ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ကချင်ပြည်နယ် ဖားကန့်ရှိ ပေ၂၀၀ ကျော် နက်သည့် ရေကန်အတွင်း ပြုတ်ကျသွားသည့် ပါကျဲရိုးကားပေါ်ပါ မိသားစုသုံးဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အ လောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ရေကန်အတွင်း ပြုတ်ကျမှုဖြစ်စဉ်သည် (၈) လခန့်ကြာမြင့်ခဲ့ပြီဖြစ်ကာ ယနေ့နံနက်ပိုင်းတွင် ရုပ်အလောင်း ပြန်လည်ပေါ်လာသောကြောင့် ဒေသတွင်း ပရဟိတအဖွဲ့က သွားရောက်ဆယ်ယူခဲ့ရကြောင်း ဆိုသည်။
“အမျိုးသမီးရုပ်အလောင်းပါ။ တော်တော်ရုပ်ပျက်နေပါပြီ။ ဒေသခံပရဟိတအဖွဲ့တွေဆယ်ယူသွားတယ်။ အမျိုးသားရုပ်အလောင်းနဲ့ ကလေးအလောင်းကိုတော့ သူတို့ထပ်ရှာမယ်လို့လည်း သိရတယ်” ဟု ဆိုသည်။
ယင်းဖြစ်စဉ်သည် ၂၀၂၂ ခုနှစ် ဇွန်လ (၉) ရက်နေ့ နံနက် (၉) နာရီကျော်အချိန့်က ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်၊ အေးမြသာယာရပ်ကွက် မှော်မောင်းလျှံအနီးရေကန်ထဲသို့ ကလေးငယ် (၁) ဦး အပါအဝင် မိသားစုဝင် (၃) ဦး လိုက်ပါသော ပါဂျဲရိုးအိမ်စီးကားတစ်စီး ရေကန်ထဲ ပြုတ်ကျ နစ်မြုပ်သွားခဲ့ပြီး ကားပေါ် လိုက်ပါသူ အားလုံးပျောက်ဆုံးနေသည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။
အဆိုပါ ကားပြုတ်ကျခဲ့သည့် ရေကန်သည် အနက် ပေ ၂၀၀ ကျော်နက်သည့် ကျောက်စိမ်းလုပ်ကွက်ဟောင်း တစ်ခုဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များကဆိုသည်။

