Friday, February 13, 2026

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက်...

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ်...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂...
HomeNewsLocal Newsဖိလစ်ပိုင်နိုင်ငံရှိ  အွန်လိုင်းဂိမ်းလုပ်ငန်းတွင် အတင်းအကျပ်...

ဖိလစ်ပိုင်နိုင်ငံရှိ  အွန်လိုင်းဂိမ်းလုပ်ငန်းတွင် အတင်းအကျပ် စေခိုင်းခံရသည့် မြန်မာနိုင်ငံသား (၆) ဦးအား တတိယအသုတ်အဖြစ် ပြန်လည်ပို့ဆောင်

ဖိလစ်ပိုင်နိုင်ငံတွင် အဓမ္မအလုပ်စေခိုင်းခြင်းခံရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ကာ နေရပ်မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ မြန်မာနိုင်ငံသား (၆) ဦးကို ဇွန်လ (၁၄) ရက်က တတိယအသုတ်အဖြစ် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့၊ ဖိလစ်ပိုင် လူဝင်မှု ကြီးကြပ်ရေးဌာနတို့နှင့် ပူးပေါင်းကာအဓမ္မအလုပ်‌စေခိုင်းခြင်းခံရသည့် မြန်မာနိုင်ငံသား (၄၂) ဦးအား ကယ်တင်ကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးနေခြင်း ဖြစ်သည်။

ယင်းသို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိရာတွင် ပြီးခဲ့သည့် မေလ (၂၇) ရက်က အမျိုးသား (၁၅) ဦးနှင့် အမျိုးသမီး (၅) ဦး စုစုပေါင်း (၂၀) ဦးတို့အား ပထမသုတ်အနေဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။

ထို့အပြင် ဇွန်လ(၂)ရက်ကလည်း မြန်မာနိုင်ငံသား အမျိုး သား(၉) ဦးနှင့် အမျိုးသမီး (၆) ဦးတို့ကို ဒုတိယအကြိမ်အနေဖြင့် ပြန်လည် ပို့ဆောင်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် ဖိလစ်ပိုင်နိုင်ငံ၊ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့ (Mabala cat City) အနီးရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီကြီးတစ်ခုတွင် အတင်းအကျပ် စေခိုင်းခံနေရသူများထဲတွင် ပါဝင်နေသည့် မြန်မာနိုင်ငံသားများဖြစ်ပြီး ဖိလစ်ပိုင်အစိုးရမှ ကူညီကယ်ဆယ်ပေးခဲ့ရသည့် နိုင်ငံခြားသား စုစုပေါင်း (၁၁၃၇) ဦးရှိကြောင်း သိရသ ည်။

လက်ရှိတွင် ပြန်လည်ပို့ဆောင်ပေးရန် ကျန်ရှိနေသည့် မြ န်မာနိုင်ငံသား တစ်ဦးသည် အွန်လိုင်းဂိမ်းကုမ္ပဏီအား တရားစွဲဆိုထားသည့် အမှု၌ အခြားနိုင်ငံခြားသားအချို့နှင့်အတူ သက်သေအဖြစ် တရားရုံးတွင် ထွက်ဆိုနေရပြီး၊ ၎င်းအား တရားရုံးက အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ပြီးမှသာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က ပြန်လည်ပို့ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံသားများအား မနီလာမြို့ရှိ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် မြန်မာသံရုံး၊ စစ်သံရုံးမှ တာဝန်ရှိသူများ၊ ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် International Organization for Migration (IOM) တို့မှ တာဝန်ရှိသူများက မနီလာမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပုံစာ – ဖိလစ်နိုင်ငံတွင် လူကုန်ကူးခံရကာ အဓမ္မအလုပ်စေခိုင်းခံရသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနေစဉ်(ပုံအဟောင်း)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ပထမအပတ်ကဈေးထက် အနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယအပတ် နှင့် တတိယအပတ်တို့တွင် ရောင်းချရမည့် ဈေးသည်လည်း တစ်ပိသာ ကျပ် (၆၁၅၀) ဖြစ်ပြီး ဖေဖေါ်ဝါရီလ ပထမအပတ်မှာလည်း တစ်ပိသာ ကျပ် (၆၁၅၀) ဖြစ်ကြောင်း သိရသည်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်ထုတ်ပြန်မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့်...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက် မြန်မာကောင် စစ်ဝန်ချုပ်ရုံးမှ မြန်မာ့ယဉ်ကျေးမှုပြခန်းအဖြစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်း ကျင်းပြသခဲ့ပြီး တက်ရောက်လာကြသူများကိုလည်း မြန်မာ့လက်ဖက်ရည်ဖြင့်ဧည့်ခံခဲ့သည်။  အဆိုပါ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်တွင် နိုင်ငံတ ကာယဉ်ကျေးမှုပြခန်းများကို ယူနန်ပြည်နယ်နှင့် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများကြား ချစ် ကြည်ရင်းနှီးမှုပိုမိုတိုးမြင့်လာစေရန်နှင့် ပြည်သူများကြား ယဉ်ကျေးမှုဖလှယ်နိုင်မှုကိုမြှင့်တင်နိုင်ရန်ရည် ရွယ်၍ ထည့်သွင်းပြသခဲ့ခြင်းဖြစ်သည်။ 

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ ၁၇ တွင် စတင်လုပ်ဆောင်ပေးမည်

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို ယခုလ ဖေဖော်ဝါရီ (၁၇)ရက်တွင် စတင်ဆောင်ရွက်ပေးသွားမည်ဟုအလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံက ယနေ့တွင် အသိပေးထားသည်။ CI လက်မှတ်လုပ်ဆောင်ရာတွင် ထိုင်းနိုင်ငံအစိုးရကထုတ်ပေးထားသည့် Work Permit ကိုင်ဆောင်ထားသူ မြန်မာရွှေ့ ပြောင်းအလုပ်သမားများအတွက် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်များရရှိစေရေအတွက် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် CI လျှောက်ထားလိုသည့် အလုပ်သမားများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် CI...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071