Monday, June 16, 2025

အဲရ်အိန္ဒိယလေယာဉ်နည်းပညာပြသနာ‌ကြောင့်ဟောင်ကောင်ပြန်လှည့်ရ

တနင်္လာနေ့က နူးဒေလီသို့ ပျံသန်းနေသည့် အဲရ်အိန္ဒိယလေကြောင်းလိုင်းမှ ဘိုးရင်း ၇၈၇-၈ ဒရင်းမ်လိုင်နာ လေယာဉ်သည် ဝေဟင်တွင် နည်းပညာပြဿနာပေါ်သည်ဟု လေယာဉ်မှူးက သံသယဖြစ်ခဲ့ပြီးနောက် မူလထွက်ခွာရာ...

လေဖိအားနည်း ရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင်...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တို-က်ခတ်ခြင်းတို့...

ကမ္ဘာကြီးသည် နျူအင်အားကြီး နိုင်ငံများလက်နက်အပြိုင်အဆိုင်တိုးချဲ့သော ခေတ်သစ်ကို‌ရောက်လာ

ကမ္ဘာ့နျူကလီးယားလက်နက်ပိုင် နိုင်ငံများသည် ၎င်းတို့၏ အဏုမြူလက်နက်အရေအတွက်ကို တိုးမြှင့်နေကာ လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်များမှ သွေဖယ်ပြီး စစ်အေးခေတ်နောက်ပိုင်း လက်နက်သိုလှောင်မှုကို ဆယ်စုနှစ်များစွာ လျှော့ချလာခဲ့ခြင်းကိုအဆုံးသတ်စေမည့် ခြိမ်းခြောက်မှုခေတ်သစ်ကို ဖန်တီးနေသည်ဟု...

မြန်မာ့လယ်ယာနည်းပညာကုန်စည်ပြပွဲရန်ကုန်တွင် ကျင်းပမည်

ရန်ကုန်၊ ဇွန် ၁၅ မြန်မာ့စိုက်ပျိုးရေးကုန်စည်ပြပွဲ Agri-Tech Myanmar 2025 ကို ဇွန်လ ၂၇ ရက် နေ့မှ ၂၉ ရက်...
HomeNewsLocal Newsပြည်သူ့စစ်မှုထမ်းများ စာရင်းကောက်ယူမှုတွင် အသက်မပြည့်သူများ...

ပြည်သူ့စစ်မှုထမ်းများ စာရင်းကောက်ယူမှုတွင် အသက်မပြည့်သူများ မပါရှိစေရေး ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်ကြီး တင်အောင်စန်းပြော

ပြည်သူ့စစ်မှုထမ်းများ စာရင်းကောက်ယူမှုတွင် အသက်မပြည့်သူများ မပါရှိစေရေး အထူးဂရုစိုက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။

ယမန်နေ့ ဇူလိုင်လ (၁၂) ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အချက်အလက်များကို ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် ၊ တိုင်း/ ခရိုင်အဆင့်များကလည်း စနစ်တကျတာဝန်ပေး ကြပ်မတ်ရန် ၊ ပြည်သူ့ စစ်မှုထမ်းအဖြစ် စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊သင်တန်းကျောင်းသို့ ရောက်ရှိပြီးမှ ခွင့်မဲ့ပျက်ကွက်သူများအတွက် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီး ပြည်နယ်များမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်လည်း ၎င်းက မှာကြားခဲ့သည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းအဖြစ် ကိုယ်ပိုင်အမှတ်ရရှိပြီးမှ ခွင့်မဲ့ပျက်ကွက်သူများအတွက် သက်ဆိုင်ရာဥပဒေနှင့်အညီဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထပ်မံဖွင့်လှစ်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းများအတွက် Time Frame များ သတ်မှတ်ဖြန့်ဝေပေးထားပြီး ဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ် များကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင် ရွက်နိုင်ရေး Check List များဖြင့် စစ်ဆေးဆောင်ရွက်ကာ သင်တန်းအမှတ်စဉ်(၄)အတွက် လျာထားချက် ပြည့်မီအောင် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ကြရန်လည်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တိုက်တွန်းပြောကြားသွားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အဲရ်အိန္ဒိယလေယာဉ်နည်းပညာပြသနာ‌ကြောင့်ဟောင်ကောင်ပြန်လှည့်ရ

တနင်္လာနေ့က နူးဒေလီသို့ ပျံသန်းနေသည့် အဲရ်အိန္ဒိယလေကြောင်းလိုင်းမှ ဘိုးရင်း ၇၈၇-၈ ဒရင်းမ်လိုင်နာ လေယာဉ်သည် ဝေဟင်တွင် နည်းပညာပြဿနာပေါ်သည်ဟု လေယာဉ်မှူးက သံသယဖြစ်ခဲ့ပြီးနောက် မူလထွက်ခွာရာ ဟောင်ကောင်သို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်ဟု ယင်းဖြစ်ရပ်ကို တို-က်ရို-က်သိရှိသည့် သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။အဲရ်အိန္ဒိယလေကြောင်းလိုင်း၏ အလားတူ ဘိုးရင်းအမျိုးအစားလေယာဉ်တစ်စင်းသည် အိန္ဒိယနိုင်ငံအနောက်ပိုင်း အာမက်ဒါဘတ်တွင် ပျ-က်ကျခဲ့အပြီး ရက်ပိုင်းအကြာတွင် ယခုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာမက်ဒါဘတ်ဖြစ်စဉ်တွင် လေယာဉ်ပေါ်ပါ လူ ၂၄၂ ဦးအနက် တစ်ဦးသာ အသက်ရှင်ခဲ့သည်။တနင်္လာနေ့တွင် ဟောင်ကောင်မှ ထွက်ခွာခဲ့သော အဲရ်အိန္ဒိယ၏ ဒရင်းမ်လိုင်နာလေယာဉ် ခရီးစဉ်အမှတ်...

လေဖိအားနည်း ရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တို-က်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ အသိပေး

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တို-က်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသ ဦးစီးဌာန (ရန်ကုန်)က အသိပေးထားသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ကာ လာမည့် (၂၄)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းလွန်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေတို့သို့လည်းကောင်း၊ လာမည့် (၄၈) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်အတွင်းသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားရှိကြောင်း ဆိုသည်။ ထိုသို့‌သော အခြေအနေကြောင့် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုအနေဖြင့် ယနေ့မှစ၍...

ကမ္ဘာကြီးသည် နျူအင်အားကြီး နိုင်ငံများလက်နက်အပြိုင်အဆိုင်တိုးချဲ့သော ခေတ်သစ်ကို‌ရောက်လာ

ကမ္ဘာ့နျူကလီးယားလက်နက်ပိုင် နိုင်ငံများသည် ၎င်းတို့၏ အဏုမြူလက်နက်အရေအတွက်ကို တိုးမြှင့်နေကာ လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်များမှ သွေဖယ်ပြီး စစ်အေးခေတ်နောက်ပိုင်း လက်နက်သိုလှောင်မှုကို ဆယ်စုနှစ်များစွာ လျှော့ချလာခဲ့ခြင်းကိုအဆုံးသတ်စေမည့် ခြိမ်းခြောက်မှုခေတ်သစ်ကို ဖန်တီးနေသည်ဟု ညဏ်ကြီးရှင်အဖွဲ့တစ်ခုက တနင်္လာနေ့တွင် ထုတ်ဖော်ပြောဆို လိုက်သည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခန့်မှန်းခြေ နျူကလီးယားထိပ်ဖူးသိုလှောင်ထားရှိမှုသည် ၁၂,၂၄၁ ခုရှိပြီး ထိပ်ဖူး ၉,၆၁၄ ခုခန့်သည် အသုံးပြုရန်အလာလားရှိသော စစ်ဖက်လက်နက်တို-က်များတွင်ရှိနေကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအင်စတီကျူ့က၎င်း၏ ကမ္ဘာ့အန္တရာယ်အများဆုံး လက်နက်များဆိုင်ရာ နှစ်စဉ်စာရင်း အနှစ်ချုပ်စာအုပ်တွင် ဖော်ပြခဲ့သည်။ တပ်ဖြန့်ထားသော ထိပ်ဖူး ၂,၁၀၀ ဝန်းကျင်သည် ပဲ့ထိန်းဒုံးကျည်များတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071