တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေး ဆဋ္ဌမနေ့ဖြစ်သည့် ဇွန် ၁၁ ရက်တွင် ကော် မတီ(၄)ခုကိုဖွဲ့စည်းခဲ့ပြီး ကော်မတီ(၄)ခုဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရသည်။
တောင်သူလယ်သမားရေးရာကော်မတီကို ဥက္ကဋ္ဌအဖြစ် ကန့်ဘလူမဲဆန္ဒနယ်မှ ဦးမြတ်ကျော်၊ အတွင်းရေးမှူးအ ဖြစ် လယ်ဝေးမဲဆန္ဒနယ်မှ ဦးဝင်းဌေးတို့အပါအဝင် အ ဖွဲ့ဝင်(၁၅)ဦး၊ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာကော်မတီကို ဥက္ကဋ္ဌအဖြစ် ရေနံချောင်းမဲဆန္ဒနယ်မှ ဒေါ်ဝင်းမော်ထွန်း ၊ အတွင်းရေးမှူးအဖြစ် ဝေါမဲဆန္ဒနယ်မှဦးအောင်နိုင်တို့အပါအဝင် အဖွဲ့ဝင်(၁၅)ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ပညာရေးမြှင့်တင်မှုကော်မတီကို ဥက္ကဋ္ဌအဖြစ် ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့်၊ အတွင်းရေးမှူးအဖြစ် ဘားအံမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦးတို့အပါအဝင် အဖွဲ့ဝင်(၁၅)ဦး၊ ပြည်တွင်း/ပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီကို ဥက္ကဋ္ဌအဖြစ် ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲ ဆန္ဒနယ်မှ ဦးတင့်ဝေ၊ အတွင်းရေးမှူးအဖြစ် ပြည်ကြီးတံခွန်မဲဆန္ဒနယ်မှ ဦးအောင်နိုင်ဦးတို့အပါအဝင် အဖွဲ့ဝင်(၁၅)ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ထို့အတူ သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီကို ဥက္ကဋ္ဌအဖြစ် ပျဉ်းမနားမဲဆန္ဒ နယ်မှ ဦးခင်မောင်ဌေးနှင့် အတွင်းရေးမှူးအဖြစ် သုံးခွမဲဆန္ဒနယ်မှ ဦးအောင်ကျော်မင်းတို့အပါအဝင် အဖွဲ့ဝင် (၁၅)ဦး၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီကို ဥက္ကဋ္ဌအဖြစ် ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေနှင့် အတွင်းရေး မှူးအဖြစ် မဟာအောင်မြေမဲဆန္ဒနယ်မှ ဦးစိုးနိုင်တို့အပါအဝင် အဖွဲ့ဝင်(၁၅)ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းရန် လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဥက္ကဋ္ဌအဖြစ် ကျိုက်လတ်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ကြီးနှင့် အ တွင်းရေးမှူးအဖြစ် သနပ်ပင်မဲဆန္ဒနယ်မှ ဦးအောင်ဇော်လင်းတို့အပါအဝင် အဖွဲ့ဝင်(၁၅)ဦး၊ ဆောက်လုပ်ရေး၊စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီကို ဥက္ကဋ္ဌအဖြစ် ကနီမဲဆန္ဒနယ်မှ ဦးဉာဏ်ထွန်းနှင့် အတွင်းရေး မှူးအဖြစ် လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်သူရတို့အပါအဝင် အဖွဲ့ဝင်(၁၅)ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရသည်။
