မီးတောင်တွင်းမှ ဓာတ်ငွေ့များ၊ အပျက်အစီးများနှင့် ကျောက်တုံးများ ထွက်ရှိသွားပြီးနောက် နိုင်ငံ၏ အန္တရာယ်အရှိဆုံး မီးတောင်တစ်ခုဖြစ်သည့် Mayon မီးတောင်၏ ပေါက်ကွဲမှုဆိုင်ရာ သတိပေးချက်အဆင့်ကို ကြာသပတေးနေ့က တိုးမြှင့်လိုက်ပြီး ရွာသားများအား ပေါက်ကွဲမှု အန္တရာယ်ဇုန်မှ ထွက်ခွာကြရန် တိုက်တွန်းလိုက်သည်။
မီးတောင်မှ ဓာတ်ငွေ့ထုတ်လွှတ်မှု၊ ချော်ရည်များ၊ ကျောက်ဆောင်များနှင့် အခြားအန္တရာယ်များကြောင့် Mayon မီးတောင်တောင်ဝမှ ၆ ကီလိုမီတာ (၃.၇ မိုင်) အချင်းဝက်အတွင်း နေထိုင်သော ရွာသူရွာသားများအား ဘေးကင်းရာသို့ ပြောင်းရွှေ့နေထိုင်ရန် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။
“ရုတ်တရက်ပေါက်ကွဲမှုမှ ပြာများသည် လေယာဉ်များကို အန္တရာယ်ဖြစ်စေနိုင်သောကြောင့် မီးတောင်ထိပ်ဝနှင့် နီးကပ်စွာ လေယာဉ်ပျံသန်းခြင်းမပြုရန် အရပ်ဘက်လေကြောင်းအာဏာပိုင်များက လေယာဉ်မှူးများအား အကြံပေးရန်လိုအပ်မည်” ဟု ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဗေဒသိပ္ပံမှ ပြောကြားခဲ့သည်။