နော်ဝေ နိုဘယ်ကော်မတီက ဗင်နီဇွဲလားပြည်သူတွေအတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်မှုများအတွက် မာရီယာ ကိုရီနာ မာချာဒို (Maria Corina Machado)ကို ၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်လိုက်ပါတယ်။
မာရီယာ ကိုရီနာ မာချာဒိုဟာ မကြာသေးမီနှစ်များအတွင်း လက်တင်အမေရိက အရပ်ဘက်ဆိုင်ရာ ပြည်သူတွေရဲ့ အထူးခြားဆုံးသော စံနမူနာတွေထဲက တစ်ဦးဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
