ဒီဇင်ဘာ ၇ ရက်က ထိုင်းနိုင်ငံ ဖူးခက်ရှိ အနှိပ်ခန်းတစ်ခုကို သွားရောက်အနှိပ်ခံခဲ့သည့် စင်ကာပူအမျိုးသားတစ်ဦး ေ-သဆုံးခဲ့ကြောင်း သိရသည်။
အသက် ၅၂ နှစ်အရွယ် အဆိုပါအမျိုးသားသည် Patong ကမ်းခြေရှိ အနှိပ်ဆိုင်တွင် ၄၅ မိနစ်ကြာ အနှိပ်ခံခဲ့အပြီး မကြာမီပင် ေ-သဆုံးခဲ့သည်ဟု ထိုင်းသတင်းမီဒီယာများက ဖော်ပြခဲ့သည်။
အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ည ၁၁ ခန့်တွင် ရဲတပ်ဖွဲ့ကို အသိပေးအကြောင်းကြားခဲ့သည်ဟု Patong ရဲတပ်ဖွဲ့ အကြီးအကဲ ချာလမ်ချိုင်း ဟန်ဆဝပ်က ပြောဆိုသည်ဟု ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။
သူသည် အနှိပ်ခံနေစဉ်အတွင်း အိပ်မောကျသွားခဲ့ကာ ဟောက်ပင်ဟောက်နေခဲ့သည်ဟု ရဲမှူးကြီး ဟန်ဆဝပ်က ပြောသည်ဟုလည်း ဖူးခက်နူးစ်က ဖော်ပြသည်။ မကြာမီတွင် သူသည် စိတ်အလိုမကျသည့် လက္ခဏာများစတင်ပြသလာပြီးနောက် အနှိပ်ဆိုင်ဝန်ထမ်းများက သူ့ကို သက်သာအောင်လုပ်ဆောင်ပေးခဲ့ကြသော်လည်း သတိပြန်လည်မလာတော့ဟု ရဲမှူးက ဆက်လက်ပြောဆိုခဲ့သည်။
အနှိပ်ခန်းသို့ သူနှင့်အတူပါလာခဲ့သော ဇနီးဖြစ်သူက အလေ-ာင်းကို ရင်ခွဲစစ်ဆေးမှုများအလုပ်မခံဘဲ ဘာသာရေးဆိုင်ရာထုံးတမ်းစဉ်လာများလုပ်ရန် နေအိမ်သို့ ပြန်ပို့ပေးခဲ့သည်ဟုလည်း ၎င်းက ပြောဆိုသည်။
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဥထုံသနီပြည်နယ်ရှိ အနှိပ်ခန်းတစ်ခုတွင် လည်ပင်းအနှိပ်ခံမှုလုပ်ခဲ့သော ထိုင်းအမျိုးသမီးအဆိုတော်တစ်ဦးသည်လည်း ေ-သဆုံးမှုဖြစ်ထားသောကြောင့် ယခုဖြစ်စဉ်သည် ထိုင်းအနှိပ်ခန်းဝင်ပြီးနောက် သီတင်းတစ်ပတ်အတွင်း ဒုတိယမြောက် သေဆုံးမှုဖြစ်သည်။
Ref: သည်ထရိတ်တိုင်းမ်စ်