ပွင့်ဖြူမြို့က အကောက်ခွန်ရုံးမိုင်းနဲ့ဖောက်ခွဲခံရ
မကွေးတိုင်း၊ပွင့်ဖြူမြို့က ပြည်တွင်းအခွန်များဦးစီးဌာန အကောက်ခွန်ရုံးကို ယနေ့မနက် ၅ နာရီခန့်လောက်မှာ မိုင်းတစ်လုံးနဲ့ဖောက်ခွဲခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့ကရုံးပိတ်ရက်လည်းဖြစ်သလို မနက်အစောပိုင်းလည်းဖြစ်တော့ လူသွားလူလာနည်းတဲ့အချိန်မှာပေါက်ကွဲတာဆိုတော့ တော်သေးတယ်ပြောရမယ် အသံကတော့အကျယ်ကြီးပဲ”ဟုအကောက် ခွန်ရုံးအနီးနေသူဒေသခံတစ်ဦးကပြောသည်။
မိုင်းပေါက်ကွဲခဲ့ခြင်းကြောင့် အကောက်ခွန်ရုံးအ ဆောက်အဦး၏ သွပ်အမိုးများလန်ခြင်း၊တံခါးနှင့်ပြတင်းတံခါးများပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
အခင်းဖြစ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိ၍ ဖြစ်စဥ်နေရာအနီးရှိလမ်းမများ၊လူနေရပ်ကွက်လမ်းများ၊ရပ်ကွက်အတွင်းနှင့်မြို့ဝင်၊ထွက်တို့၌ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
Zaw Gyi
ပြင့္ျဖဴၿမိဳ႕က အေကာက္ခြန္႐ုံးမိုင္းနဲ႔ေဖာက္ခြဲခံရ
မေကြးတိုင္း၊ပြင့္ျဖဴၿမိဳ႕က ျပည္တြင္းအခြန္မ်ားဦးစီးဌာန အေကာက္ခြန္႐ုံးကို ယေန႔မနက္ ၅ နာရီခန္႔ေလာက္မွာ မိုင္းတစ္လုံးနဲ႔ေဖာက္ခြဲခံခဲ့ရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
“ဒီေန႔က႐ုံးပိတ္ရက္လည္းျဖစ္သလို မနက္အေစာပိုင္းလည္းျဖစ္ေတာ့ လူသြားလူလာနည္းတဲ့အခ်ိန္မွာေပါက္ကြဲတာဆိုေတာ့ ေတာ္ေသးတယ္ေျပာရမယ္ အသံကေတာ့အက်ယ္ႀကီးပဲ”ဟုအေကာက္ ခြန္႐ုံးအနီးေနသူေဒသခံတစ္ဦးကေျပာသည္။
မိုင္းေပါက္ကြဲခဲ့ျခင္းေၾကာင့္ အေကာက္ခြန္႐ုံးအ ေဆာက္အဦး၏ သြပ္အမိုးမ်ားလန္ျခင္း၊တံခါးႏွင့္ျပတင္းတံခါးမ်ားပ်က္စီးျခင္းတို႔ျဖစ္ေပၚခဲ့သည္။
အခင္းျဖစ္ေနရာအား လုံျခဳံေရးအဖြဲ႕ဝင္မ်ားေရာက္ရွိ၍ ျဖစ္စဥ္ေနရာအနီးရွိလမ္းမမ်ား၊လူေနရပ္ကြက္လမ္းမ်ား၊ရပ္ကြက္အတြင္းႏွင့္ၿမိဳ႕ဝင္၊ထြက္တို႔၌ စစ္ေဆးမွုမ်ားျပဳလုပ္ခဲ့ၾကသည္။