ဖုန်းပြုတ်ကျခြင်းကို ပြန်ကောက်ရာမှ ဒိုင်နိုဆောရုပ်တုပ်ကြီးအတွင်းဝယ်ပိတ်မိကာ လူတစ်ယောက်သေဆုံးမှု စပိန်နိုင်ငံ ဘာစီလိုနာမြို့စွန် ရှိ ဆန်တာကိုလိုမာ ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည်။
ဆန်တာကိုလိုမာရပ်ကွက်တွင်ရှိသော ဒိုင်နိုဆောရုပ်တုကြီးနားမှ အပုပ်နံ့ရရှိကြောင်း ယင်းဘေးမှဖြတ်သွားမိသည့် သားအဖနှစ်ဦးက ရဲတပ်ဖွဲ့သို့ အကြောင်းကြားရာတွင် ရဲတပ်ဖွဲ့မှ အဆိုပါအရုပ်ကြီးအား စစ်ဆေးရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာတွင် လူပျောက် အဖြစ်တိုင်ကြားထားသော အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိရခြင်းဖြစ်သည်။
“ဒိုင်နိုဆောရုပ်တုကြီးရဲ့အတွင်း ခြေထောက်ပိုင်းနေရာမှာ စောက်ထိုးကြီး ညပ်ပြီး ပိတ်မိနေတဲ့ ရုပ်အလောင်းကို ကျွန်တော်တို့ တွေ့ရှိတာပါ။ ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ အနေအထားမျိုးမရှိပါဘူး။ မတော်တဆသေဆုံးမှုတစ်ခုပါ။ ရုပ်တုကြီးရဲ့ ခြေထောက်ပိုင်း မှာညပ်မိနေပြီး သေတာပါ။ သူ့ဖုန်းပြုတ်ကျသွားတာကို ပြန်ကောက်ရင်း ခုလိုဖြစ်တာလို့ ယူဆပါတယ်။ သူဟာ ရုပ်တုကြီးရဲ့ ခေါင်းကနေ အထဲကိုဝင်ပြီး ပြန်မထွက်နိုင်တော့ပဲ အထဲမှာ ပိတ်မိပြီးသေရတာပါ”ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။
Ref: Missing man’s body recovered inside dinosaur statue, may have gotten stuck retrieving cell phone