Wednesday, January 21, 2026

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ...

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင်...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...
HomeNewsLocal Newsပြည်သူအားလုံးလိုလားတောင့်တလျှောက်လှမ်းလိုသည့် ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဟု နိုင်ငံတော်...

ပြည်သူအားလုံးလိုလားတောင့်တလျှောက်လှမ်းလိုသည့် ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဟု နိုင်ငံတော် ယာယီသမ္မတပြော

ပြည်သူအားလုံးလိုလားတောင့်တလျှောက်လှမ်းလိုသည့် ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဟု နိုင် ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင်ကျရောက်သည့် နှစ်သစ်ကူးနေ့၌ နှစ်သစ်ကူးနှုတ်ခွန်း ဆက်စကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ရှေ့ဆက်လျှောက်လှမ်းရမည့်လမ်းကြောင်းကိုမျှော်မှန်းပြီး ဦးတည်ချက်များ ခိုင်ခိုင်မာမာချမှတ်ကာ အကောင်အထည်ဖော်လျှောက်လှမ်းရာ၌ ပြည်သူ များ၏ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှုကြောင့် ယခုအချိန်တွင် ပြည်သူအားလုံးလိုလားတောင့်တလျှောက်လှမ်းလိုသည့် ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဟု ပြောသည်။ ” ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က မြို့နယ်ပေါင်း(၁၀၂) မြို့နယ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ကျင်းပနိုင်ခဲ့တာဟာသက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ ပါတီစုံဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ အင်တိုက်အား တိုက်ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ပါတယ်။ တက်ကြွစွာ လာရောက်မဲပေးကြတဲ့ မဲဆန္ဒရှင်ပြည်သူ၊ ပြည်သားအားလုံးကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။ ထို့ပြင် ရွေးကောက်ပွဲအား အပိုင်းလိုက်ကျင်းပနေခြင်းဖြစ်၍ ကျန်ရှိသည့်မြို့နယ်များမှ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာနိုင်ငံသားတစ်ယောက်၏အခွင့်အရေးကို အပြည့်အဝအသုံးချပြီး ကျင်းပနေသောရွေး ကောက်ပွဲ၌ ပါဝင်မဲပေးကြဖို့လည်းလိုအပ်သည်ဟု ပြောသည်။ ထို့အတူ မိမိတို့အစိုးရကာလအတွင်း တွေ့ဆုံဆွေးနွေးမှုများမှရရှိလာသည့်ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင် အထည်ဖော်မည့်အချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပ ဒေ(၂၀၀၈ ခုနှစ်)မှပြင်ဆင်နိုင်ရေးအတွက် အချက် (၄၃)ချက်တို့ကို သဘောတူညီခဲ့ပြီးဖြစ်၍ ဖြစ်ပေါ်လာမည့် လွှတ်တော်တွင်ဆွေးနွေးပြီး ဥပဒေနှင့်အညီဆက် လက်ဆောင်ရွက်သွားရမည်ဟု ပြောသည်။ ထို့ကြောင့် ရွေးကောက်ပွဲပြီးကာလတွင် ထွက်ပေါ်လာမည့်အစိုးရကို နိုင်ငံ့တာဝန်များလွှဲပြောင်းပေးအပ်ပြီး ဒု တိယစာမျက်နှာကို အကောင်းဆုံးဖြစ်အောင်ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကာ ကူးပြောင်းရောက်ရှိသော ၂၀၂၆ ခုနှစ်သည် မိမိတို့နိုင်ငံအတွက် မင်္ဂလာရှိသော နှစ်သစ်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကိုပြန်လည်တည်ဆောက်နိုင်မည့်နှစ်ဟုယုံကြည်ပြီး ပြည်သူတစ် ရပ်လုံး လိုလားတောင့်တနေသည့် ရေရှည်တည်တံ့ခိုင်မြဲသော ထာဝရငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မည့်နှစ်တစ်နှစ်ဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည့်နှစ်ဖြစ်လာမည်ကိုယုံကြည်သည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံး ကျပ် (၁ဝဝဝဝ)ဖြင့်ရောင်းချပေး

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်ဝန်းအတွင်း၌ ရောင်းချပေးခဲ့သည်။ ယင်းသည် အကြွေး စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလှူရှင်များကလည်း သီလရှင်ဆရာလေးများအပါအဝင် တာမွေမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် အနှေးယာဉ်လုပ်သားများကို ဆန်၊ဆီ၊ဆား၊ ဟင်းသီးဟင်းရွက်များအပါအဝင် ပိုက်ဆံများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ဆန်၊ဆီ၊ကြက်ဥနှင့် ပဲ တို့ကို သက်သာသောဈေးနှုန်းဖြင့်တာမွေမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၀ သို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ်သည် ဇန်နဝါရီ...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071