Monday, August 17, 2026

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊...

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး...

ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု အင်အား...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်ကိုရီးယားနှင့် ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၏ အင်အားနှင့် ပမာဏကို သိသိသာသာလျှော့ချရန် ပင်တဂွန်ကို အမိန့်ပေးထားကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ...

မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ မြို့ ၆...

နေပြည်တော်၊ ဩဂုတ် ၁၇ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊...

မြန်မာ့အမျိုးသမီးဘောလုံးအနာဂတ်အတွက် အမျိုးသမီးဘောလုံးအကယ်ဒမီမှ ကစားသမား ၅၁...

မန္တလေး၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ထားသည့် အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းမှ အမျိုးသမီးကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို အမျိုးသမီးရေးရာဝန်ကြီးဌာနက...
HomeNewsLocal Newsဖြစ်ပွားနေဆဲ လေးကေ့ကော်မြို့သစ်နားက တိုက်ပွဲကြောင့်...

ဖြစ်ပွားနေဆဲ လေးကေ့ကော်မြို့သစ်နားက တိုက်ပွဲကြောင့် စစ်ဘေးရှောင်တွေ ထပ်များလာ

ဖြစ်ပွားနေဆဲ လေးကေ့ကော်မြို့သစ်နားက တိုက်ပွဲကြောင့် စစ်ဘေးရှောင်တွေ ထပ်များလာ

ကရင်ပြည်နယ်၊မြဝတီမြို့နယ်က လေးကေ့ကော်မြို့သစ်နား၊မေတ္တာလင်းမြိုင်နဲ့မယ့်ထော်သလေးတို့နားမှာ ဒီဇင်ဘာ ၁၉ ရက်နေ့လည်ပိုင်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် အဲဒီနေရာသုံးခုက စစ်ဘေးရှောင်တွေ အနီးပတ်ဝင်းကျင်ရွာတွေကိုထပ်မံရွှေ့ ပြောင်းနေကြရတယ်လို့ စစ်ဘေးရှောင်တွေကိုကူ ညီပေးနေသူတွေဆီက သိရပါတယ်။

“ဒီဇင်ဘာ ၁၅ ရက်မှာစဖြစ်တဲ့ တိုက်ပွဲက လေးကေကော်မြို့သစ်မှာပဲဖြစ်တာ အခုဆိုရင် မယ့်ထော်သလေးနဲ့မေတ္တာလင်းမြိုင်ဖက်မှာပါ ထပ်ဖြစ်လာတော့ စစ်ဘေးရှောင်တွေပိုများလာတာပေါ့ စစ်ဘေးရှောင်အရေအတွက်ကတော့ အတိ အကျမသိသေးဘူး “လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ ကိုစောလင်းမောင်ကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုမှာ သေနတ်ပစ်ခတ်မှုတွေရှိသလို ကျောက်လုံကြီး၊ကျောက်ဂူ၊လက်ခတ်တောင်တွေဖက်ကနေ လက် နက်ကြီးတွေနဲ့လည်းပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဒေသခံတွေဟာ ထိခိုက်မှာကိုကြောက်ရွံပြီး အခုလိုနေ အိမ်တွေကနေ စွန့်ခွာထွက်ပြေးရခြင်းဖြစ်တယ်လို့ သိရပါတယ်။

“အခုကိုပဲ စစ်ဘေးရှောင်တွေကိုနေရာချပေးနေရတယ် အလောတကြီးထွက်လာကြရတော့တစ်ချို့ဆိုထမင်းတောင်မစားရသေးဘူးပြောတယ် အ စားအသောက်တွေစီစဥ်ပေးထားတယ် ညဖက်အတွက်သူတို့လိုအပ်တဲ့ စောင်နဲ့အနွေးထည်တွေရအောင်လည်း စီစဥ်နေရတုန်းပဲ”လို့ကိုစောလင်းမောင်ကပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲဟာ နစက ရဲ့တပ်မ တော်စစ်ကြောင်းနဲ့ နယ်ခြားစောင့်တပ် BGF တို့ကပူးပေါင်းပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDO) ၊ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့(PDF)တို့နဲ့ဖြစ်ပွားနေခြင်းဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားမှုဟာ ဒီဇင်ဘာ ၁၉ ရက်ညနေပိုင်းမှာ လေးကေကော်မြို့သစ်တိုက်ပွဲဖြစ်ပွားချိန်က စစ်ဘေးရှောင်တွေရောက်ရှိနေတဲ့ ဖလူးကြီး၊ဖလူးလေးရွာတွေဖက်အထိပါ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲနေတာကြောင့် စစ်ဘေးရှောင်တွေထပ်မံရွှေ့ပြောင်းနေကြရပါတယ်။

ယခင် ရောက်ရှိနေတဲ့စစ်ဘေးရှောင်တွေအပြင် ဖလူးကြီး၊ဖလူးလေးရွာတွေမှာနေထိုင်ကြတဲ့သူတွေပါ စစ်ဘေးရှောင်အနေနဲ့ သောင်ရင်းမြစ်ကမ်းဘေးနဲ့ မြစ်နားကတောထဲမှာ ယာယီတဲတွေထိုးပြီး နေရတယ်လို့ သိရပါတယ်။

“ပြေးသာလာရတယ် ဘာမှမပါလာဘူး အခုရာသီ ဥတုကလည်းအေးလာပြီဆိုတော့ ဒီညကိုဘယ်လိုဖြစ်ရမယ်တောင်မသိတော့ဘူး ကလေးတွေလည်းပါတော့ အတော်ဒုက္ခရောက်တယ် ပြေးလာတဲ့လူတွေကတော့အများကြီးပဲ အစားအသောက်အတွက်ကတော့ဝေမျှစားရတာပေါ့”လို့ စစ်ဘေးရှောင်တစ်ယောက်ကပြောပါတယ်။

အချို့စစ်ဘေးရှောင်တွေကတော့ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲကို သွားနေကြတယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံကိုထပ်မံဝင်ရောက်သွားတဲ့ စစ်ဘေးရှောင်တွေကို ထိုင်းနိုင်ငံကတာဝန်ရှိသူတွေက ကူညီပေးနေတယ်လို့ သိရပါတယ်။

Zaw Gyi

ျဖစ္ပြားေနဆဲ ေလးေက့ေကာ္ၿမိဳ႕သစ္နားက တိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္ေတြ ထပ္မ်ားလာ

ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕နယ္က ေလးေက့ေကာ္ၿမိဳ႕သစ္နား၊ေမတၱာလင္းၿမိဳင္နဲ႔မယ့္ေထာ္သေလးတို႔နားမွာ ဒီဇင္ဘာ ၁၉ ရက္ေန႔လည္ပိုင္းက ျဖစ္ပြားေနတဲ့ တိုက္ပြဲေၾကာင့္ အဲဒီေနရာသုံးခုက စစ္ေဘးေရွာင္ေတြ အနီးပတ္ဝင္းက်င္ရြာေတြကိုထပ္မံေရႊ႕ ေျပာင္းေနၾကရတယ္လို႔ စစ္ေဘးေရွာင္ေတြကိုကူ ညီေပးေနသူေတြဆီက သိရပါတယ္။

“ဒီဇင္ဘာ ၁၅ ရက္မွာစျဖစ္တဲ့ တိုက္ပြဲက ေလးေကေကာ္ၿမိဳ႕သစ္မွာပဲျဖစ္တာ အခုဆိုရင္ မယ့္ေထာ္သေလးနဲ႔ေမတၱာလင္းၿမိဳင္ဖက္မွာပါ ထပ္ျဖစ္လာေတာ့ စစ္ေဘးေရွာင္ေတြပိုမ်ားလာတာေပါ့ စစ္ေဘးေရွာင္အေရအတြက္ကေတာ့ အတိ အက်မသိေသးဘူး “လို႔ စစ္ေဘးေရွာင္ေတြကိုကူညီေပးေနတဲ့ ကိုေစာလင္းေမာင္ကေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားမွုမွာ ေသနတ္ပစ္ခတ္မွုေတြရွိသလို ေက်ာက္လုံႀကီး၊ေက်ာက္ဂူ၊လက္ခတ္ေတာင္ေတြဖက္ကေန လက္ နက္ႀကီးေတြနဲ႔လည္းပစ္ခတ္ေနတယ္လို႔ ေဒသခံေတြဆီကသိရပါတယ္။

လက္နက္ႀကီးေတြနဲ႔ပစ္ခတ္တာေၾကာင့္ ေဒသခံေတြဟာ ထိခိုက္မွာကိုေၾကာက္ရြံၿပီး အခုလိုေန အိမ္ေတြကေန စြန္႔ခြာထြက္ေျပးရျခင္းျဖစ္တယ္လို႔ သိရပါတယ္။

“အခုကိုပဲ စစ္ေဘးေရွာင္ေတြကိုေနရာခ်ေပးေနရတယ္ အေလာတႀကီးထြက္လာၾကရေတာ့တစ္ခ်ိဳ႕ဆိုထမင္းေတာင္မစားရေသးဘူးေျပာတယ္ အ စားအေသာက္ေတြစီစဥ္ေပးထားတယ္ ညဖက္အတြက္သူတို႔လိုအပ္တဲ့ ေစာင္နဲ႔အေႏြးထည္ေတြရေအာင္လည္း စီစဥ္ေနရတုန္းပဲ”လို႔ကိုေစာလင္းေမာင္ကေျပာပါတယ္။

လက္ရွိျဖစ္ပြားေနတဲ့တိုက္ပြဲဟာ နစက ရဲ့တပ္မ ေတာ္စစ္ေၾကာင္းနဲ႔ နယ္ျခားေစာင့္တပ္ BGF တို႔ကပူးေပါင္းၿပီး ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္(KNLA) ၊ ကရင္အမ်ိဳးသားကာကြယ္ ေရးတပ္ဖြဲ႕(KNDO) ၊ ျပည္သူ႔ကာကြယ္ေရးတပ္ ဖြဲ႕(PDF)တို႔နဲ႔ျဖစ္ပြားေနျခင္းျဖစ္တယ္လို႔ စစ္ေဘးေရွာင္ေတြကိုကူညီေပးေနသူေတြဆီက သိရပါတယ္။

တိုက္ပြဲျဖစ္ပြားမွုဟာ ဒီဇင္ဘာ ၁၉ ရက္ညေနပိုင္းမွာ ေလးေကေကာ္ၿမိဳ႕သစ္တိုက္ပြဲျဖစ္ပြားခ်ိန္က စစ္ေဘးေရွာင္ေတြေရာက္ရွိေနတဲ့ ဖလူးႀကီး၊ဖလူးေလးရြာေတြဖက္အထိပါ လက္နက္ႀကီးေတြက်ေရာက္ေပါက္ကြဲေနတာေၾကာင့္ စစ္ေဘးေရွာင္ေတြထပ္မံေရႊ႕ေျပာင္းေနၾကရပါတယ္။

ယခင္ ေရာက္ရွိေနတဲ့စစ္ေဘးေရွာင္ေတြအျပင္ ဖလူးႀကီး၊ဖလူးေလးရြာေတြမွာေနထိုင္ၾကတဲ့သူေတြပါ စစ္ေဘးေရွာင္အေနနဲ႔ ေသာင္ရင္းျမစ္ကမ္းေဘးနဲ႔ ျမစ္နားကေတာထဲမွာ ယာယီတဲေတြထိုးၿပီး ေနရတယ္လို႔ သိရပါတယ္။

“ေျပးသာလာရတယ္ ဘာမွမပါလာဘူး အခုရာသီ ဥတုကလည္းေအးလာၿပီဆိုေတာ့ ဒီညကိုဘယ္လိုျဖစ္ရမယ္ေတာင္မသိေတာ့ဘူး ကေလးေတြလည္းပါေတာ့ အေတာ္ဒုကၡေရာက္တယ္ ေျပးလာတဲ့လူေတြကေတာ့အမ်ားႀကီးပဲ အစားအေသာက္အတြက္ကေတာ့ေဝမၽွစားရတာေပါ့”လို႔ စစ္ေဘးေရွာင္တစ္ေယာက္ကေျပာပါတယ္။

အခ်ိဳ႕စစ္ေဘးေရွာင္ေတြကေတာ့ ေသာင္ရင္းျမစ္ကိုျဖတ္ၿပီး ထိုင္းနိုင္ငံထဲကို သြားေနၾကတယ္လို႔ သိရပါတယ္။ထိုင္းနိုင္ငံကိုထပ္မံဝင္ေရာက္သြားတဲ့ စစ္ေဘးေရွာင္ေတြကို ထိုင္းနိုင္ငံကတာဝန္ရွိသူေတြက ကူညီေပးေနတယ္လို႔ သိရပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071