Tuesday, February 17, 2026

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ...

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက်...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့်...

ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှု ၅ နှစ်အတွင်း...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်အတွင်း သစ်တောဖုံးလွှမ်းမှုမှာ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၂ ဒသမ ၁၀ ရာခိုင်းနှုန်းတိုးတက်လာကြောင်း သယံဇာတ နှင့်...
HomeInternationalဖူကူရှီးမားရေဆိုးမစွန့်ထုတ်ခင် ဖူကူရှီးမားစက်ရုံသို့ဂျပန်ဝန်ကြီးချုပ်သွားမည်

ဖူကူရှီးမားရေဆိုးမစွန့်ထုတ်ခင် ဖူကူရှီးမားစက်ရုံသို့ဂျပန်ဝန်ကြီးချုပ်သွားမည်

တိုကျို၊ဩဂုတ် ၂၀

ဂျပန်နိုင်ငံသည် ပြည်တွင်းပြည်ပက ဆန့်ကျင် နေကြသော်လည်း မကြာမီအချိန်အတွင်း ဆူနာမီဒဏ်သင့်ဖူကူရှီးမားနျူစက်ရုံမှရေဒီယိုသတ္တိကြွရေများကို ပစိဖိတ်သမုဒ္ဒရာအတွင်းစွန့်ထုတ်မည်ဖြစ်သည်ဟုသိရသည်။

မစ္စတာကီရှီဒါသည် အဆိုပါအစီအစဉ်အားအကောင်အထည်မဖော်မီ ဖူကူရှီးမားသို့သွားကာ စွန့်ထုတ်မည့်ရေသည်အဏ္ဏဝါဂေဟစနစ်အားမထိခိုက်နိုင်ကြောင်း အလေးပေး ဖေါ်ပြ ရန်သွားရောက်မည်ဖြစ်သည်ဟုဆိုသည်။

အဆိုပါအစီအစဉ်အား လွန်ခဲ့သည့်နှစ်နှစ်ကတည်းကစတင်ရန်လုပ်ခဲ့သော်လည်း ဂျပန်ငါးဖမ်းလုပ်ငန်းအဖွဲ့အစည်းက အပြင်းအထန်ကန့်ကွက်ခဲ့ပြီး တောင်ကိုရီးယားနှင့်တရုတ်တို့ကလည်း ဆန့်ကျင်ခဲ့ကြကာ နိုင်ငံရေးနှင့်သံတမန်ရေးရာပြဿနာများအထိပါဖြစ်ပေါ်ခဲ့သည်။

ဂျပန်အစိုးရနှင့်စက်ရုံအော်ပရေတာဖြစ်သည့် Tokyo Electric Power Company (TEPCO) ကမူ စက်ရုံဖျက်သိမ်းနိုင်ရန်နှင့်မတော်တဆမှုကြောင့်အများအပြားယိုစိမ့်ခြင်းမှကာကွယ်နိုင်ရန် ရေဆိုးများကိုယခုကဲ့သို့နည်းနည်းခြင်းစွန့်ထုတ်မှသာအဆင်ပြေမည်ဖြစ်သည်ဟုဆိုသည်။

ဂျပန်သည် ယခုအစီအစဉ်အတွက် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီထံမှခွင့်ပြုချက်အား ဇူလိုင်လကရရှိခဲ့ပြီး TEPCO အနေဖြင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ရေဆိုးစွန့်ထုတ်မှုကိုပြုလုပ်ရမည်ဖြစ်သည်။

ဂျပန်၊‌တောင်ကိုရီးယားနှင့်အမေရိကန်တို့သည် တရုတ်နှင့်မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုကိုရင်ဆိုင်ရန် သုံးနိုင်ငံဆက်ဆံရေးကိုမြှင့်တင်နေချိန်ဖြစ်သဖြင့် ဂျပန်၏ယခုအစီအစဉ်အား တောင်ကိုရီးယားသမ္မတယွန်းဆော့ယော်ဦးဆောင်သည့်အစိုးရကထောက်ခံပေးခဲ့သော်လည်း တောင်ကိုရီးယားပြည်တွင်း၌မူ သမ္မတယွန်းဆော့ယော်အပေါ်ဝေဖန်မှုများမြင့်တက်ခဲ့သည်။

ဂျပန်နိုင်ငံရှိဖူကူရှီးမားနျူဓာတ်အားပေးစက်ရုံသည် ၂၀၁၁ ခုနှစ်က ဆူနာမီဒဏ်ကိုအပြင်းအထန်ခံခဲ့ရပြီး စက်ရုံ၏အအေးပေးစနစ်အားထိခိုက်ခဲ့သဖြင့် အဆိုပါစက်ရုံမှရေများအား စည်ပေါင်းထောင်ချီဖြင့်သိမ်းဆည်းထားခဲ့ရာမှ ၂၀၂၄ ခုနှစ်အစောပိုင်းတွင်အများဆုံးထိန်းသိမ်းနိုင်မှုပမာဏသို့ရောက်ရှိမည်ဖြစ်‌သောကြောင့် စွန့်ထုတ်ရန်စီစဉ်ခြင်းဖြစ်သည်ဟုလည်းသိရသည်။

Source : AP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့ ဘုရားလှဘုရားဝင်းမှ (၈၇) နှစ်ရှိ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင် ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိ

မုံရွာမြို့၏ မြို့သမိုင်းဝင် ဘုရားစာရင်းတွင် ပါဝင်သော အလယ်ရပ် ၊ ဘုရားလှစေတီ ဘုရားဝင်းအတွင်းရှိ သက်တမ်း (၈၇) နှစ်ရှိပြီဖြစ်သည့် ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်းစင်ကို ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။ ကြေးခေါင်းလောင်းကြီးနှင့် ခေါင်းလောင်စင်သည် ဘုရားလှစေတီတော်ကြီး၏ တနင်္ဂနွေထောင့် အရှေ့မြောက်ထောင့်တွင်တည်ရှိပြီး ပြီးခဲ့သည့် (၇) ရက်ခန့်ကစပြီး ခေါင်းလောင်းစင်အဆောက်အဦးကို အလှူရှင်တစ်ဦးက ပြန်လည်ပြုပြင်နေပြီး ကြေးခေါင်းလောင်းကြီးကိုလည်း ရောင်တော်ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ခေါင်းလောင်းပေါ်တွင်  "သက္ကရာဇ် ၁၃၀၀ ခု တပို့တွဲလဆုပ် (၁) ရက် (၄.၂.၃၉) စနေနေ့ ၊ မုံရွာမြို့မြို့မင်းကြီး ဦးဘိုးအို...

ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော် သံဃာ့ဒါန ဆွမ်းဆန် စိမ်းလောင်းလှူ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ မင်္ဂလာအခမ်းအနားများကို ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့ကကြီးမှူးကျင်းပခြင်းဖြစ်ကာ သြဝါဒါစရိယဆရာတော်ကြီး(၇)ပါး၊ သာ သနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်(၂)ပါး၊ ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ဆရာတော်(၂)ပါး၊ ဇမ္ဗူသီရိမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ ဂန္ထဝါစ ကစာချဆရာတော်(၂၀)ပါး၊ ဓမ္မာစရိယသုံးကျမ်းပြီး သာသနဓဇဓမ္မာစရိယဘွဲ့ရ(၂၉)ပါး၊ (၂)ကျမ်းအောင် (၂၅)ပါး၊ (၁)ကျမ်းအောင်(၂၂)ပါး၊ ပထမကြီးတန်းအောင်(၁)ပါး၊ ပထမလတ်တန်းအောင်(၁၁)ပါး၊  ပထမငယ်တန်းအောင်(၄)ပါးနှင့် အခြေပြုမူလတန်းအောင် (၁၁)ပါးကြွရောက်တော်မူခဲ့ကြသည်။ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များအား တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဂုဏ်ပြုအလှူတော်ငွေများကို...

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အလုပ်ရုံ(၂၂)ရုံအနက် (၁၉)ရုံကို စမ်းသပ်လည်ပတ်ပြီးဖြစ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ပြန်လည်လည်ပတ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ စက်ရုံ၏ အလုပ်ရုံ(၂၂) ရုံအနက် (၁၉)ရုံကိုစမ်းသပ်လည်ပတ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျန်ရှိသည့် အလုပ်ရုံ(၃)ရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံ (၃)ကို မကြာမှီစမ်းသပ်လည်ပတ်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကာ စက်ရုံရှိ အဓိကအလုပ်ရုံဖြစ်သည့် Romelt နည်းပညာအသုံးပြုသံရည်ကျိုအလုပ်ရုံတွင် တပ်ဆင်ထားသော စက်ပစ္စည်းများကိုလည်း ကျွမ်းကျင်ပညာရှင်များစစ်ဆေးပြီးသည့်အပြင် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံကိုလည်း စက်တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေမှုများအား စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းမှ ဖေဖော်ဝါရီ ၁၆ ရက်က စက်ရုံသို့သွားရောက်ပြီး အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံတွင် စက်များစမ်းသပ်လည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071