Elettrica ဟု အမည်ပေးထားသော လျှပ်စစ်ကားကို လာမယ့်နှစ်တွင်စတင် ရောင်းချရန် စီစဉ်ထား ကြောင်း အီတလီနိုင်ငံ မြောက်ပိုင်းရှိ ဖရာရီ၏ ရုံးချုပ်က ပြောကြားလိုက်သည်။
Elettrica တွင် မော်တာလေးလုံးပါရှိပြီး မြင်းကောင်ရေ 1,000 အားရှိကြောင်း ကုမ္ပဏီက ရှင်းပြသည်။
ဖရာရီက ၂၀၂၆ မှ ၂၀၃၀ ခုနှစ်အတွင်း တစ်နှစ်လျှင် မိုဒယ်အသစ် လေးမျိုး ထုတ်ဝေသွားမည်ဟုဆိုသည်။
Ferrari Elettrica သည် နည်းပညာ၊ တီထွင်ဖန်တီးနိုင်မှုနှင့် ထုတ်လုပ်မှုလက်ရာများကို ပေါင်းစည်းထားကြောင်း ဖရာရီဥက္ကဋ္ဌ ဂျွန်အယ်လ်ကန် က ပြောသည်။)
ဖရာရီ က ထုတ်လုပ်လိုက်သော ငါးယောက်စီးကားမှာ မြေပြင်ပေါ်ဝပ်နေပြီး လူထိုင်သည့် ထိုင်ခုံသည်လည်း အနိမ့်ဆုံးအနေအထားဖြစ်ကာအမြန်နှုန်း ကို တနာရီလျှင် ကီလိုမီတာ ၃၁၀ အထိ မောင်းနှင်နိိုင်သည်။ ကားကို စက်နှိုးပြီး တာစထွက်သည် နှင့် ၂ ဒဿမ ၅ စက္ကန့်အတွင်း တစ်နာရီလျှင် ၁၀၀ ကီလိုမီတာနှန်းသို့ ရောက်ရှိ သဖြင့် တာထွက် အရမ်းမြန်သည်။
ကားမှာ ဘက်ထရီကို အားအပြည့်သွင်းထားပါက ၅၃၀ ကီလိုမီတာအထိ ရောက်အောင်မောင်းနိုင်သဖြင့် စံ တက်စ်လာ မိုဒယ် ဝိုင် နှင့် ယှဉ်နိင်သည်ဟု ဆိုပါသည်။ ကားတန်ဖိုး စျေးနှုန်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
Ref:Bangkok post
