Looking for something?

Explore the website

Looking for something?

Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal Newsဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် ဥပ‌ဒေဖြင့်ပြဌာန်းသည့်...

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် ဥပ‌ဒေဖြင့်ပြဌာန်းသည့် မသင်မနေရအခြေခံပညာများအား သင်ကြားရမည်ဟု နစက ဥက္ကဋ္ဌပြော

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် ဥပ‌ဒေဖြင့်ပြဌာန်းသည့် မသင်မနေရအခြေခံပညာများအား သင်ကြားရမည်ဟု နစက ဥက္ကဋ္ဌပြော

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၆ အရ“နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသည့် ပညာရေးဆိုင်ရာမူဝါဒများနဲ့အညီ (က)ပညာသင်ကြားပိုင်ခွင့်ရှိသည် (ခ)ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရအခြေခံပညာများကို သင်ကြားရမည်”ကို ပြဋ္ဌာန်းထားပြီးဖြစ်သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။


ဇူလိုင် ၂၃ ရက်ကပြုလုပ်သည့် ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တပ်မတော်(ကြည်း၊ရေ၊လေ)စစ်သည်များ၊စစ်မှုထမ်းဆဲ၊စစ်မှုထမ်း ဟောင်း မိသားစုဝင်သားသမီးများ၊စစ်သည်အ စားခန့်အရပ်သားဝန်းထမ်းများ၏ သားသမီးများနှင့်ဘက်စုံပညာထူးချွန်လူငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။


ထိုသို့ ပြဋ္ဌာန်းထားပြီးဖြစ်ရာ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင် မြင်သူများအပေါ်အခြေခံ၍ မြန်မာနိုင်ငံ၏ ပညာ ရေးအခြေအနေအား လေ့လာဆန်းစစ်ကြည့်ရာ ယနေ့ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသူများသည် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် သူငယ် တန်း စတင်တက်ရောက်ခဲ့ပြီး ၁၁၈၇၃၉၂ ဦးရှိသည်ဟု ပြောသည်။


အဆိုပါ တက်ရောက်ခဲ့သူများမှ မူလတန်းအောင် မြင်၍ အလယ်တန်းအဆင့် ပဉ္စမတန်းသို့တက်ရောက်နိုင်သူ ၈၀၈၈၇၈ ဦးသာ အတန်းကူး ပြောင်းခဲ့သည်ကို တွေ့ရှိရသည်ဟု ပြောသည်။


ထို့ပြင် အလယ်တန်းအဆင့်မှအထက်တန်းအဆင့် နဝမတန်းသို့တက်ရောက်နိုင်သူ ၅၈၅၁၈၂ ဦး၊နဝ မတန်းမှတက္ကသိုလ်ဝင်တန်းတက်ရောက်နိုင်သူသည် ၂၃၂၁၄၈ ဦးရှိသည်ကိုလည်း တွေ့ရှိရသည်ဟု ပြောသည်။

“၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းဖြေတဲ့အခါမှာ ကျောင်းတွင်း၊ပြင်ပဖြေဆိုအင်အားက စုစုပေါင်း ၂၈၁၇၅၁ ယောက်ရှိပြီး အောင်မြင်သူ ၁၃၂၀၇၇ ယောက်ရှိတဲ့အတွက် အောင်မြင်မှု ရာခိုင်နှုန်း ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းဖြစ်တာကိုတွေ့ရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။


ထို့ကြောင့် အတန်းကူးပြောင်းနိုင်မှုမရှိဘဲ လျော့ နည်းသွားသည့်အင်အားမှာ မူလတန်းတွင် ၃၁ ဒ သမ ၈၈ ရာခိုင်နှုန်းနှင့်အလယ်တန်းတွင် ၂၇ ဒသ မ ၆၅ ရာခိုင်နှုန်းရှိပြီး ၁၀ နှစ်ကာလအတွင်း၌ ပ ညာရေးအခြေအနေသည် မူလတန်းအဆင့်၊အ လယ်တန်းအဆင့်အားကျော်လွန်၍ အထက်တန်းအဆင့်၊တက္ကသိုလ်တက်ရောက်နိုင်သည့် အဆင့်ရှိသူ အလွန်နည်းပါးနေသည်ကို တွေ့ရှိရသည်ဟု ပြောသည်။

“အဲဒီလို ဆယ်စုနှစ်များစွာဆိုရင် နိုင်ငံအတွက်လို အပ်တဲ့ ပညာတတ်အင်အားများစွာ လိုအပ်ချက်ရှိနေတာကို သုံးသပ်တွေ့ရှိရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း နိုင်ငံပိုင် နေ့စဉ် သတင်းစာ နှစ်စောင်တွင် ဖော်ပြထားသည်။ ဖွင့်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ဒေသတွင်း သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုများကို ကျေနပ်မိကြောင်း ပြောကြားခဲ့ပါသည်။ အာဆီယံ၏ ဒေသတွင်း ချိတ်ဆက်မှု ရည်မှန်းချက်များ...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD Biological Food Co. Ltd မှ ယွမ်(၂၅၉၄၁)တန်ဖိုးရှိ Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)ကိုလှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းမှုအား နန်နင်းမြို့၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းက လက်ခံရယူကာ ကျေးဇူးတင်မှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏စီစဥ်ပေးမှုဖြင့် မေ ၂၁ ရက်က နန်နင်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ကုန်တင်လေကြောင်းအမှတ် - UB8504...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ ပြုပြင်ရန် လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၂၀၀၀)ဝန်းကျင် ကူညီပံ့ပိုးမည်

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀) ကူညီပံ့ပိုးသွား စီစဉ်ထားရှိကြောင်း The Spirit of Brotherhood Missiom(TSBM)အဖွဲ့ ထံမှ သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ် ငလျင်ကြောအနီးရှိကျေးရွာစာသင်ကျောင်းအချို့ ပညာသင်ကြားရေးစတင်နိုင်ရန် ကျပ်သိန်း (၂၅၀)အသုံးပြု၍ တာဝန်ယူဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် စစ်ကိုင်းပြတ်ရွေ့ နှင့်ပတ်သက်သော surface rupture များ ပေါ်ပေါက်ခြင်း ၊ မြေရွေ့ခြင်းများကြောင့် မြန်မာ့ဘူမိသိပ္ပံဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071