(Unicode)
ပြည်လမ်းပေါ်က ကားအရောင်းပြခန်းနားမှာ ဗုံးပေါက်
မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်၊ပြည်လမ်းပေါ်မှာရှိတဲ့ Brog Wide ကားအရောင်းပြခန်းနားမှာ နိုဝင်ဘာ ၁၆ ရက်ည ၇ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
“မောရဝတီလမ်းထိပ်မှာဖြစ်တာ ဗုံးပေါက်တဲ့အသံကကျယ်တယ် ဗုံးနှစ်လုံးပေါက်တယ် ပြခန်းနားမှာတစ်လုံးနဲ့ သိပ်မဝေးတဲ့နေရာမှာတစ်လုံး လူတွေထိမိတာတော့မရှိဘူး သိပ်မကြာဘူးစစ်သားတွေကော ရဲတွေကောရောက်လာပြီး နေရာအနှံ့လိုက်စစ်ဆေးကြတယ်”လို့ရပ်ကွက်နေသူတစ်ယောက်ကပြောပါတယ်။
လုံခြုံရေးအဖွဲ့က စစ်ဆေးရာမှာ ဓာတ်ခဲခြောက်အပိုင်းအစတွေကို တွေ့ရှိခဲ့ပါတယ်။
ဗုံးပေါက်ကွဲတာကြောင့် ကားအရောင်းပြခန်းမှာကာထားတဲ့ ၁၂ ပေ ၊ လေးပေ မှန်နှစ်ချပ်အက်ကြောင်းဖြစ်သွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေထံက သိရပါတယ်။
(Zawgyi)
ျပည္လမ္းေပၚက ကားအေရာင္းျပခန္းနားမွာ ဗုံးေပါက္
မရမ္းကုန္းၿမိဳ႕နယ္၊ ၅ ရပ္ကြက္၊ျပည္လမ္းေပၚမွာရွိတဲ့ Brog Wide ကားအေရာင္းျပခန္းနားမွာ ႏိုဝင္ဘာ ၁၆ ရက္ည ၇ နာရီခြဲေလာက္က ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ပါတယ္။
“ေမာရဝတီလမ္းထိပ္မွာျဖစ္တာ ဗုံးေပါက္တဲ့အသံကက်ယ္တယ္ ဗုံးႏွစ္လုံးေပါက္တယ္ ျပခန္းနားမွာတစ္လုံးနဲ႔ သိပ္မေဝးတဲ့ေနရာမွာတစ္လုံး လူေတြထိမိတာေတာ့မရွိဘူး သိပ္မၾကာဘူးစစ္သားေတြေကာ ရဲေတြေကာေရာက္လာၿပီး ေနရာအႏွံ႔လိုက္စစ္ေဆးၾကတယ္”လို႔ရပ္ကြက္ေနသူတစ္ေယာက္ကေျပာပါတယ္။
လုံၿခဳံေရးအဖြဲ႕က စစ္ေဆးရာမွာ ဓာတ္ခဲေျခာက္အပိုင္းအစေတြကို ေတြ႕ရွိခဲ့ပါတယ္။
ဗုံးေပါက္ကြဲတာေၾကာင့္ ကားအေရာင္းျပခန္းမွာကာထားတဲ့ ၁၂ ေပ ၊ ေလးေပ မွန္ႏွစ္ခ်ပ္အက္ေၾကာင္းျဖစ္သြားခဲ့တယ္လို႔ ရပ္ကြက္ေနသူေတြထံက သိရပါတယ္။