ဖနွမ်းပင်၊ ဇွန် ၁၆
ကမ္ဘောဒီးယားအာဏာပိုင်များသည် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို နှိမ်နင်းရေး စစ်ဆင်ရေးတစ်ရပ်အဖြစ် ဖနွမ်းပင်မြို့ရှိ ကွန်ဒိုအဆောက်အအုံတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ ဗီယက်နမ်နိုင်ငံသား ၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးကို ကမ္ဘောဒီးယားအစိုးရ၏ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး အမိန့်ညွှန်ကြားချက်အမှတ် (၃) အရ ၇ မက္ကရာခရိုင် အုပ်ချုပ်ရေးမှူး သန်း ဆိုသိုလ်၏ ဦးဆောင်မှုဖြင့် ဇွန်လ ၁၆ ရက်က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဗေးလ်ဗွန်ရပ်ကွက်ရှိ အဆောက်အအုံတစ်ခုအား ဝင်ရောက်စစ်ဆေးရာတွင် သံသယရှိသူ ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့သည့်အပြင် မိုဘိုင်းဖုန်း ၈ လုံးနှင့် ကွန်ပျူတာ ၃ လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
စုံစမ်းစစ်ဆေးမှုများအရ သံသယရှိသူများသည် အထောက်အထားများ ဖျောက်ဖျက်နိုင်ရန် ဖုန်းများနှင့် ကွန်ပျူတာများကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများကို ဆက်လက်စစ်ဆေးလျက်ရှိပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Ref: Khmer Times
