Friday, January 17, 2025

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို...

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ်...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင်...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ မြန် မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေး...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ဇန်နဝါရီ ၁၅ ရက်က...
HomeNewsLocal Newsဖိလစ်ပိုင်နိုင်ငံရှိ  အွန်လိုင်းဂိမ်းလုပ်ငန်းတွင် အတင်းအကျပ်...

ဖိလစ်ပိုင်နိုင်ငံရှိ  အွန်လိုင်းဂိမ်းလုပ်ငန်းတွင် အတင်းအကျပ် စေခိုင်းခံရသည့် မြန်မာနိုင်ငံသား (၆) ဦးအား တတိယအသုတ်အဖြစ် ပြန်လည်ပို့ဆောင်

ဖိလစ်ပိုင်နိုင်ငံတွင် အဓမ္မအလုပ်စေခိုင်းခြင်းခံရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ကာ နေရပ်မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ မြန်မာနိုင်ငံသား (၆) ဦးကို ဇွန်လ (၁၄) ရက်က တတိယအသုတ်အဖြစ် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့၊ ဖိလစ်ပိုင် လူဝင်မှု ကြီးကြပ်ရေးဌာနတို့နှင့် ပူးပေါင်းကာအဓမ္မအလုပ်‌စေခိုင်းခြင်းခံရသည့် မြန်မာနိုင်ငံသား (၄၂) ဦးအား ကယ်တင်ကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးနေခြင်း ဖြစ်သည်။

ယင်းသို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိရာတွင် ပြီးခဲ့သည့် မေလ (၂၇) ရက်က အမျိုးသား (၁၅) ဦးနှင့် အမျိုးသမီး (၅) ဦး စုစုပေါင်း (၂၀) ဦးတို့အား ပထမသုတ်အနေဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။

ထို့အပြင် ဇွန်လ(၂)ရက်ကလည်း မြန်မာနိုင်ငံသား အမျိုး သား(၉) ဦးနှင့် အမျိုးသမီး (၆) ဦးတို့ကို ဒုတိယအကြိမ်အနေဖြင့် ပြန်လည် ပို့ဆောင်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် ဖိလစ်ပိုင်နိုင်ငံ၊ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့ (Mabala cat City) အနီးရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီကြီးတစ်ခုတွင် အတင်းအကျပ် စေခိုင်းခံနေရသူများထဲတွင် ပါဝင်နေသည့် မြန်မာနိုင်ငံသားများဖြစ်ပြီး ဖိလစ်ပိုင်အစိုးရမှ ကူညီကယ်ဆယ်ပေးခဲ့ရသည့် နိုင်ငံခြားသား စုစုပေါင်း (၁၁၃၇) ဦးရှိကြောင်း သိရသ ည်။

လက်ရှိတွင် ပြန်လည်ပို့ဆောင်ပေးရန် ကျန်ရှိနေသည့် မြ န်မာနိုင်ငံသား တစ်ဦးသည် အွန်လိုင်းဂိမ်းကုမ္ပဏီအား တရားစွဲဆိုထားသည့် အမှု၌ အခြားနိုင်ငံခြားသားအချို့နှင့်အတူ သက်သေအဖြစ် တရားရုံးတွင် ထွက်ဆိုနေရပြီး၊ ၎င်းအား တရားရုံးက အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ပြီးမှသာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က ပြန်လည်ပို့ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံသားများအား မနီလာမြို့ရှိ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် မြန်မာသံရုံး၊ စစ်သံရုံးမှ တာဝန်ရှိသူများ၊ ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် International Organization for Migration (IOM) တို့မှ တာဝန်ရှိသူများက မနီလာမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပုံစာ – ဖိလစ်နိုင်ငံတွင် လူကုန်ကူးခံရကာ အဓမ္မအလုပ်စေခိုင်းခံရသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနေစဉ်(ပုံအဟောင်း)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ (၄၅၅) ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေ ယာဉ် (စကု)တို့ ဇန်နဝါရီ (၁၄)ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားခြင်းဖြစ်သည်။ အဆိုပါ ရေယာဉ်တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့တို့ လိုက်ပါလာပြီး...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းပြုလုပ်

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက သိရသည်။ အဆိုပါ ပြစ်ဒဏ်ပေးမှုကို မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ရပ်လမ်းဆုံတွင် ဆိုင်ကယ်ဦးထုပ်မပါဘဲ မောင်းနှင်လာသူများကို တားဆီး၍ ဦးထုပ်မဆောင်းသည့် ပြစ်ဒဏ်အစား ဆိုင်ကယ်စီး ဦးထုတ်အသစ်တစ်လုံးကို ချက်ခြင်းဝယ်ယူဆောင်းခိုင်းစေသည့် ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ " ဦးထုပ်ဆောင်းဖို့ အရင်တည်းက အသိပညာပေးတာမျိုးတွေကို ယာဉ်ထိန်းရဲတွေက လုပ်ပါတယ်။ အဓိကဆိုင်ကယ်မောင်းသူတွေ ဦးထုပ်မဆောင်းရင်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို အသိပညာပေးတာတွေ အခါအားလျှော်ရင် ဆွေးနွေးမှုတွေလုပ်ပါတယ်။ အခုဟာကဗျာ...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန်ဆွေးနွေး

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ ထွေထွေအတွင်းရေးမှူးချုပ်တို့သည် ဇန်နဝါရီ ၉ ရက်ညနေပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ-တရုတ် စင်တာ (ASEAN - China Centre - ACC)၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် တရုတ်-မြန်မာနှစ်နိုင်ငံကြား အကျိုး စီးပွားရရှိစေရေးနှင့် ချစ်ကြည်ရင်းနှီးမှုခိုင်မြဲစေရေး၊ အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ၊ AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍ၊ အပြန်အလှန်ဖလှယ်ရေးကဏ္ဍများတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071