“အချစ်ရေးကို စိတ်ဝင်စားကြတယ်ဆိုတာကလည်း မိန်းမလျာတစ် ယောက်ရဲ့ အချစ်ရေးမို့လို့ ထင်ပါတယ်။ သာမန်ယောက်ျားလေး မဟုတ်သလို မိန်းမလည်း မဟုတ် ဘူးလေ။ သုကကျတော့ အချစ်ရေးနဲ့ပတ်သက်လိှု့Sensitive ရှိတယ်။ အေးအေးချမ်းချမ်း မိသားစုဘဝလေး ကို လိုချင်တာလေ။ အခုရထားတဲ့အချစ်ကတော့ တအား အေးချမ်းတယ်။ ဒါကြောင့်မို့ သာယာပြီး လှနေတာ (ရယ်လျက်)”လို့ မိတ်ကပ်ညီညီမောင် (စမ်းချောင်း)က သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်လို့ ပြောပြပါတယ်။
သူက ဖနပြွန်သန္ဓေနည်းအနေနဲ့ ကလေးယူဖို့ စီစဉ်နေတာ ၃ဝ ရာခိုင်နှုန်းလောက် အဆင်ပြေနေပြီ လို့ သိရပါတယ်။ ကလေးကိုတော့ ရရင်ယူသွား မှာဖြစ်ပြီး ၇ဝ ရာခိုင်နှုန်းဆို ရင်တော့ ရဖို့သေချာသလောက်ရှိ မှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“သုက မိသားစု ဘဝလေးကိုလို ချင်တယ်။ အမှန် အတိုင်းပြောရရင် ကိုယ်တွေက မိန်းမလျာဖြစ်နေလို့လေ။ မိန်းမလည်း ယူလို့မရ ယောက်ျားလည်းယူလို့မရ ဘဝကြီးတွေလေ။ တကယ်တမ်းပြောရရင် ကိုယ်နဲ့ သက်တူရွယ်တူ သူငယ်ချင်းတွေဆိုရင် ဒီအချိန်မှာ ကလေး ၃၊ ၄ ယောက်နဲ့ သွားနေလာနေတာပေါ့လေ။ ကိုယ်လည်း အမှန်အတိုင်းပြောရရင် လိုချင်တယ်။ ဒါ ကြောင့်လည်း ကလေးယူဖို့ စဉ်းစား လိုက်တာပါ။ သုက ကလေးတော့ ချစ်တတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ် ကတည်းကလည်း အဖေက တစ်နှစ်နဲ့ ကိုးလမှာ ကွယ်လွန်သွားပြီးတော့ အမေ မုဆိုးမနဲ့ပဲ နေလာခဲ့ရတယ်။ ပြီးတော့ တစ်ဦးတည်းသောလည်း ဖြစ်တော့ မိသားစု သိုက်သိုက်ဝန်းဝန်း ဘဝ လေးကို တအားလိုချင်တယ်။ ရရင်တော့ မိန်းကလေး လိုချင် တယ်” လို့ ဖနပြွန် သန္ဓေသား ယူဖြစ် ပုံနဲ့ပတ်သက်လို့ ညီညီ မောင် (စမ်းချောင်း)က ပြောပါ တယ်။ သူက ရုပ်ရှင်ကားကြီး မှာ ပါဝင်ရိုက်ကူးဖို့လည်း လက် ခံထားပါသေးတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာတော့ မိတ်ကပ် ခင်စန်းဝင်း၊ မိတ်ကပ်လင်း လင်းတို့နဲ့အတူ ပါဝင်ရိုက် ကူး သွားမှာ ဖြစ်ပါတယ်။
“ရုပ်ရှင်ကတော့ မိန်းမလျာတွေရဲ့ မေတ္တာ တရားကိုပြတဲ့ ဇာတ် လမ်းလေးမို့လို့ ရိုက်ကူး ဖြစ်တာပါ။ ပြီးတော့ဘဝမှာ အမှတ်တရအနေနဲ့ ရုပ်ရှင် ရိုက်ဖူးတယ် ဆိုတာမျိုးဖြစ် အောင်ရိုက်ကူးတာပါ။ နောက် ထပ်တော့ မရိုက်ကူးဖြစ် လောက်တော့ဘူး။ ဒီဇာတ် ကားတစ်ကားပါပဲ။ ဝါသနာ ကတော့ ပါတယ်။ ဒါပေမဲ့ တအားကြီးလည်း မလုပ်နိုင်ဘူး။ ကိုယ်က မိတ်ကပ် ဆရာတစ် ယောက်ဆိုတော့ စနေ၊ တနင်္ဂနွေမှာ အလုပ်တွေ ရှိတယ်။ ဒါပေမဲ့ ရှုတင်က စနေ၊ တနင်္ဂနွေမှာ ရှိတယ်ဆိုလည်း အများနဲ့ အလုပ် လုပ်ရတာဖြစ်တဲ့ အတွက် ခေါ်ပြီဆိုရင် သွားရမှာပဲ လေ။ အဆင်မပြေ လောက်ဘူးထင်တယ် ရေရှည်ဆို ရင်လေ။ ဒီတစ်ကားတောင်မှ တအား ဝါသနာ ပါတာရယ် ကိုယ့်ဘဝမှာ မှတ်တိုင်လေး တစ်ခုဖြစ် ချင်လို့ လုပ် ဖြစ်တာပါ”လို့ ညီညီမောင် (စမ်းချောင်း)က ပြောပါတယ်။
လင်းအက္ခရာ
ဓာတ်ပုံ-အောင်ဇော်မင်း