Monday, January 20, 2025

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင်...

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း...

ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု...

ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍...

“ဝ” ဒေသမှတစ်ဆင့် ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ...

တရုတ်အစိုးရ၏ ညွှန်ကြားချက်အရဟုဆိုကာ "ဝ" ဒေသမှ ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ လွတ်လွပ်စွာ ဖြတ်သန်းသယ်ယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း UWSA ၏ ဦးစီးချုပ်ရုံးမှ ယနေ့ ဇန်နဝါရီ...
HomeInternationalဖူကူရှီးမားရေဆိုးမစွန့်ထုတ်ခင် ဖူကူရှီးမားစက်ရုံသို့ဂျပန်ဝန်ကြီးချုပ်သွားမည်

ဖူကူရှီးမားရေဆိုးမစွန့်ထုတ်ခင် ဖူကူရှီးမားစက်ရုံသို့ဂျပန်ဝန်ကြီးချုပ်သွားမည်

တိုကျို၊ဩဂုတ် ၂၀

ဂျပန်နိုင်ငံသည် ပြည်တွင်းပြည်ပက ဆန့်ကျင် နေကြသော်လည်း မကြာမီအချိန်အတွင်း ဆူနာမီဒဏ်သင့်ဖူကူရှီးမားနျူစက်ရုံမှရေဒီယိုသတ္တိကြွရေများကို ပစိဖိတ်သမုဒ္ဒရာအတွင်းစွန့်ထုတ်မည်ဖြစ်သည်ဟုသိရသည်။

မစ္စတာကီရှီဒါသည် အဆိုပါအစီအစဉ်အားအကောင်အထည်မဖော်မီ ဖူကူရှီးမားသို့သွားကာ စွန့်ထုတ်မည့်ရေသည်အဏ္ဏဝါဂေဟစနစ်အားမထိခိုက်နိုင်ကြောင်း အလေးပေး ဖေါ်ပြ ရန်သွားရောက်မည်ဖြစ်သည်ဟုဆိုသည်။

အဆိုပါအစီအစဉ်အား လွန်ခဲ့သည့်နှစ်နှစ်ကတည်းကစတင်ရန်လုပ်ခဲ့သော်လည်း ဂျပန်ငါးဖမ်းလုပ်ငန်းအဖွဲ့အစည်းက အပြင်းအထန်ကန့်ကွက်ခဲ့ပြီး တောင်ကိုရီးယားနှင့်တရုတ်တို့ကလည်း ဆန့်ကျင်ခဲ့ကြကာ နိုင်ငံရေးနှင့်သံတမန်ရေးရာပြဿနာများအထိပါဖြစ်ပေါ်ခဲ့သည်။

ဂျပန်အစိုးရနှင့်စက်ရုံအော်ပရေတာဖြစ်သည့် Tokyo Electric Power Company (TEPCO) ကမူ စက်ရုံဖျက်သိမ်းနိုင်ရန်နှင့်မတော်တဆမှုကြောင့်အများအပြားယိုစိမ့်ခြင်းမှကာကွယ်နိုင်ရန် ရေဆိုးများကိုယခုကဲ့သို့နည်းနည်းခြင်းစွန့်ထုတ်မှသာအဆင်ပြေမည်ဖြစ်သည်ဟုဆိုသည်။

ဂျပန်သည် ယခုအစီအစဉ်အတွက် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီထံမှခွင့်ပြုချက်အား ဇူလိုင်လကရရှိခဲ့ပြီး TEPCO အနေဖြင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ရေဆိုးစွန့်ထုတ်မှုကိုပြုလုပ်ရမည်ဖြစ်သည်။

ဂျပန်၊‌တောင်ကိုရီးယားနှင့်အမေရိကန်တို့သည် တရုတ်နှင့်မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုကိုရင်ဆိုင်ရန် သုံးနိုင်ငံဆက်ဆံရေးကိုမြှင့်တင်နေချိန်ဖြစ်သဖြင့် ဂျပန်၏ယခုအစီအစဉ်အား တောင်ကိုရီးယားသမ္မတယွန်းဆော့ယော်ဦးဆောင်သည့်အစိုးရကထောက်ခံပေးခဲ့သော်လည်း တောင်ကိုရီးယားပြည်တွင်း၌မူ သမ္မတယွန်းဆော့ယော်အပေါ်ဝေဖန်မှုများမြင့်တက်ခဲ့သည်။

ဂျပန်နိုင်ငံရှိဖူကူရှီးမားနျူဓာတ်အားပေးစက်ရုံသည် ၂၀၁၁ ခုနှစ်က ဆူနာမီဒဏ်ကိုအပြင်းအထန်ခံခဲ့ရပြီး စက်ရုံ၏အအေးပေးစနစ်အားထိခိုက်ခဲ့သဖြင့် အဆိုပါစက်ရုံမှရေများအား စည်ပေါင်းထောင်ချီဖြင့်သိမ်းဆည်းထားခဲ့ရာမှ ၂၀၂၄ ခုနှစ်အစောပိုင်းတွင်အများဆုံးထိန်းသိမ်းနိုင်မှုပမာဏသို့ရောက်ရှိမည်ဖြစ်‌သောကြောင့် စွန့်ထုတ်ရန်စီစဉ်ခြင်းဖြစ်သည်ဟုလည်းသိရသည်။

Source : AP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများ၏ ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေသူများ၊ ဆွေမျိုးသားချင်းများရှိသည့် ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်နေသူများ၊ မိမိအစဉ်ဖြင့် နေအိမ်ခန်းများငှားရမ်းနေထိုင်သူများ၊ အခြားနည်းဖြင့်နေထိုင်သူများ အကျုံးဝင်ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ယာယီနေရပ်စွန့်ခွာနေသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများကို လျာထားဆောင်ရွက်နိုင်ရေးအတွက် အကျုံးဝင်သူအားလုံးပါဝင်ရန် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများက စာရင်းကောက်ယူကြရန်၊ အကျုံးဝင်သူအားလုံးမှလည်း စာရင်းကောက်ယူရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း မိုးလေဝသတိုင်းထွာချက်များအရ ညအပူ ချိန်များမှာ ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၃) ဒီဂရီဆဲလ်စီးယပ်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂) ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၀.၀ ဒီဂရီဆဲလ်စီးယပ်၊...

ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု (၂) ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ နေ့လယ် (၂)နာရီ (၂၅)မိနစ်အချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက် ပန်းရိုက်လမ်း တွင် မီးလောင်မှုဖြစ်ပွားရာ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ မီးလောင်ကျွမ်းမှုမှာ များသဖြင့် နေ့လယ် (၂)နာရီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071