Friday, December 5, 2025

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့်...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...
HomeNewsLocal Newsပြည်သူများအတွင်း ကာကွယ်ဆေးထိုးဆိုင်ရာ ကျန်းမာရေးအသိပညာများ...

ပြည်သူများအတွင်း ကာကွယ်ဆေးထိုးဆိုင်ရာ ကျန်းမာရေးအသိပညာများ မြင့်တက်လာစေရန် ရည်ရွယ်သည့်  မဟာဗျူဟာ‌ရေးဆွဲနေ

အခြေခံကျန်းမာရေး ဝန်ထမ်းများက လက်တွေ့အသုံးချနိုင်မှု အခြေအနေများနှင့် ကွင်းဆင်းဆန်းစစ်ရာမှ တွေ့ရှိချက်များအပေါ်မူတည်၍ ဆက်လက်လုပ်ဆောင်ရမည့် အစီအစဉ်များအတွက် မဟာဗျူဟာများ ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ယခုရေးဆွဲသော မဟာဗျူဟာသည် အခြေခံကျန်းမာရေး ဝန်ထမ်းများ၏ ပြည်သူလူထုနှင့် ဆက်သွယ်ပြောဆိုခြင်းစွမ်းရည် တိုးတက်လာပြီး ပြည်သူများအတွင်း ကာကွယ်ဆေးထိုးဆိုင်ရာ ကျန်းမာရေးအသိပညာများ မြင့်တက်လာစေရန်နှင့် လိုအပ်သောနည်းပညာဆိုင်ရာပံ့ပိုးမှုများပေးနိုင်ရန် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း  ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

တိုးချဲ့ကာကွယ်ဆေးထိုးလွှမ်းခြုံမှုမြင့်မားစေရေး လူမှုရေးနှင့် အမူအကျင့်ပြောင်းလဲရေးဆိုင်ရာ Strategic Plan ထွက်ပေါ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို နိုဝင်ဘာ (၆) ရက်နေ့က စတင်ကျင်းပနေပြီး ဆွေးနွေးပွဲ ဖွင့်ပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာသန်းနိုင်စိုးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ၂၀၂၄ ခုနှစ်တွင် Interpersonal Communication (IPC) in Immunization Training များကို ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အဆင့်တို့တွင် အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ၎င်းသင်တန်းများမှ ရရှိခဲ့သော Communication ဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို အခြေခံကျန်းမာရေးဝန်ထမ်းများက လက်တွေ့အသုံးချနိုင်မှု အခြေအနေများနှင့် ကွင်းဆင်းဆန်းစစ်ရာမှ တွေ့ရှိချက်များအပေါ်မူတည်၍ ဆက်လက်လုပ်ဆောင်ရမည့် အစီအစဉ်များအတွက် မဟာဗျူဟာများ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ငွေကြေးကုန်ကျမှုနည်းပါးပြီး အကျိုးသက်ရောက်မှု ကြီးစွာရရှိသော လုပ်ငန်းတစ်ခုဖြစ်သဖြင့် ကလေးတိုင်းသည် အသက်အရွယ်အလိုက် သတ်မှတ်ထားသော ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးရန် လိုအပ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုး လွှမ်းခြုံမှုပြည့်မီအောင် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ လှုံဆော်မှု(Drive)မှ ပြည်သူလူထုကိုယ်တိုင် လိုလားတောင်းဆိုမှု (Demand Creation) သို့ ပြောင်းလဲနိုင်ရေးအတွက် Socio–Behavioral Change Communication (SBCC) ကို အသုံးချရန် လိုအပ်လာကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် က ပြောသည်။

တိုးချဲ့ကာကွယ်ဆေးထိုး လွှမ်းခြုံမှုမြင့်မားစေရေး လူမှုရေးနှင့် အမူအကျင့်ပြောင်းလဲရေးဆိုင်ရာ Strategic Plan ထွက်ပေါ်ရေးအတွက်လည်း သုံးရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပနေကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းနှင့် တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းဆောင်ရွက်နေ သော Focal person များ၊ UNICEF အဖွဲမှ Social & Behaviour Change Manager Georgina Mtenga နှင့် UNICEF၊ WHO တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့က တက်ရောက်ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့် မြန်မာအမျိုးသမီးအသင်း

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄ မိနစ်အရောက်မှာ စတင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲအတွင်း ပထမဆုံးယှဉ်ပြိုင် ကစားကြသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ယနေ့ ညနေ (၃)နာရီခွဲအချိန်၌ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားနေကြခြင်းဖြစ်သည်။ ပွဲစဉ်အပြီး မြန်မာအသင်း အနိုင်ကစားနိုင်မည်လားဆိုသည်ကို မြန်မာပရိတ်သတ်များ စောင့်ဆိုင်း အားပေးနေကြပြီး ပွဲမစခင်ကွင်းအတွင်းတွင်လည်း မြန်မာအမျိုးသမီးဘောလုံးအသင်းကို လာရောက်နှုတ်ဆက်ခဲ့ကြသည်ကိုလည်း တွေ့မြင်ရသည်။ ဓာတ်ပုံ- i...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times City Complex ဝန်ထမ်းများပူးပေါင်းကာ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး ပူးပေါင်းလေ့ကျင့်ခြင်း (Fire Safety Drill) ကို နံနက် ၁၀ နာရီ၌ Times City Jewellery Mall ရှေ့တွင် လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့သည်။ အဆိုပါ လက်တွေ့သရုပ်ပြ လေ့ကျင့်မှုကို မီးသတ်ဌာနချုပ်မှ INSARAG medium Team တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအတွက် အထူးလေ့ကျင့်ထားသည့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အပါအဝင်...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ ဆော်မှု(Campimg)များပြုလုပ်

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု လုပ်ထားကြောင်း သိရသည်။ မကွေးမြို့ရှိ လူစည်ကားရာနေရာများဖြစ်သော ကန်သာမင်္ဂလာကန်တော်တွင် LED ဘုတ်ယေ Night Market တွင် ‌LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်ရေးတေးသီချင်းများ၊ ရုပ်ရှင်အနုပညာရှင်များ၏ ရွေး ကောက်ပွဲအသိပညာပေးဆိုင်ရာနှိုးဆော်မှုဇာတ်လမ်းတိုများဖွင့်လှစ်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာ ၁ ရက်မှစတင်၍ မကွေးတိုင်းရှိ မြို့ နယ်များအလိုက် ထွေအုပ်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071