အကျဉ်းထောင် အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်၊ ပဲခူးမြိုနယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးညွန့်ရွှေ သည် ယနေ့ဩဂုတ်လ ၁၆ရက် နံနက်(၅း၄၅)အချိန်တွင် ကိုဗစ်ဖြင့် ကွယ်လွန် သွားတယ်လို့ NLD အသိုင်းအဝိုင်းကပြောဆိုပါတယ်။
ဦးညွှန့်ရွှေဟာ ဖေဖော်ဝါရီလကတည်းက ပဲခူးမြို ကျိုက်ဇကော်အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပြီး ဇူလိုင်နောက်ဆုံးပါတ် ကတည်းက ကိုဗစ်ကြောင့် ဆေးရုံတက်ကုသနေရတာလို့သိရပါတယ်။
အသက် ၇၅နှစ်ရှိပြီ ဖြစ်တဲ့ ဦးညွန့်ရွှေဟာ သွေးတိုး၊ဆီးချိုရောဂါအခံလည်းရှိတယ်လို့ NLD အသိုင်းအဝိုင်းကပြောဆိုပါတယ်။
အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရရင်း ကနေတဆင့် ကိုဗစ်ကူးပြီး ဆုံးပါးသွားတာတွေ ဆက်တိုက်ရှိလာနေတာက အကျဉ်းထောင် အတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို မေးခွန်းထုတ်ရမလို ဖြစ်လာနေတယ်လို့ မှတ်ချက်ပြုသူတွေလည်း ရှိလာနေပါ တယ်။
အကျဉ်းထောင်ထဲ ဖမ်းဆီးထိန်းသိမ်း ခံထားရရင်း ကိုဗစ်ကူးစက်လို့ ထောင်ဆေးရုံနဲ့ ပြင်ပဆေးရုံတွေဆီ တက်ကုသနေရသူတွေ ရှိနေတယ်လို့ သိရပါတယ်။