Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeArticlesဖားပြုတ်၊ပုတ်သင် +

ဖားပြုတ်၊ပုတ်သင် +

စာရေးဆရာမဂျူးနဲ့ ချစ်ဦးညို၊ ထင်လင်းဦးတို့နဲ့အတူ အမေရိကန် ပြည်ထောင်စုကို ရောက်လာခဲ့တယ်။ စာပေဟောပြော ကြတယ်။ နယူးယောက်မြို့မှာ ခရစ် ယာန်ဝတ် ကျောင်းခန်းလုံးပြည့် တက်ရောက်အားပေးကြတဲ့ပြင် နယူး ယောက် မြန်မာမိသားစုဟာ ခန်းမ အပေါက်ဝရှိ ခုံတန်းလေးပေါ်မှာ ရောင်းတဲ့ စာအုပ်ကလေးတွေကို လည်း ဝယ်ယူအားပေးကြတယ်။ စာရေးဆရာ သုံးဦးရဲ့ စာအုပ် ကလေးတွေပါ။ ကျွန်တော်ကတော့ လက်ဆောင်ရ လိုက်တယ်။ ပေးလို့ သာယူလိုက်ရတယ်။ မတောင်းရက် ပါဘူး။ ဒါပေမဲ့ နယူးယောက်မြန်မာ စာကြည့်တိုက် အတွက်တော့ အလှူခံ လိုက်ပါသေး။ ရေးဆရာမဂျူးနဲ့ ချစ်ဦးညို၊ ထင်လင်းဦးတို့နဲ့အတူ အမေရိကန် ပြည်ထောင်စုကို ရောက်လာခဲ့တယ်။ စာပေဟောပြော ကြတယ်။ နယူးယောက်မြို့မှာ ခရစ် ယာန်ဝတ် ကျောင်းခန်းလုံးပြည့် တက်ရောက်အားပေးကြတဲ့ပြင် နယူး ယောက် မြန်မာမိသားစုဟာ ခန်းမ အပေါက်ဝရှိ ခုံတန်းလေးပေါ်မှာ ရောင်းတဲ့ စာအုပ်ကလေးတွေကို လည်း ဝယ်ယူအားပေးကြတယ်။ စာရေးဆရာ သုံးဦးရဲ့ စာအုပ် ကလေးတွေပါ။ ကျွန်တော်ကတော့ လက်ဆောင်ရ လိုက်တယ်။ ပေးလို့ သာယူလိုက်ရတယ်။ မတောင်းရက် ပါဘူး။ ဒါပေမဲ့ နယူးယောက်မြန်မာ စာကြည့်တိုက် အတွက်တော့ အလှူခံ လိုက်ပါသေး။  သူတို့ရေးကြ၊ ပေးကြတဲ့ စာ အုပ်ပါအကြောင်းအရာတွေဟာ ကိုယ်မရေးနိုင်၊ မရေးတတ်တဲ့ အကြောင်းအရာတွေဖြစ်လို့ အငမ်း မရ ဖတ်ဖြစ်ပါတယ်။ နောက်လူ တွေဟာ ကိုယ့်ထက်တော်ကြလို့ အားတက်ဝမ်းသာ မုဒိတာပွားမိပါ တယ်။

သူတို့စာအုပ်ပါ အကြောင်း အရာအားလုံးဟာ အရေးကြီးပါ တယ်။ ကျွန်တော်အထူးစိတ်ဝင်စား မိတာက ဗမာပြည်အဖို့ အကြောင်း အရာသစ်လိုဖြစ်နေပြီး ဗမာတိုင်း အထူးသိအပ်တဲ့ အကြောင်းအရာ ဖြစ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးဘာသာရပ်ဖြစ်ပါ တယ်။ ဒီဘာသာရပ်ကို ကျူပ်တို့ နှမငယ် ဂျူးကအထူးအားထုတ် လေ့လာရေးသားထားပါတယ်။  ခုအခိုက်အတန့်မှာ ဂျူးရဲ့ စာအုပ်အကြောင်းကို အသေးစိတ် မကြေညာလိုသေးပါ။ ဂျူးရဲ့ စာအုပ် ကိုဖတ်ပြီး အမှတ်မထင် သတိရမိတဲ့ ရန်ကုန်မြို့တော်လူနေမှုဘဝထဲက အစိတ်အပိုင်းကလေးတစ်ခုအကြောင်း ကို ရေးချင်တာပါ။ နာမည်ကြီးလှတဲ့ ‘ကြံတော’ဆိုတာ မရှိတော့ပါ။ ဦးဖိုး ကျား၊ ဗိုလ်အောင်ကျော်၊ ဂျာနယ် ကျော်ဦးချစ်မောင်၊ ဝန်ကြီးချုပ်ဦးနု၊ ဆရာဇော်ဂျီ၊ ကောလိပ်ဂျင်နေဝင်း၊ ဝင်းဦး … အစရှိတဲ့ သမိုင်းဝင်၊ ပုဂ္ဂိုလ်ကျော်တို့ရဲ့ ရုပ်ြ<ွကင်းခန္ဓာများ မြှပ်နှံသဂြိုဟ်ရာ ကြံတောသုသာန်ကို တောင် သင်္ချိုင်းကစ မနာလို၊ မရှုစိတ် တတ်သူ ဗိုလ်နေဝင်းက ဖျောက်ဖျက် ခဲ့ပါပြီ။ အဲဒီအနီး ကျွန်တော့်အိမ် အဖျက်ခံရတဲ့ ဝဂ္ဂီရပ်ကွက် မူလလက် ဟောင်းလည်း ဗိုလ်ခင်ညွှန့်ဖျက်လို့ ပျက်ခဲ့ပြီ။ အမှန်က အဲဒီနေရာ၊ ရပ် ကွက်တွေအကြောင်း ရေးမှာမဟုတ် ပါ။ စပ်မိသွားလို့။ အဲ .. အဲဒီပတ် ဝန်းကျင်မှာ ကျောင်းမနေနိုင်ကြတဲ့ ကလေကချေ လေလွင့်ကလေးတွေ ဆိုပါစို့။ သူတို့အကြောင်း ရေးချင် တာပါ။  ကျွန်တော်က ဝဂ္ဂီကနေ ကြံ တောသုသာန်ကို ဖြတ်ပြီး ဦးရွှေမှန် ဈေးကို သွားတယ်။ စမ်းချောင်း အထက-၁ကို စာသင်သွားတယ်။

ဒီလိုနေ့စဉ်လောက် ဖြတ်သွားနေရ တဲ့ လမ်းတစ်လျှောက်မှာ ဒီကလေး တွေကို နေ့စဉ်လိုတွေ့ရတယ်။ ရပ် ကွက်ထဲက ထွက်ထွက်ခြင်း သုသာန် ကစ၊ သင်္ချိုင်းဝမှာ တရားမဝင် အမှိုက် ပုံကြီးတစ်ပုံတွေ့ရပါမယ်။ အမှိုက်ပုံ ကြီးမှာ ခွေးလေခွေးလွင့်များနဲ့အတူ လူလေလူလွင့် ကလေးတွေလည်း တွေ့ရတတ်ပါတယ်။ သူတို့မှာ လွယ် အိတ်စုတ်ကလေးတွေ ကိုယ်စီလွယ် ထားကြပြီး လက်ထဲမှာ တုတ်ချောင်း လေးတွေ ပါတယ်။ တုတ်ချောင်းလေး တွေနဲ့ အမှိုက်တွေထဲကို ထိုးဆွပြီး ပလပ်စတစ်အိတ်စတဲ့ လိုရာပစ္စည်း ရှာဖွေ လှန်လှောကောက်ယူကြတယ်။ ပြီးရင် သစ်ပင်ကြီးတွေရှိတဲ့ ကြံ တောထဲကို ဝင်တယ်။ တွေ့ကရာ အကောင်ပလောင်လေးတွေကို လေး ခွနဲ့ပစ်ကြပါတယ်။  သူတို့ပစ်လေ့ရှိတာက ခြုံပေါ်နဲ့ သစ်ပင်ပေါ်မှာရှိတဲ့ စာကလေးတွေ၊ ဇရက်ကလေးတွေ  ဖြစ်မယ်ထင်ပေ မယ့် မဟုတ်ပါ။

တွေ့ကရာ အကောင် ပလောင်လေးတွေကို ပစ်တာပါ။ စာ ကလေးတွေရရင် သစ်ပင်အောက်၊ သင်္ချိုင်းမြေမှာပဲ အမှိုက်ခြောက်တွေ စုပုံမီးရှို့ပြီး (စာကလေးတွေကို) ဖုတ်စားသတဲ့။ စာကလေးတွေကို လောက်လေးနဲ့ ပစ်တာတော့ ဖုတ် စားလို့ရလို့ဆိုတာ ထားလိုက်ပါတော့။ ပုတ်သင်၊ တက်တူ၊ ဖားပြုပ်ကလေး တွေကို ဘာဖြစ်လို့ ပစ်ရသလဲ။ နားမလည်နိုင်ပါ။ ဟဲ့ကလေးတွေ ပုတ်သင်တို့၊ ဖားပြုပ်တို့ကို မင်းတို့ ဖုတ်စားဖို့ ပစ်တာလားဆိုတော့ သွားကျိုးပါးကျိုးနဲ့ အပြစ်ကင်းတဲ့ မျက်နှာလေးနဲ့ ကလေးတွေက ရယ်ကြတယ်။ “မစားရပါဘူး ဆရာ ကြီး”တဲ့။ သူတို့က ကျွန်တော့်ကို ကျောင်းဆရာမှန်းတော့ သိနေကြပုံ ရတယ်။ ဒါဖြင့်ဘာလို့ ပစ်ရတာလဲ ဆိုတော့ “လက်တည့်စမ်းတာ”တဲ့။ ကလေးတို့ရယ် လက်တည့်စမ်း ချင်ရင် နို့ဆီခွက်ကို တိုင်ထိပ်မှောက် ပြီး ပစ်ပါလား။ သစ်ပင်ပေါ်က သရက်သီးတို့၊ မရမ်းသီးတို့ ပစ်ပါ လား။ အကောင်လေးတွေက သက်ရှိ ဆိုတော့ သနားစရာကွယ်။ မင်းတို့ လဲ ငရဲကြီးတတ်တယ်။ နောက်ကို မပစ်နဲ့နော်လို့ပြောပြီး ကလေး ၃-၄ ယောက်ကို မုန့်ဖိုးတစ်ကျပ်စီပေးလိုက် ပါတယ်။ ကလေးတွေက ‘ဟုတ်ကဲ့ ခင်ဗျ’ လို့ပြောပြီး သူတို့လည်းသူတို့ ခရီးဆက်။

ကျွန်တော်လည်း ကျွန်တော့်ခရီးကို ဆက်ခဲ့ပါတယ်။ နောင်အခါ ကျွန်တော့်ရှေ့တော့ မပစ်ကြပါဘူး။ ဒါပေမဲ့လမ်းပေါ်မှာ  ပုတ်သင်သေ၊ ဖားပြုပ်အသေတို့က တော့ မကြာခဏ တွေ့ရမြဲပါပဲ။  ဒီလိုကလေးတွေက စမ်းချောင်း၊ ဝဂ္ဂီ၊ ကြံတော၊ နာနတ်တော စတဲ့နေ ရာမျိုးတွေမှာသာ တွေ့ရတတ်တာ မဟုတ်ပါဘူး။ လူတိုင်း သတိပြုမိကြ မှာပါ။ မြို့ပြရဲ့ ဆင်းရဲသားရပ်ကွက် တိုင်းမှာ တွေ့ရတတ်သလို၊ ကျေးရွာ တွေမှာလည်း တွေ့ရတတ်ပါတယ်။ ကျေးရွာတွေမှာတော့ သစ်ပင်တွေ ပေါ်မှာ သစ်သီးဝလံလေးတွေ ရှိ ချိန်ဆိုရင် သရက်သီးတို့၊ မရမ်းသီး တို့ကို လက်တည့်စမ်းကြပါတယ်။ ပုတ်သင်တို့၊ သစ်ခေါင်းထဲက တောက်တဲ့တို့၊ မြွေပါးကင်းပါးတို့ တွေ့ရင်တော့ မနေပါဘူး။ သူတို့ ပြောသလို “လက်တည့်စမ်း”ကြတာ ပါပဲ။ ဒီလိုနဲ့သေကြ၊ ကျေကြတဲ့ အကောင်ပလောင်လေးတွေ၊ နည်း မှာမဟုတ်ပါဘူး။ ဂျူးတို့လို ပတ်ဝန်း ကျင်ထိန်းသိမ်းရေးမျက်စိ ရှိသူများ အဖို့တော့ ရင်လေးကြမှာ ပေါ့လို့ တွေးမိပါတယ်။  ရန်ကုန်ကို ၂ဝ၁၅-ခုနှစ်၊ နိုဝင် ဘာလထဲမှာ တစ်ခေါက်ပြန်ရောက် တော့ ကြံတောကြီးမရှိတော့လို့ လွမ်းမိလိုက်ပါသေးတယ်။ “သင်္ချိုင်း ကပြောတဲ့သမိုင်း”အရ ကြံတောက ပြောတဲ့ သမိုင်းစတဲ့စာအုပ်တွေ၊ ဆောင်းပါးစာတမ်းတွေ ရေးဖူးကြ တဲ့ ဆရာသမားများကိုလည်း လွမ်း မိပါရဲ့။

ခဏတဖြုတ် ရောက်ခဲ့လို့ လားမသိ။ လေးခွသမားလေးများ ကို မတွေ့မိခဲ့ပါ။ ဒါပေမဲ့ ကိုယ်ရောက်ရှိ နေထိုင်တဲ့ အမေရိကန်တိုင်းပြည်နဲ့ အမှတ်မထင် နှိုင်းယှဉ်ကြည့်မိပါ တယ်။ အမှိုက်သရိုက်တွေနဲ့ ညစ်ပတ် ရာမှာ ဗိုလ်စွဲတဲ့ နယူးယောက်နဲ့ ရန်ကုန်ဟာ မတိမ်းမယိမ်းလို့ ပြောရ လောက်အောင်တော့ မဟုတ်သေး ဘူး။ ကျွန်တော်တို့ရန်ကုန်ကသာ မြဲပါပဲ။ နယူးယောက်မှာ လေးခွ မမြင်ဖူးခဲ့ပါ။ သတိမထားမိတာလား၊ မသိပါ။ ကျောင်းတွေမှာတော့ ခြောက်လုံးပြူးတို့၊ ပစ္စတိုတို့ ယူ လာတတ်ကြတယ်လို့ သတင်းစာ တွေမှာ ဖတ်ရ ဖူးရဲ့။ နယူးယောက် က ကလေးတွေဟာ လမ်းဘေး အသီးအနှံ၊ ပန်းပွင့်၊ ပန်းခိုင်တွေ ကို လုံးဝမခူးဆွတ်ကြပါ။ သူတို့အိမ် ထဲမှာြ>ွပတ်ခဲနေတဲ့ စပျစ်သီးတွေ၊ ပန်းသီးတွေကိုလည်း လုံးဝခူးမစား ကြပါ။ လူကြီးတွေကလည်း မခူး မဆွတ်ကြပါ။ ကျွန်တော်တို့ မှာတော့ အလွန် လက်ယားပါတယ်။ ပန်းတွေ နဲ့ အသီးအနှံတွေဟာ ခြံထဲကထွက်ပြီး လမ်းပေါ်မှာ သီးပွင့်နေကြတာ ဘယ် သူမှ မခူးဆွတ်ကြပါ။ (ကျွန်တော် ကတော့ မနေနိုင်လို့ စပယ်၊ ကြက် ရုန်းပွင့်လေးတွေကို ခူးဖူးပါရဲ့။)

ဒီလိုဆိုတော့ နိုင်ငံကြီးသား တွေကို အံ့သြရတယ်။ မြို့ပြင်က စပျစ်ခြံ၊ ပန်းသီးခြံ၊ စတော်ဘယ်ရီ သီးခင်းများမှာလည်း အကာအရံ အစောင့်အရှောက်မရှိ။ ခူးဆွတ်မယ့် သူမရှိ။ ခူးလို့ဆွတ်လို့လည်း အရာ မယွင်းပါ။ သူတို့ယဉ်ကျေးမှုကို အံ့သြ ချီးကျူးရင်းက အလန့်တကြား နှိုင်း ယှဉ်မိလိုက်ကာ တစ်ခုတော့ တွေ့ပါ ရဲ့။ သူတို့က လေးခွမကိုင်၊ သေနတ် ကိုလူတိုင်း ကိုင်ခွင့်ရှိပါတယ်။ လက် တည့်စမ်းရင် ပုတ်သင်တို့၊ စာ       ကလေးတို့ကို မစမ်းပါ။ လူကို လက်တည့်စမ်းတာပါခင်ဗျ။  ကဲ သူများနိုင်ငံကိစ္စထားပါ တော့။ ကိုယ့်နိုင်ငံမှာ မစားမသောက် ရတဲ့ လက်တည့်စမ်းပြီး လေးခွနဲ့ နေ့စဉ်ပစ်သတ်နေကြတဲ့ ပုတ်သင် လေးတွေ၊ ဖားပြုပ်လေးတွေကိစ္စ ဘယ်လိုစဉ်းစားကြမလဲ။ ဒီထက် အရေးကြီးတဲ့ လူမှုကိစ္စတွေပြည့်လို့ ဆိုပြီး ပုတ်ချလိုက်ကြမှာပါ။ ထားပါ တော့ မဂျူးရေ။ လမ်းဘေးမှာ လေးခွနဲ့ ကလေးတွေတွေ့ရင် မုန့်ဖိုး လေးတွေ ပေးလိုက်ပါနော်။  ဒါပါပဲ။ သင့် ….အဝေးက ဘဘစွမ်း။

 မောင်စွမ်းရည်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071