Tuesday, June 10, 2025

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု...

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ...

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ်...

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအနေဖြင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့်...

ပြည်တွင်းရှိ ဘိလပ်မြေထုတ်လုပ်သည့်စက်ရုံများအနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက မှာကြားသည်။ ၎င်းမှ ဇွန် ၈ ရက်နံနက်ပိုင်းက ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်...
HomeNewsLocal Newsဖွဲ့စည်းပုံပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးရန် နစကဖက်က...

ဖွဲ့စည်းပုံပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးရန် နစကဖက်က ကမ်းလှမ်းမှုကို လက်ခံတွေ့ဆုံ အဆင်သင့် မဖြစ်သေးကြောင်း အပစ်ရပ် (၇) ဖွဲ့ အကြောင်းပြန်

နစကနှင့် (၂) ကြိမ်တိုင်တိုင် တွေ့ဆုံထားသည့် အပစ်ရပ်အဖွဲ့ (၇) ဖွဲ့အား၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပါအဝင် ငြိမ်းချမ်းရေး ကိစ္စရပ်များ ‌ဆွေးနွေးရန် ဖိတ်ကြားမှုကို လက်ခံတွေ့ဆုံရန် အဆင်သင့်မဖြစ်သေးကြောင်း အကြောင်းပြန်ကြားခဲ့သည်ဟု ဖိတ်ကြားခံရသည့် အဖွဲ့များထံမှ သိရသ ည်။

ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံး ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက EAOs (၇) ဖွဲ့၏ ဥက္ကဋ္ဌများထံ လိပ်မူကာ ဖိတ်ကြားစာကို ပြီးခဲ့သည့် ဒီဇင်ဘာ (၁၉) ရက်က ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုအား PPST အဖွဲ့ဝင်များဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်များအကြား ဆွေးနွေးကာ ယခုလို အကြောင်းပြန်ခဲ့ခြင်းဖြစ်ကြောင်း PPST ၏ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ထံ ပေါ်ပြူလာနယူး(စ်)က ဆက်သွယ်မေးမြန်းစဉ် ပြောကြားခဲ့ခြင်း ဖြစ် သည်။

” ကျွန်တော်တို့ မနေ့တုန်းကပဲ EAOs (၇) ဖွဲ့က ခေါင်းဆောင်တွေ တိုင်ပင်ညှိနှိုင်းမှုလုပ်တယ်။ တိုင်ပင် ညှိနှိုင်းမှုတွေ လုပ်တဲ့အခါကျတော့ တချို့အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကလည်း လက်ရှိမှာ ကျန်းမာရေးအခြေအနေအရ သွားဖို့လာဖို့အဆင်မပြေတာ ရှိသလို အချိန်အခါအရကလည်း အဖွဲ့အတွင်းမှာ အချိတ်အဆက် လုပ်ဖို့ကလ ည်း နည်းနည်း အကြပ်အတည်းဖြစ်တဲ့အတွက် (၇) ဖွဲ့ကို ဖိတ်ကြားလာတဲ့အပေါ်မှာ တက်ရောက်ဖို့ အခက်အခဲရှိတယ်။ မတက်ရောက်နိုင် သေးဘူး ” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပေါ်ပြူလာနယူး (စ်) သို့ ပြောသည်။

ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသားစည်း လုံး ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၏ ဖိတ်ကြားစာတွင် လာမည့် ဒီဇင်ဘာ (၂၇/၂၈/၂၉/၃၀) ရက်များတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပါအဝင် ငြိမ်းချမ်းရေး ကိစ္စရပ်များ ‌ဆွေးနွေးရန် ပါဝင်ကြောင်း သိရသည်။

လက်ရှိဖိတ်ကြားခံရသည့် EAOs အဖွဲ့ (၇) ဖွဲ့သည် NCA လက်မှတ်ရေးထိုးထားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအရ (၂) ကြိမ်တိုင် တွေ့ ဆုံဆွေးနွေးထားသည့် အဖွဲ့များလည်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် တစ်ဖွဲ့ချင်း လက်ခံတွေ့ ဆုံရခြင်းဖြစ်ပြီး နစကဖက်မှ ပေးထားသည့် အစီအစဉ်အတိုင်းသာ ဆွေးနွေးရသည့်အပေါ် အခက်အခဲများ ရှိသ ည့်အတွက် အလွတ်သဘော ကြိုတင်တွေ့ဆုံဆွေးနွေးရန် EAOs အဖွဲ့ (၇)ဖွဲ့က ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် ကော်မတီထံ ပြီးခဲ့သည့် နိုဝင်ဘာ(၂၈) ရက်ကအကြောင်း ကြားစာပေးပို့ ခဲ့ကြောင်း သိရသည်။

” ကျွန်တော်တို့ အလွတ်သဘော တွေ့ကြရအောင် ။ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း တွေ့ဆုံညှိနှိုင်းပြီးတော့ နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် နေရာ ၊ နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့်အချိန်၊ နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် အစီအစဉ်တွေ အတွက် အလွတ်သဘောကြိုတင်ဆွေးနွေးပြီးမှ ခုဏက ပြောတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတို့ ၊ နိုင်ငံရေးဆွေးနွေးပွဲတို့ လုပ်ရင် နှစ်ဖက်စလုံးအတွက် Win – Win ဖြစ်တာပေါ့ဗျာ ” ဟု ဗိုလ်မှူကြီး စောကျော်ညွန့်က ပြောသည်။

ယင်းသို့ ကမ်းလှမ်းခဲ့စဉ်ကလည်း ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် နစက၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိ နှိုင်းရေး ကော်မတီဖက်မှ အဆင်သင့်မဖြစ်သေးကြော င်း အကြောင်းပြန်ကြားခဲ့သည်ဟု သိရသည်။

” သူတို့ဖက်က လက်မခံဘူးဆိုတာထက် လက်ခံမလိုလိုနဲ့ နောက်ပိုင်းကျတော့ အဆင်သင့်မဖြစ်ဘူး ၊ အဆင်မပြေသေးဘူး ဆိုတဲ့သဘော ကျွန်တော်ကတော့ စာအသွား အလာအရ အဲဒီလို နားလည်မှု ရှိတယ် ” ဟု ၎င်းက ဆိုသ ည်။

ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့် ပြီးခဲ့သည့် နိုဝင် ဘာလအတွင်းကလည်း နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံကာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အချက် (၁၁) ချက် ဆွေးနွေးခဲ့ကြသေးကြောင်း သိရသည်။

ယခု တပေါင်းတစည်းတည်း တွေ့ဆုံရန် ကမ်းလှမ်းခြင်း ခံရသည့် EAOs အဖွဲ့ (၇) ဖွဲ့မှာ PPST အဖွဲ့ဝင်များ ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုး သားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA PC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် မွန်ပြည်သစ်ပါတီ (MNS P) တို့ ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်ပြော

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် မြန်မာ-ပါကစ္စတန် အာရှခြေစစ်ပွဲစဉ်အ တွက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် ဇွန် ၉ ရက်(မနက်ဖြန်)ပွဲအတွက်် နည်းပြများညွှန်ကြားသည့်အတိုင်း အကောင်းဆုံး ကြိုးစားပြင်ဆင်ထားကာ အိမ်ကွင်းတွင်ကစားရမည်ဖြစ်၍ ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အသင်းအားအနိုင်ရရန်ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်က ပြောသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှလည်း "ဒီပွဲကိုအဝေးကွင်း အရင်ကစားရမှာဖြစ်ပေမဲ့ အခုတော့ အိမ်ကွင်းမှာ က စားရမှာဖြစ်လို့ အားသာချက်ရှိသွားပါတယ်။ မနက်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် လုပ်ငန်းဖြစ်နိုင်ချေများအနက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ(Quick Win Plan)ဖြင့် အောင်မြင်စွာဆောင် ရွက်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေလှောင်တမံများအား အဆင့်မြှင့်တင်ရာတွင် တမံများ၏သက်တမ်းနှင့်ကြံ့ခိုင်မှုတို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ ရေလှောင်တမံများနှင့် ရေလွှဲဆည်များတည်ဆောက်ရန်လျာထားရာ၌ အကျိုးပြုဧရိယာနှင့် ရေသုံးစွဲမည့် လူဦးရေပမာဏ၊...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်မှပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။ ကျိုက်ထိုမြို့ ရပ်ကွက်တစ်ခုတွင် အိမ်ငှားနေထိုင်ပြီးနောက် အလုပ်လုပ်ကိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးချိန်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူသည် ကိုဗစ်ကာကွယ် ဆေးတစ်ကြိမ်မျှထိုးထားခြင်း မရှိသူဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေကောင်းမွန်သည့် အခြေအနေ၌ရှိပြီး ဆေးရုံ၌ စောင့်ကြည့်ကုသမှုပေးနေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း ပြီးခဲ့သည် မေလ (၂၅)ရက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071