Monday, December 8, 2025

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး...

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ...

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...
HomeMusicပွဲမိန့် တောင်းခံမှုမှာ အရင်အတိုင်း...

ပွဲမိန့် တောင်းခံမှုမှာ အရင်အတိုင်း ခက်ခဲမှုတွေ ရှိနေကြောင်း ပွဲစီစဉ်သူဦး ကြည်ဝင်းပြောကြား

u-kyi-win

မြန်မာပြည်တွင်း ဖျော်ဖြေပွဲများ ပြုလုပ်ရန်အတွက် သက်ဆိုင်ရာကိုပွဲမိန့်များ တောင်းခံတဲ့အခါမှာ အရင် ခေတ် ကာလက အတိုင်းပဲ ခက်ခဲမှုတွေ ရှိနေသေးကြောင်း ပွဲ စီစဉ်သူအလွှာမှ ဒုတိယဥက္ကဋ္ဌ ဦးကြည်ဝင်းက ပြောပါတယ်။

“အရင်နည်းအတိုင်း ထူးမခြားနားပါပဲ။ ငွေကုန်ကြေး ကျတွေ အခုအချိန်အထိ ရှိနေတုန်းပဲ။ ပွဲလမ်း သဘင်ကျင်းပ ဖို့က ပွဲမိန့်မရှိရင် ကျွန်တော်တို့ ပွဲစီစဉ်ဖို့လည်း မလုပ်ဘူး။ နိုင်ငံတော်ကိုလည်း မဆန့်ကျင်ဘူး။ ပွဲမိန့်ကိုသမားစဉ်အတိုင်း ကျွန်တော်တို့လျှောက်တယ်။ အဲဒီမှာ ငွေရေးကြေးရေး ကိစ္စတွေ အပေးအယူတွေပေးမှကမ်းမှ လုပ်တာတွေက အခုအချိန်အထိ ရှိတုန်းပဲ” လို့ ပွဲမိန့်တောင်းခံမှုမှာ ခက်ခဲ နေရတဲ့ အကြောင်းကို ဦးကြည်ဝင်းကပြောပါတယ်။

တိုင်းပြည်စည်ကားတိုးတက်လာတာနဲ့အမျှ အနု ပညာလုပ်ငန်းတွေ ဖျော်ဖြေရေးတွေ အားကောင်းလာမှာ ဖြစ်တဲ့အတွက် လွယ်လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ ဖျော်ဖြေရေးကိစ္စတွေ အောင်အောင်မြင်မြင် ဖြစ်မယ် ဆိုရင် ပွဲလမ်းသဘင်တွေ ပိုမိုများပြားလာမှာ ဖြစ် ကြောင်း သူက ထပ်ပြောပါတယ်။

“ဂီတဆိုရင်လည်း ဂီတပွဲမိန့်လွယ်ကူအောင် မြန်မာ နိုင်ငံဂီတအစည်းအရုံးမှာ တာဝန်ရှိတယ်လို့ ယူဆ တယ်။ သဘင်နဲ့ပတ်သက်တဲ့ ဇာတ်ပွဲတွေ ကပြမယ် ဆိုရင်လည်း ပွဲမိန့်ကိစ္စတွေ လွယ်ကူလျှင်မြန်လာ အောင် သဘင်ပညာရှင်များအစည်းအရုံးကနေပြီး တော့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို နှိုးဆော်တိုက် တွန်းမှုတွေရှိရင် ပွဲမိန့်တွေ လွယ်ကူ လျှင်မြန်လာမယ် လို့ ထင်ပါတယ် “လို့ ပွဲမိန့်ကိစ္စတွေ ပိုမိုမြန်ဆန်စေဖို့ နဲ့ ပတ်သက်လို့ နှစ်ပေါင်း သုံးဆယ်ကျော် ပွဲစီစဉ်ခဲ့တဲ့ ဦး ကြည်ဝင်းက ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071