Monday, February 10, 2025

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...

(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeInternationalဖိလစ်ဖိုင်ကို စူပါတိုင်ဖွန်း ဝင်ရောက်တိုက်ခိုက်...

ဖိလစ်ဖိုင်ကို စူပါတိုင်ဖွန်း ဝင်ရောက်တိုက်ခိုက် ခဲ့တာကြောင့် ထောင်နှင့်ချီသောလူများ ဘေးလွတ်ရာရွှေ့ပြောင်း

(Unicode)

ဖိလစ်ဖိုင်ကို စူပါတိုင်ဖွန်း ဝင်ရောက်တိုက်ခိုက် ခဲ့တာကြောင့် ထောင်နှင့်ချီသောလူများ ဘေးလွတ်ရာရွှေ့ပြောင်း

စူပါတိုင်ဖွန်းမုန်တိုင်းဟာ ယနေ့မွန်းလွဲပိုင်းက ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ကျွန်းစုတဝှမ်းမှာ နေရာအနှံ့ ရေကြီးရေလျှံမှုဖြစ်ခဲ့ပါတယ်။

မုန်တိုင်းဟာ ယနေ့နံနက်မှာ လျင်မြန်စွာ ပိုမိုအားကောင်းလာပြီး တိုင်ဖွန်းမုန်တိုင်းမှ စူပါတိုင်ဖွန်းအဖြစ်ကို အဆင့်မြင့်လာခဲ့တာပါ။

လူပေါင်း ၁၉၈,၀၀၀ခန့်ဟာ နေအိမ်တွေကနေ အစိုးရရဲ့ကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းပြီးဖြစ်ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့်စီမံခန့်ခွဲရေးကောင်စီ (NDRRMC)က ပြောခဲ့ပါတယ်။

နိုင်ငံရဲ့နေရာအနှံ့မှာ မိုးသည်းထန်စွာရွာသွန်းမှု တွေရှိခဲ့တာကြောင့် မုန်တိုင်းနဲ့ပတ်သတ်ပြီး ကြိုတင်ပြင်ဆင်မှုတွေကို သီတင်းပတ်အစောပိုင်းကတည်းက စတင်ခဲ့ပါတယ်။

မုန်တိုင်းဟာ နိုင်ငံရဲ့တောင်ပိုင်းနဲ့ အလယ်ပိုင်းတွေကို ဖြတ်သန်းသွားလာနိုင်ချေရှိပြီး နိုင်ငံရဲ့အဓိကကျွန်းတွေထဲကတစ်ခုဖြစ်တဲ့ မင်ဒါနာအို မြောက်ပိုင်းမှာရှိတဲ့ Surigao ပြည်နယ်မှာ အဆိုးဆုံးဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Surigao ပြည်နယ်မှာတော့ ဗုဒ္ဓဟူးနေ့ညနေပိုင်းထိ လူပေါင်း ၂၆၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

အရှေ့ပိုင်း Visayas မှာ လူပေါင်း ၄၅၀၀၀ ကျော်ကို အစိုးရက ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်းခဲ့ရကြောင်း NDRRMC က ပြောပါတယ်။

Samar အပြင်ဘက်က Tacloban မြို့တော်မှာ ရာနဲ့ချီတဲ့လူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုလှုံနေကြရပါတယ်။

“တိုင်ဖွန်းဟာ ၂၀၁၁နဲ့၂၀၁၃တုန်းကတိုင်ဖွန်းလို လမ်းကြောင်းအတိုင်းသွားနေမှာကို ကျွန်တော် တို့စိုးရိမိပါတယ်”လို့ ဖိလစ်ပိုင်က ကက်သလစ်ကယ်ဆယ်ရေးနဲ့လူသားချင်းစာနာမှုအဖွဲ့အစည်း ကပြောပါတယ်။

အကြီးမားဆုံးစိုးရိမ်တာကတော့ ကမ်းရိုးတန်းမြို့နယ်များဖြစ်ပြီး အထူးသဖြင့်အစိုးရရဲ့ကြေညာချက်ကို လက်လှမ်းမမီပဲ ဘေးလွတ်ရာကိုမရွှေ့ပြောင်းနိုင်သေးတဲ့ ဆင်းရဲနွမ်းပါးပြည်သူတွေနေထိုင်ရာ ကမ်းရိုးတန်းကမြို့နယ်များဖြစ်တယ်လို့ ၄င်းက ပြောပါတယ်။

မုန်တိုင်းလမ်းကြောင်းမှာရှိတဲ့ ကျေးရွာထောင် ပေါင်းများစွာဟာ ရေကြီးမှုနဲ့မြေပြိုမှု အန္တရာယ်မြင့်မားနေပြီး တပတ်အတွင်းမိုးသည်းထန်စွာရွာသွန်းထားတာကြောင့် မြေပြိုမှုတွေဖြစ်နိုင် ကြောင်း နိုင်ငံရဲ့သတ္တုတွင်းနဲ့ဘူမိသိပ္ပံဗျူရိုက ဒေသဆိုင်ရာအာဏာပိုင်တွေကို ရွှေ့ပြောင်းနေထိုင်ဖို့ အစီအစဉ်တွေပြင်ဆင်ထားရန် တိုက်တွန်းထားပါတယ်။

သယ်ယူပို့ဆောင်ရေးအာဏာပိုင်တွေက ဖိလစ် ပိုင်နိုင်ငံ အလယ်ပိုင်းနဲ့တောင်ပိုင်းတို့မှာ ပင်လယ်နဲ့ကုန်းကြောင်းခရီးများသွားလာမှုကို တားမြစ်ထားပြီး ဒါဇင်နဲ့ချီတဲ့လေကြောင်းခရီးစဉ် တွေလည်း ဖျက်သိမ်းခဲ့ရပါတယ်။

Source- CNN

(Zawgyi)














Source- CNN

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071