ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၌ ယခု မေလ (၂၂)ရက်၌ ရှင်သာမဏေအပါး(၁,၀၀၀)ရှင်ပြုမင်္ဂလာပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှင်ပြုပွဲမှာ မှော်စီစာဆရာတော်အား အမှူးထား၍ အလှူ့ဒါယကာ အလှူ့ဒါယိကာမများက စုပေါင်းပြုလုပ်ခြင်းဖြစ်ပြီး၊ အသက် (၁၂)အရွယ် မှစ၍ ရှင်မပြုရသေးသော မည်သူမဆိုလာရောက် စာရင်းပေးနိုင်ကြောင်း သိရသည်။
ရှင်ပြုလိုသူကလေးများအတွက် အုပ် ထိန်းသူမိဘများက မေလ(၁၄)ရက်နောက်ဆုံးထား၍ ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာဘုန်းတော်ကြီးကျောင်းများ၊ ဘုရားဂေါပကများ၊ လူမှု့ရေးအသင်းအဖွဲ့များဆီသို့ နာမည် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
“မောင်ရှင်လောင်းနဲ့ မိဘများတွေဆီက မည်သည့်အရာမှ စိုက်ထုတ်စရာ မလိုအပ်ပါဘူး။ အလှူတော်မင်္ဂလကုသိုလ်ပြုတဲ့ အလှူ့ဒါယိကာ အလှူ့ဒါယိကာမ တွေကဘဲ အားလုံးတာဝန်ယူ ကုသိုလ်ပြုသွားမှာပါ”ဟု မှော်ရှန်ဘုန်းကြီးကျောင်းရှိ အရှင်ပဏ္ဍိတ(ဆိုင်းတောင်)က ပြော သည်။
ထို့အပြင် ရှင်သာမဏေအပါး(၁,၀၀၀) အလှူမင်္ဂလာပွဲ ကျင်းပသည့်နေ့၌ပင်မှော်စီစာသီရိရတနာစိမ်း ဓမ္မရိပ်သာကျောင်းတိုက်တွင် တည်ထားကိုးကွယ်ထားသော ကျောက်စိမ်းနဂါးရုံဘုရား ၊. ကျွန်းနတ်ဘုရား ၊ ကျောက်စိမ်း ကျိုက်ထီးရိုးဘုရား အစရှိသည့် ရုပ်ပွါးဆင်း တုတော်၊ စေတီတော်များအား ရေစက်သွန်းချအလှူတော်ကိုလာ်း တစ်ဆက်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။



