အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်အောင်တာဝန်ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ယနေ့ နိုဝင်ဘာ ၁၃ ရက်က ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းစစ်သည်များအနက် သုံးပုံတစ်ပုံလျော့ပေါ့ခွင့်ရရှိသည့် သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်အောင်တာဝန်ထမ်းပြီးသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများ အလုပ်အကိုင်ရရှိရေးအတွက် ၎င်းတို့ဆန္ဒပြုသောအလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့် အညီခန့်အပ်ပေးနိုင်ရေးအတွက် ပြည်တွင်း/ပြည်ပ အလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီနှင့်ချိတ်ဆက်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
