အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိ “ဝင်းဝင်းနို့ဆီ”ကျောင်းတိုက်နှင့် ရွှေဘိုမြို့၊ မြတောင်ရပ်ကွက်ရှိ မဟာဝိသုတာရာမ ဗုဒ္ဓဂယာကျောင်းတိုက်တို့အားတည်ထောင်တော်မူထားသည့် ဆရာတော်ဒေါက်တာဝိသုတနှင့် ကိုရင်ကြီး(၁)ပါး၊ အမျိုးသမီး(၁) ဦးတို့အား နိုဝင်ဘာ ၅ ရက်က လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ မှဖမ်းဆီးခဲ့ကြကြောင်း ဆရာတော်ကြီးနှင့် နီးစပ်သူများထံမှ သိရသည်။
ထိုသို့ ဖမ်းဆီးသွားခဲ့ပြီးနောက် လက်ရှိအချိန်ထိ ပြန် လည်လွှတ်ပေးခြင်းမရှိ၍ ဆရာတော်ကြီးပြန်လည်လွတ်မြောက်စေရေးအတွက် မနက်ဖြန် နိုဝင်ဘာ ၁၆ ရက်နံနက် ၆ နာရီတွင် ဆရာတော်၊ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များက ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်ရှိ အောင်မြေနေရာ၌ ဆုတောင်းမေတ္တာပို့သမှုများပြုလုပ်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆရာတော်ကြီးပြန်လည်လွတ်မြောက်ရေးအ တွက် ဆရာတော်၊ သံဃာတော်များမှ ဖမ်းဆီးခေါ်ဆောင်သွားသည့်အဖွဲ့မှ ပုဂ္ဂိုလ်များအားတောင်းပန်ခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်ထံ ဥပဒေနှင့်အညီ တရားဝင်လူပျောက်တိုင်ချက်ဖွင့်ခြင်းတို့ကိုလည်းပြုလုပ်ထားကြောင်း သိရသည်။
” ဆရာတော်ကြီးက အိန္ဒိယနိုင်ငံမှာသာသနာပြုပြီး နိုင် ငံရေးအရောင်အဆင်းကင်းပြီး သာသနာ့စိတ်ဓာတ်အ ပြည့်ရှိတဲ့ ကြည်ညိုထိုက်တဲ့ ရဟန်းတော်တစ်ပါးဖြစ်တာကြောင့်ဆောင်ရွက်ကြခြင်းဖြစ်ပါတယ်”ဟု ဆရာ တော်ကြီးပြန်လည်လွတ်မြောက်ရေးအတွက်ဆောင် ရွက်တော်မူနေသော တောင်ပုလဆရာတော်က မိန့်ကြားထားသည်။
လက်ရှိအချိန်၌ ဖမ်းဆီးခံထားရသည်မှာ ယနေ့ နိုဝင် ဘာ ၁၅ ရက်တွင် ၁၀ ရက်ပြည့်ပြီဖြစ်သော်လည်း ဆ ရာတော်ကြီး၏သတင်းနှင့်ပတ်သက်၍ မည်သည့်သ တင်းအချက်အလက်မှသိရှိရခြင်းမရှိသေးကြောင်း ဆရာတော်ကြီးနှင့် နီးစပ်သူများထံမှ သိရသည်။
