ဇူလိုင် ၂ရက်က စပြီး ညောင်ရွှေအကျဉ်းထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းဆရာ ဦးစိုးလွင်လွင်ဟာ သြဂုတ်၂၃ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
သြဂုတ်လ၂၂ရက်က အမောဖောက်ပြီး စပ်စံထွန်းဆေးရုံကို တင်ခဲ့ရာမှတဆင့် ကိုဗစ်ကူးစက်ခံထားရတာကို ဆရာဝန်တွေက စစ်ဆေးတွေ့ရှိခဲ့တာပါ။ နဂိုနှလုံးရောဂါအခံလည်းရှိ ကိုဗစ်လည်း ကူးစက်ခံရတာကြောင့် သြဂုတ်၂၃ရက်မှာ ဆုံးပါးသွားတာလို့ အကျဉ်းဦးစီးဌာနက အတည်ပြုပါတယ်။
ဆရာဦးစိုးလွင်လွင်ဟာ မူလတန်းပြ၊ အလက သိမ်ကုန်း တောင်ကြီးမြို့နယ် သိမ်ကုန်း အလကကျောင်းမှာ မူလတန်းပြဆရာ အဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်ပြီး ကွ ယ်လွန်ချိန် အသက် ၂၆နှစ်ပဲရှိပါသေးတယ်။
ဆရာဦးစိုးလွင်လွင် ကိုဗစ်ကူးစက်ခံရပြီးနောက် ညောင်ရွှေ အကျဉ်းထောင်က ဆရာဦးစိုးလွင်လွင် နဲ့ ထိတွေ့သူတွေကို စစ်ဆေးရာ ကိုဗစ်ပိုးတွေ့သူ ၁၅ဦးရှိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီး ထိန်းသိမ်းခံရရာမှတဆင့် ကိုဗစ်ဖြင့် ကွယ်လွန်သွားသူ အရေအတွက်မှာ ၁၄ဦးရှိသွားပြီး ကူးစက်ခံရသူက ၆၀၀ကျော် ရှိခဲ့ တယ်လို့ သိရပါတယ်။