(Unicode)
ဖားကန့်မြို့နယ် မြေစာပုံပြတ်ကျမှုမှ ပြုတ်ကျပျောက်ဆုံးသူများအနက် ရုပ်အလောင်းလေးလောင်းကိုယနေ့အထိ ရှာဖွေတွေ့ရှိထား
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊သာယာကုန်းရွာရှိ စိန်စိန်လုပ် ကွက်၌ ဒီဇင်ဘာ ၂၂ ရက်နံနက် ၄ နာရီခန့်က ဖြစ် ပွားခဲ့သည့် မြေစာပြတ်ကျမှုဖြစ်စဥ်မှာ ရေကန်ထဲသို့ပြုတ်ကျပျောက်ဆုံးသွားခဲ့သည့် ရေမဆေးကျောက်ရှာဖွေသူများအနက် ယနေ့ညနေပိုင်းအ ထိ အမျိုးသားရုပ်အလောင်း လေးလောင်းကို ရှာ ဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်ဖြစ်ပွားသည့်အချိန်ကစ၍ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ ယင်းနေ့နံနက် ၁၀ နာရီ ၅၅ မိနစ်၌ အမျိုးသားရုပ်အ လောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဒီဇင်ဘာ ၂၃ ရက်၌လည်း ဆက်လက်လုပ်ဆောင်ခဲ့ရာ နံ နက် ၉ နာရီ ၅ မိနစ်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်နှင့် နေ့လည် ၁ နာရီ ၅၂ မိနစ်တို့တွင် အမျိုးသားရုပ်အလောင်း သုံးလောင်းအားထပ်မံရှာဖွေတွေ့ရှိခဲ့ရသည်။
“ဖြစ်စဥ်ဖြစ်တာကို သတင်းရတဲ့အချိန်ကစပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုပ်ခဲ့တာပါ နောက်ရက်တွေလည်းထပ်ပြီးကယ်ဆယ်ရေးတွေလုပ်သွားမှာပါ မြေစာပုံကအမြင့်ပေ ၂၀၀ နီးပါးလောက်ရှိတယ်”ဟုမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာ နချုပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ရေကန်အတွင်းပြုတ်ကျပျောက်ဆုံးနေသူများအား ဖားကန့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံးခင်းနယ်မြေမီးသတ်တပ်ဖွဲ့ဝင်များ၊ လုံးခင်းကျေး ရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီကယ် ဆယ်ရေးအသင်းများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo-MFSD
(Zawgyi)
ဖားကန္႔ၿမိဳ႕နယ္ ေျမစာပုံျပတ္က်မႈမွ ျပဳတ္က်ေပ်ာက္ဆုံးသူမ်ားအနက္ ႐ုပ္အေလာင္းေလးေလာင္းကိုယေန႔အထိ ရွာေဖြေတြ႕ရွိထား
ကခ်င္ျပည္နယ္၊မိုးညႇင္းခ႐ိုင္၊ဖားကန္႔ၿမိဳ႕နယ္၊လုံးခင္းေက်း႐ြာအုပ္စု၊သာယာကုန္း႐ြာရွိ စိန္စိန္လုပ္ ကြက္၌ ဒီဇင္ဘာ ၂၂ ရက္နံနက္ ၄ နာရီခန္႔က ျဖစ္ ပြားခဲ့သည့္ ေျမစာျပတ္က်မႈျဖစ္စဥ္မွာ ေရကန္ထဲသို႔ျပဳတ္က်ေပ်ာက္ဆုံးသြားခဲ့သည့္ ေရမေဆးေက်ာက္ရွာေဖြသူမ်ားအနက္ ယေန႔ညေနပိုင္းအ ထိ အမ်ိဳးသား႐ုပ္အေလာင္း ေလးေလာင္းကို ရွာ ေဖြေတြ႕ရွိထားၿပီးျဖစ္ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ သိရသည္။
ျဖစ္စဥ္ျဖစ္ပြားသည့္အခ်ိန္ကစ၍ ရွာေဖြကယ္ ဆယ္ေရးလုပ္ငန္းမ်ားအား ေဆာင္႐ြက္ခဲ့ရာ ယင္းေန႔နံနက္ ၁၀ နာရီ ၅၅ မိနစ္၌ အမ်ိဳးသား႐ုပ္အ ေလာင္းတစ္ေလာင္းအား ရွာေဖြေတြ႕ရွိခဲ့သည္။
ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားအား ဒီဇင္ဘာ ၂၃ ရက္၌လည္း ဆက္လက္လုပ္ေဆာင္ခဲ့ရာ နံ နက္ ၉ နာရီ ၅ မိနစ္၊ နံနက္ ၁၀ နာရီ ၄၅ မိနစ္ႏွင့္ ေန႔လည္ ၁ နာရီ ၅၂ မိနစ္တို႔တြင္ အမ်ိဳးသား႐ုပ္အေလာင္း သုံးေလာင္းအားထပ္မံရွာေဖြေတြ႕ရွိခဲ့ရသည္။
“ျဖစ္စဥ္ျဖစ္တာကို သတင္းရတဲ့အခ်ိန္ကစၿပီး ကယ္ဆယ္ေရးလုပ္ငန္းေတြကိုလုပ္ခဲ့တာပါ ေနာက္ရက္ေတြလည္းထပ္ၿပီးကယ္ဆယ္ေရးေတြလုပ္သြားမွာပါ ေျမစာပုံကအျမင့္ေပ ၂၀၀ နီးပါးေလာက္ရွိတယ္”ဟုျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာ နခ်ဳပ္မွတာဝန္ရွိသူတစ္ဦးကေျပာသည္။
ေရကန္အတြင္းျပဳတ္က်ေပ်ာက္ဆုံးေနသူမ်ားအား ဖားကန႔္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ လုံးခင္းနယ္ေျမမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ လုံးခင္းေက်း ႐ြာအရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္လူမႈကူညီကယ္ ဆယ္ေရးအသင္းမ်ားက ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားအား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
Photo-MFSD




