ဖျာပုံမြစ်ဝတွင် တပ်မထိန်းစနစ်ချို့ယွင်း၍သောင်တင်နေသည့် MV LASHIO ကုန်တင်ရေယာဉ်အား တပ်မတော်(ရေ)၏ အမြန်သွားကင်းလှည့်ရေယာဉ်က ကူညီပေးခဲ့သည်။
MV LASHIO ကုန်တင်ရေယာဉ်သည် ဇူလိုင် ၉ ရက်က ဖျာပုံမြို့မှမြိတ်မြို့သို့ ထွက်ခွာလာစဥ် ဖျာပုံမြစ်ဝအရောက် တပ်မထိန်းစနစ်ချို့ယွင်း၍ သောင်တင်နေကြောင်းသတင်းအရ တပ်မတော်(ရေ)၏ အမြန်သွားကင်းလှည့်ရေယာဥ်မှ ယင်းနေ့ည ၁၁ နာရီ၌ သွားရောက်ကူညီပေးခဲ့ကြသည်။
ကုန်တင်ရေယာဉ်ပေါ်ရှိ ရေလုပ်သားများ၏ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် အခြားလိုအပ်သည်များကိုကူညီပေးခဲ့ကြပြီး ဇူလိုင် ၁၀ ရက်နံနက် ၈ နာရီခန့်တွင် ဖျာပုံမြစ်ဝဒီရေအမြင့်ဆုံးအချိန်၌ MV ချမ်းလတ်လတ် ကုန်တင်ရေယာဉ်ဖြင့် သောင်တင်နေသည့် MV LASHIO ကုန်တင်ရေယာဉ်အား သောင်မှလွတ်မြောက်အောင် ကူညီတွဲဆွဲစေခဲ့ကြသည်။
ထို့နောက် MV ချမ်းလတ်လတ် ကုန်တင်ရေယာဉ်မှ Side Tow ဆွဲ၍ ဖျာပုံမြို့တွင် ပြန်လည်ပြုပြင်နိုင်ရန် တပ်မတော်(ရေ)မှ ကူညီပေးခဲ့ကြကြောင်း သိရသည်။