ့ကြောင်း ထရမ့်ပ်က ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သော်လည်း ဒီဇင်ဘာလ ၂၉ ရက် နေ့၌ သတင်းထောက်များက မေးမြန်းသောအခါ ယင်းလုပ်ဆောင်ချက် နောက်ကွယ်တွင် အမေရိကန်စစ်တပ် ရှိသလား သို့မဟုတ် စီအိုင်အေကဲ့သို့သော အဖွဲ့အစည်းရှိသလားဆိုသည်ကိုဖြေကြားရန် ငြင်းဆိုခဲ့သည်။

ကာရစ်ဘီယံပင်လယ်သို့ စေလွှတ်ထားသော ယူအက်စ်အက်စ် ဂျယ်ရယ်လ် ဖို့ဒ် စစ်သင်္ဘောပေါ်ရှိ တပ်ဖွဲ့ဝင်များထံ ခရစ်စမတ်အကြိုနေ့က ဖုန်းဆက်သွယ်ရာတွင် ထရမ့်ပ်က အဆိုပါဒေသသည် “စိတ်ဝင်စားစရာကောင်းသော နေရာတစ်ခု” ဖြစ်ကြောင်းနှင့် အမေရိကသည် “ကုန်းတွင်းပိုင်းအထိ သွားမည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများနှင့် မူးယစ်ဆေးဝါး စီးဆင်းမှုများကို နှိမ်နင်းရန်အတွက် စီအိုင်အေကနု ဗင်နီဇွဲလားအတွင်း လှုပ်ရှားဆောင်ရွက်ရန် ခွင့်ပြုချက်ပေးထားကြောင်း ထရမ့်ပ်က အောက်တိုဘာလတွင် ပြောကြားခဲ့ကြောင်း သိရသည်။

Ref: စီအင်န်အင်န်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံး ကျပ် (၁ဝဝဝဝ)ဖြင့်ရောင်းချပေး

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်ဝန်းအတွင်း၌ ရောင်းချပေးခဲ့သည်။ ယင်းသည် အကြွေး စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလှူရှင်များကလည်း သီလရှင်ဆရာလေးများအပါအဝင် တာမွေမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် အနှေးယာဉ်လုပ်သားများကို ဆန်၊ဆီ၊ဆား၊ ဟင်းသီးဟင်းရွက်များအပါအဝင် ပိုက်ဆံများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ဆန်၊ဆီ၊ကြက်ဥနှင့် ပဲ တို့ကို သက်သာသောဈေးနှုန်းဖြင့်တာမွေမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၀ သို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ်သည် ဇန်နဝါရီ...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071