အမေရိကန် ပြည်ထောင်စုသည် ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရို အစိုးရကိုဖြုတ်ချရန်အတွက် လျှို့ဝှက်စစ်ဆင်ရေးများအပါအဝင် ဖိအားပေးမှု အဆင့်သစ်တစ်ရပ်ကို စတင်တော့မည်ဖြစ်ကြောင်း အမေရိကန်အစိုးရ အုပ်ချုပ်ရေးပိုင်းမှ သတင်းရင်းမြစ်များကို ကိုးကား၍ ရို-က်တာသတင်းဌာနက ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ထိုစစ်ဆင်ရေးများစတင်ရန် ဆုံးဖြတ်ချက်ကို မည်သည့်အချိန်တွင် ချမှတ်ခဲ့ခြင်း၊ သို့မဟုတ် ၎င်းတို့၏ အတိုင်းအတာမည်မျှရှိခြင်းတို့ကို အတိအကျမသိရသော်လည်း လာမည့်ရက်ပိုင်းအတွင်း စတင်လိမ့်မည်ဖြစ်ကြောင်း သတင်းဌာနက ဖော်ပြသည်။ ယင်းသို့ဖြင့် အမေရိကန်သည် ဗင်နီဇွဲလားအာဏာပိုင်များအပေါ် ဖိအားပေးမှုကိုတိုးမြှင့်ရန် ရည်ရွယ်သည်ဟု ရိုက်တာက ဆိုထားသည်။
သတင်းဌာန၏ သတင်းရင်းမြစ်များအရ၊ ယင်းလျှို့ဝှက်စစ်ဆင်ရေးများသည် ဗင်နီဇွဲလားခေါင်းဆောင်အား ဆန့်ကျင်သည့် အစီအမံသစ်များ၏ ပထမဆုံးအဆင့် ဖြစ်လာမည်ဖြစ်သည်။ အခြားအရာများအနက် မာဒူရိုကို ဖြုတ်ချရန် ကြိုးပမ်းခြင်းသည်လည်း ပါဝင်သည်ဟု သိရသည်။
