Monday, December 8, 2025

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌...

သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့...

စိုက်ပျိုးမွေးမြူရေးကို သီအိုရီနှင့် အခြေခံသုတေသနတို့မှ ရရှိထားသည့် အသိပညာများကိုအသုံးချပြီး မွေးမြူတိရိ စ္ဆာန်များ ထုတ်လှုပ်မှုစွမ်းရည်တိုးတက်စေခြင်း၊ နည်းလမ်းသစ်များရရှိရေး ဆောင်ရွက်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ဝါရှင်တန်နှင့် လော့စ်အိန်ဂျယ်လိစ်မြို့တို့တွင် အမေရိကန်ရောက်မြန်မာများ ကြိုတင်မဲပေး

အမေရိကန်ပြည်ထောင်စု၊ အနောက်ဘက်ပိုင်း ဒေသတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကို လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဒီဇင်ဘာ (၆) ရက်နှင့် (၇)...

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့မှ...

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံး ပြုခဲ့၍ သိမ်းဆည်းရမိခဲ့သောပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရန် ဒီဇင်ဘာ ၇ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင်...
HomeArticlesဖီးနစ်အလင်းရောင်ကို ရှာဖွေခြင်း

ဖီးနစ်အလင်းရောင်ကို ရှာဖွေခြင်း

phoneix

နောက်နိုင်ငံကလူသားတွေ ဟာ သာမန်ဖြစ်ပေါ်တွေ့ရှိ နေကြရတဲ့သဘာဝရဲ့ပုံမှန် အကြောင်းတရားတွေကို ဆန့်ကျင်ပြီး ထူးဆန်းတဲ့ အရာတွေဖြစ်ပေါ်တာ၊ ကျရောက်လာတာ စသဖြင့်တွေကို သူတို့ဆီမှာ မကြာခဏ တွေ့ကြရ လေ့ရှိတယ်။ အဲဒီလိုတွေ့ရှိလာရင် လည်း မြေအောက်ဆိုရင် မြေ အောက်ကို သက်စွန့်ဆံဖျားလိုက်ပြီး ကြည့်ရှုကြတယ်။ စူးစမ်းကြတယ်။ သုတေသနပြုကြ၊ မှတ်တမ်းယူကြ လုပ်ကြတယ်။ မြေပေါ်ဆိုလည်း မြေပေါ်အလျောက်၊ အာကာသထဲ ကိုလည်း အာကာသထဲအလျောက် အသက် သေဆုံးနိုင်တာကို ဒုတိယ အချက်မှာထားပြီး စွန့်စားခြင်း၊ လေ့လာခြင်းတွေ လုပ်ကြလေ့ ရှိပါ တယ်။

ဒါတွေဟာ ဒုတိယကမ္ဘာစစ် ကြီးရဲ့ နောက်ပိုင်းသိပ္ပံပညာရဲ့ နေရာ ယူမှုတွေများလာတဲ့ ကြားထဲ ကနေ အဲဒီစိတ်ဝင်စားဖွယ်ရာ သဘာဝလွန် ဖြစ်ရပ်တွေ ပေါ်ပေါက် လာနေကြတာ များလာပါတယ်။

အခုလည်း အမေရိကန် ပြည် ထောင်စုကြီးမှာ ၁၉၉၇ခုနှစ်၊ မတ် လ ၁၃ ရက်နေ့က ထူးဆန်းအံ့သြ ဖွယ်ရာ အမျိုးအမည်မသိနိုင်တဲ့ အလင်း ရောင်တန်းကြီးတစ်ခုပေါ် ပေါက်လာ ခဲ့တာမှာ အမေရိကန်ပြည်ထောင်စု ကြီးအတွင်းက မြင်လိုက်ကြ ရတဲ့ ပြည်နယ်ကြီးတစ်ခုလုံး ရင်သပ် ရှုမော အံ့မခန်းဖြစ်ကာ ရုတ်ရုတ်သဲ သဲ ကြုံကြရပုံအကြောင်းကို ရုပ်ရှင် ဇာတ်ကားတစ်ကား ရိုက်ကူးတင်ပြ ထားတာကို တွေ့ရပါတယ်။ ဖီးနစ် အလင်းရောင်ကို လိုက်လံရှာဖွေရင်း ကမ္ဘာပေါ်ကနေ ပျောက်ဆုံးသွားကြ ရတဲ့ အမျိုးသမီးငယ် သုံးယောက်တို့ ရဲ့ အကြောင်းဆိုပြီး ဒါရိုက်တာ ‘ဂျပ် စတင်ဘာဗား’က ‘တီအက်စ်နောင်း လင်း’ရဲ့ ဇာတ်ညွှန်းကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးငယ် သုံးဦး အဖြစ် သရုပ်ဆောင်ကြတဲ့ မင်းသမီး တွေကတော့ ‘ချယ်လ်စီးလိုပက်’ရယ်၊ ‘ဖလောရင့်ဟာတီဂန်’ရယ်၊ ‘လုစ်ပန် ကာရောဘတ်’ရယ်တို့ပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားသစ်ကို ၂ဝ၁၇ ခုနှစ်၊ မေလထဲမှာ နိုင်ငံတကာရုံ တွေကို စတင်ပြသခွင့်ရခဲ့ပါတယ်။ သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖို ဆိုပြီးတော့ပါ။ ၁၉၉၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ အရီဇိုးနားပြည်နယ်၊ ဖီး နစ်မြို့ရဲ့ ကောင်းကင်ယံမှာ ထူးဆန်း အံ့သြဖွယ် အလင်းရောင်တွေ ကျ ရောက်ထွက်ပေါ်နေခဲ့ပါတယ်။

အဲဒါကို ဖီးနစ်အလင်းရောင် ရယ်လို့ အမည်ပေးခေါ်ဝေါ်ခဲ့ကြပြီး အမေရိကန်နိုင်ငံသမိုင်းမှာ အမျိုး အမည်မသိတဲ့ ယာဉ်ကထုတ်လွှင့်တဲ့ အလင်းရောင်တန်းတွေပါတယ်လို့ အထင်အရှား အသိအမှတ်ပြုကြ တယ်။

ဒါကိုမှတ်တမ်းတင်ချင်တဲ့ စိတ်ရဲ့မျှော်လင့်ချက်နဲ့ သဲကန္တာရ အတွင်းမှာ ရှိတဲ့မြို့တစ်မြို့ထဲကို ဆယ်ကျော်သက် အမျိုးသမီးငယ် သုံးယောက်ထွက်ခွာသွားခဲ့ကြပါ တယ်။ သူတို့သုံးယောက်ဟာ ထွက် ခွာသွားတဲ့နေ့ကစပြီး အမေရိကန် ပြည်သူလူထုကြီး တစ်ရပ်လုံး ဘယ်တော့မှ နောက်တစ်ကြိမ်ပြန် လည်တွေ့ ကြရတယ်ဆိုတာမရှိ တော့ပါဘူး။

ဝင်းကိုမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071