ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တိုင်းပြည်နယ်လွှတ်တော်ဥက္ကဌများထဲမှ ပဲခူးတိုင်းလွှတ်တော်ဥက္ကဌကို ပြန်လွတ်ပေး
ရန်ကုန်၊အောက်တိုဘာ ၁၉ ရက်

ဖမ်းဆီးထိန်းသိမ်းထားသည့် တိုင်း၊ပြည်နယ်လွှတ်တော်ဥက္ကဌများထဲမှ ဖမ်းဆီးခံထားရသည့် ပဲခူးတိုင်းလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်သည် ယမန်နေ့က ပြန်လွတ်လာခဲ့သည်။
ဦးခင်မောင်ရင်သည် ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ဖမ်းဆီးထိန်သိမ်းခံခဲ့ရသူဖြစ်ကာ သာယာဝတီအကျဉ်းထောင်တွင် အဖမ်းခံထားရသူဖြစ်သည်။
ဖမ်းဆီးထိန်းသိမ်းခံရပြီး ၉ လအကြာ လွတ်ငြိမ်းဖြင့် ပြန်လွတ်လာခြင်းဖြစ်သည်။
ဖမ်းဆီးခံထားရသည့် ပြန်မလွတ်လာသေးသည့် အခြားသော တိုင်း၊ပြည်နယ်လွှတ်တော်ဥက္ကဌ၊ဒုတိယဥက္ကဌအချို့လည်း ရှိနေသေးသည်။

