Monday, August 17, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်...

နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်...

၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပြင်းအား...

​ထိုင်းနိုင်ငံရဲ့ အမျိုးသားသုတေသနကောင်စီ (NRCT) နဲ့ ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တို့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံနဲ့ ဒေသပေါင်း ၉...

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက် ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ်...

လာမည့်နှစ်တွင်အမေရိကနှင့်စစ်ရေးလေ့ကျင့်မှုများပြန်စမည်– ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့က ဖ‌နွန်းပင်တွင် ဟွန်မာနက်နှင့်...
HomeNewsLocal Newsဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားသည့် မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးအား...

ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားသည့် မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးအား ရက်ပေါင်း ၂၀ ကျော်အကြာ၌ ‌ပြန်လည်ဖြတ်သန်းခွင့်ပြု

တိုက်ပွဲဖြစ်ပွားမှုများနှင့်တောနော်ရေတံခွန်အနီးရှိ ချောင်းကူးတံတား မိုင်းဖောက်ခွဲခံရ၍ ပျက်စီးသွားမှုတို့ကြောင့် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားသည့် မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးအား ဇန်နဝါရီ ၄ ရက်(ယနေ့-လွတ်လပ် ရေးနေ့)နေ့လည်ပိုင်းမှစတင်၍ ပြန်လည်ဖြတ် သန်းသွားခွင့်ပြုခဲ့ကြောင်း သိရသည်။

“ဟုတ်တယ်ဗျ ဒီနေ့နေ့လည်လောက်ကဖြတ်သန်းခွင့်ပြုလိုက်တယ် အခုကားတွေအကုန်လုံး သွား လာနေကြပြီ ကျွန်တော်တို့အတွက်လည်း အဆင် ပြေသွားတာပေါ့ နယ်ဝေးပို့ရမယ့်လူနာတွေရှိရင် ပြန်ပြီးကူညီပို့ပေးလို့ရပြီ”ဟု မြဝတီမြို့အခြေလစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးအား ယနေ့နေ့လည် ၃ နာရီခွဲခန့်မှစတင်၍ ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း မြဝတီမြို့ခံများထံမှ သိရသည်။

“လမ်းပြန်ပွင့်သွားပြီဆိုတော့ ကုန်စည်စီးဆင်းမှုပြန်ကောင်းလာတော့မှာပါ လမ်းပိတ်ထားတုန်းကဆိုရင် ရန်ကုန်ကိုကုန်ပို့ဖို့ကိုဘယ်လိုမှမရဘူး ကုန်ပို့ခစျေးတွေကလည်း အဆမတန်တက်သွားတယ် အာရှလမ်းကပိတ်ထားတုန်းကဆိုရင် ဆိုင်ကယ်တောင်ဖြတ်သွားလို့မရဘူး”ဟု မြဝတီမြို့ခံတစ်ဦးကပြောသည်။

မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်ခန့်မှစတင်ကာ နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့် KNU , PDF ပူးပေါင်းအဖွဲ့များကြား၌ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအခြေအနေအရ အာရှလမ်းမကြီးအား ဖြတ်သန်းသွားလာခွင့်ပိတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖြတ်သန်းခွင့်ပိတ်ခဲ့သဖြင့် မြဝတီမြို့သို့သွားမည့်ကားများနှင့်ကော့ကရိတ်မြို့ဘက်သို့ ပြန်ဆင်းလာမည့်ကားများမှာ ရောက်ရှိသည့်နေရာ၌ ရပ်တန့်ထားခဲ့ရပြီး မဖြစ်မနေသွားလာရမည့်သူများမှာ ထော့ကော်ကိုးလမ်းမှတဆင့်သာဖြတ်သန်းသွားလာခဲ့ရကြောင်း သိရသည်။

“ထော့ကော်ကိုးလမ်းက မြေသားလမ်းလည်းဖြစ်သလို လမ်းကလည်းကြမ်းတယ် မဖြစ်မနေသွားလာရမယ့်လူတွေလောက်ပဲသွားကြတယ် အာရှလမ်းကို ပြီးခဲ့တဲ့ ၄ ရက်လောက်ကခနလေးပြန်ဖွင့်လိုက်တယ် ဘယ်လိုဖြစ်လို့လည်းတော့မသိဘူး ခနလေးနဲ့နေ့ချင်းပြန်ပိတ်လိုက်တယ် အခုမှပြန်ဖွင့်ပေးတာ”ဟု မြဝတီမြို့ခံတစ်ဦးကပြောသည်။

အာရှလမ်းမကြီးအား ဖြတ်သန်းသွားလာခွင့်ပိတ်ထားချိန်၌ ကုန်တင်ကားများ၊အဝေးပြေးခရီး သည်တင်ကားများနှင့်အိမ်စီးကားများ ရာချီရပ်တန့်ထားခဲ့ရပြီး သစ်သီးဝလံများတင်ဆောင်ထားသည့် ကုန်တင်ကားများမှာ တင်ဆောင်လာသည့် ကုန်ပစ္စည်းများအား ရသည့်စျေးဖြင့်ပြန်လည်ရောင်းချမှုများရှိခဲ့သည်ဟု သိရသည်။

Photo-ဆက်ပိုင်အောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ထွက်ခွာ

နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်...

၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပြင်းအား ၇.၀ နဲ့ အထက်ရှိတဲ့ ငလျင်ကြီး ၁၁ ကြိမ်လှုပ်ခဲ့

​ထိုင်းနိုင်ငံရဲ့ အမျိုးသားသုတေသနကောင်စီ (NRCT) နဲ့ ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တို့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံနဲ့ ဒေသပေါင်း ၉ ခုမှာ ပြင်းအား ၇.၀ နဲ့ အထက်ရှိတဲ့ ငလျင်ကြီး ၁၁ ကြိမ် လှုပ်ခဲ့ပြီး၊ အများစုကတော့ ပစိဖိတ်စက်ဝန်းဒေသ တလျှောက်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ​ဒီအဖွဲ့အစည်း နှစ်ခုဟာ ဩဂုတ်လ ၁၅ ရက်နေ့အထိ ကမ္ဘာတဝှမ်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးတွေရဲ့ အချက်အလက်တွေကို စုစည်းထုတ်ပြန်ပေးခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေကို လိုအပ်တာထက်...

ကုန်သွယ်ခွန်များဆိုင်းငံ့ပေးရန် ကိုလံဘီယာ ကထရမ့်ပ်ကိုတောင်းဆို

ဩဂုတ်လ ၁၆ ရက် ကိုလံဘီယာနိုင်ငံသမ္မတသစ် အာဘဲလာဒို ဒီ လာ အက်စ်ပရီယယ်လာက ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ၎င်း၏ တောင်အမေရိက နိုင်ငံအပေါ် လက်ရှိ စည်းကြပ်ထားသော ကုန်သွယ်ခွန်များကို ခေတ္တဆိုင်းငံ့ပေးပါရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို စနေနေ့က တောင်းဆိုလိုက်သည်။ ဇူလိုင်လကုန်ပိုင်းတွင် ကော်ဖီနှင့် ရေနံစသည့် ကင်းလွတ်ခွင့် ရရှိထားသော ကုန်ပစ္စည်း အနည်းငယ်မှအပ ကိုလံဘီယာ ကုန်ပစ္စည်းများအပေါ် စည်းကြပ်သည့် အမေရိကန်၏ ကုန်သွယ်ခွန်သည် ၁၀ ရာခိုင်နှုန်းမှ ၁၂.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ “ငလျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071