မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် TOTALENERGIES BWF WORLD CHAMPIONSHIPS 2023 တွင် (၁၆) ဦးအဆင့်သို့တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။
သက်ထားသူဇာသည် ယနေ့ ဩဂုတ်လ ၂၃ ရက် နေ့လယ် ၂ နာရီခန့်က (၃၂) ဦးအဆင့်တွင် ကမ္ဘာ့အဆင့် (၁၄) ရှိ ကနေဒါနိုင်ငံသူ Michelle Li နှင့်ယှဉ်ပြိုင်ခဲ့ရာ ပွဲစပြီး မကြာခင်မှာပင် ကနေဒါကြက်တောင်မယ်မှာ ဒဏ်ရာရရှိသွားခဲ့သည်။
အဆိုပါဒဏ်ရာကြောင့် ကနေဒါကြက်တောင်မယ်သည် ပြိုင်ပွဲမှ နှုတ်ထွက်သွားသည့်အတွက် သက်ထားသူဇာမှာ (၁၆) ဦးအဆင့်သို့တက်ရောက်သွားခဲ့သည်။
သက်ထားသူဇာသည် (၁၆) ဦးအဆင့်တွင် ကမ္ဘာ့အဆင့် (၃၇) ရှိ အမေရိကန်ကြက်တောင်မယ် Iris Wang သို့မဟုတ် ကမ္ဘာ့အဆင့် (၆) ရှိ စပိန်ကြက်တောင်မယ် Carolina MARIN နှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။