လတ်တလော တွင်ရုပ်ရှင်ကားကောင်းများ အပြိုင်ရုံတင်ပြနေရာ ရုံများသို့လူဝင်များလျှက်ရှိသည်။ ပရိတ်သတ်က သမားရိုးကျမှ ဖောက်ထွက်သည့် ဇာတ်ကားများကို နှစ်သက်သလို ၄င်းတို့ အားပေးသည့် သရုပ်ဆောင်များပါဝင်သည့်ကားများကိုလည်း အားပေး မပျက်ကြပေ။ မြန်မာကားများတွင် သိပ္ပံနယ်ပယ်ကားများပေါ်ထွန်းလာရေးကိုလည်း မျှော်လင့်ကြသည်။ ရာသက်ပန် ငါ့ကောင်မလေး ဇာတ်ကားတွင်လူမောင် ဆေး-၁ ရေးသည့်”ရည်းစားဦး” ဇာတ်၀င်တေးကို အေးချမ်းမောင် နှင့် နော်ဖောအယ်ထား တို့ ကိုယ်တိုင် သီဆိုထားသည်။ အမျိုးသားနေ့ ရုံးပိတ်ရက်၊ရာသက်ပန် ငါ့ကောင်မလေး ရုပ်ရှင်ဇာတ်ကားပထမရက်တွင် ရုံပြည့်ရုံလျှံ အားပေးကြည့်ရှုနေကြသူများထံ ဇာတ်ကားထဲမှအနုပညာရှင်များက လာရောက် တွေ့ဆုံနှုတ်ဆက်ခဲ့သေးသည်။
