Saturday, January 24, 2026

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့်...

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ...

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့်...

တရုတ်နိုင်ငံသား(၂၈၃)ဦးအား ပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလောင်းက စားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၂၈၃)ဦးကို ပြန် လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ဇန်နဝါရီ...
HomeInternationalဗင်နီဇွဲလားနှင့် ဆက်နွှယ်သည့် တရုတ်ကုမ္ပဏီများနှင့်...

ဗင်နီဇွဲလားနှင့် ဆက်နွှယ်သည့် တရုတ်ကုမ္ပဏီများနှင့် ရေနံတင်သင်္ဘောများကိုယူအက်စ်ဒ-ဏ်ခတ်ပိတ်ဆို့

ဇန်နဝါရီ ၂

ထရမ့်ပ်အစိုးရသည် ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးအခြေစိုက် ကုမ္ပဏီအချို့နှင့်အတူ ရေနံတင်သင်္ဘောများကို ကန့်သတ်ချက်များကို ရှောင်လွှဲရန်ကြိုးပမ်းသည်ဟု စွပ်စွဲ၍ ဒ-ဏ်ခတ်ပိ-တ်ဆို့မှုများ ပြုလုပ်ခြင်းဖြင့် ဗင်နီဇွဲလား၏ ရေနံတင်ပို့မှုအပေါ် ဖိအားပေးသည့် လှုပ်ရှားမှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (အိုအက်ဖ်အေစီ) သည် ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီလေးခုဖြစ်သော ကျဲ့ကျန်း အခြေစိုက် ကိုးနီအိုလာ၊ ဟောင်ကောင်အခြေစိုက် အဲရီးစ် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီ၊ ကရိတ် မာတယ် ကုမ္ပဏီ နှင့် ဝင်းကီ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီတို့ကို အထူးသတ်မှတ်ထားသည့် နိုင်ငံသားများနှင့် ပိ-တ်ဆို့ထားသူများစာရင်းထဲသို့ ဗုဒ္ဓဟူးနေ့တွင် ထည့်သွင်းခဲ့ပါသည်။

ထို့အပြင် အဆိုပါကုမ္ပဏီများနှင့် ဆက်နွှယ်နေသည့် သင်္ဘောလေးစင်းဖြစ်သော ဒယ်လာ၊ နော့စတား၊ ရိုစလင်း နှင့် ဗေလိယန့်တို့ကိုလည်း ဒ-ဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း သိရှိရပါသည်။

ဗင်နီဇွဲလား၏ ရေနံကုန်သွယ်မှုနှင့် ဆက်နွှယ်နေသည့် သင်္ဘောများနှင့် ကုမ္ပဏီများကို အမေရိကန်က ယခင်ကတည်းက ဒ-ဏ်ခတ်ပိတ်ဆို့မှုစာရင်း သတ်မှတ်ထားပြီးဖြစ်ပါသည်။ သို့သော်လည်း ထိုနေရာတွင် စီးပွားရေးလုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီများကို ပ-စ်မှတ်ထားခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး၊ ၎င်းသည် ထရမ့်ပ်အစိုးရနှင့် နစ်ကလပ်စ် မာဒူရို အစိုးရတို့အကြား ဖြစ်ပွားနေသည့် တင်းမာမှုများထဲသို့ မဝင်ရောက်ရန် တရုတ်အစိုးရကို သတိပေးချက်တစ်ခု ပေးလိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။

တရုတ်နိုင်ငံသည် ဗင်နီဇွဲလား၏ ရေနံအများဆုံး ဝယ်ယူသူဖြစ်ပြီး ရေနံတင်ပို့မှုသည် ဗင်နီဇွဲလားနိုင်ငံ၏ ဝင်ငွေစုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းခန့် ရှိပါသည်။

Ref: ဆော့ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့် ရိုးရာဖိုက်တာကျော်စွာဝင်း

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ မူဂါ ကို ရိုးရာဖိုက်တာကျော်စွာဝင်း က ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးဖြင့် အနိုင်ရခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ပထမအချီ၌ပင် ပြိုင်ဘက်ကို နှစ်ကြိမ်လဲကျသည်အထိ ဖိအားပေးထိုးသ-တ်နိုင်ခဲ့သည့်အပြင် ဒုတိယပိုင်း စတင်ပွဲလွှတ်သည်နှင့် အလဲထိုးပြနိုင်ခဲ့သည်။ ပွဲစဉ်အပြီး ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ကျော်စွာဝင်းဆိုသည့် ပရိတ်သတ်၏ အားပေးသံသည် ကွင်းအတွင်းပင် ကြက်သီးထဖွယ်ရာ ကျယ်လောင်ခဲ့သည်။ ကျော်စွာဝင်းသည်...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ ထမအကြိမ်ပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာသံရုံးတာဝန်ရှိသူများမှ ရောက်ရှိလာသောမြန်မာနိုင်ငံသားများအနက် (၁၃၆)ဦးအား ပထမအသုတ်အဖြစ် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့်ပြန် လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်အစောပိုင်းတွင် မန္တလေးမြို့ရှိအပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက လိုအပ်သည့်ကိုယ်ရေးအချက်အ လက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း၊ စစ် ဆေးခြင်းများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (ရေကြည်မြို့နယ်သည် ရွေးကောက်ပွဲအပိုင်း(၃)တွင်ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ မဲရုံပေါင်း (၁၂၀)ခန့်ဖွင့်လှစ်သွားမည်ဖြစ်သည်။ Photo-ပေါ်ပြူလာနယူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071