မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ပဒိုင်းခြုံကျေးရွာအနီးရှိ Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှ မန်နေဂျာဦးမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms.GU ZHEN ZHEN တို့အား PDF အဖွဲ့ဝင်များက ဇန်န ဝါရီ ၂၆ ရက်နံနက်ပိုင်း၇ နာရီ ၄၅ မိနစ်ခန့်က ရောက်ရှိပြီးဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။
စက်ရုံလုံခြုံရေးဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်ရိုက်နှက်ကာ စက်ရုံအတွင်းဝင်ရောက်ပြီး မန်နေဂျာဦးမျိုးဇင်ဝင်းနှင့်တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms.GU ZHEN ZHEN တို့အားဖမ်းဆီးခေါ်ဆောင်၍ Laptop တစ်လုံးနှင့်လုံခြုံရေးဝန်ထမ်းများ၏ ဖုန်း ၃ လုံးတို့ကိုလည်းယူဆောင်၍ မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
ဖမ်းဆီးသွားသူများ၏ စေခိုင်းချက်အရ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မန်နေဂျာဦးမျိုးဇင်ဝင်းမှ စက်ရုံအတွင်းရှိ ဖုန်းတစ်လုံးအား ဆက်သွယ်၍ ငွေကျပ်သိန်း ၁၀၀၀၀ ကို အသင့်ပြင်ဆင်ထားပြီး ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခံရသူ ၂ ဦးအား အမြန်ဆုံးပြန်လည် ကယ်တင်နိုင်ရန်လုပ်နေကြောင်းဆိုသည်။
အဆိုပါ အထည်ချုပ်စက်ရုံတွင် စက်ရုံတာဝန်ခံတရုတ်နိုင်ငံသား Mr. RAO MING CHUN အပါအ ဝင် တရုတ်နိုင်ငံသားအမျိုးသား ၅ ဦး၊အမျိုးသ မီး ၁ ဦးနှင့်ဝန်ထမ်း အမျိုးသား ၃၁၅ ဦး၊အမျိုး သမီး ၇၈၅ ဦး(စုစုပေါင်း ၁၁၀၀ ဦး)ရှိပြီး ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လုပ်ငန်းလည်ပတ်ကာ အဝတ်အထည်များထုတ်လုပ်၍ တရုတ်နိုင်ငံသို့ Export ပြန်လည်တင်သွင်းလျက်ရှိသည်။
ယခုကဲ့သို့ဖြစ်စဥ်များလာသော ပခုက္ကူတဝိုက်တွင် စီးပွားရေးလုပ်ငန်းများ၊ FDI ဝင်ရောက်လာနိုင်ခြေများလျော့ကျလာနိုင်သည်ဟု သုံးသပ်မူများရှိသည်။

