Friday, January 17, 2025

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို...

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ်...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင်...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ မြန် မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေး...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ဇန်နဝါရီ ၁၅ ရက်က...
HomeNewsLocal Newsပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ ဝန်​ဆောင်မူ...

ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ ဝန်​ဆောင်မူ အပြည့်အ၀ တာဝန်ယူမှုမရှိ

ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်သည့် တရားဝင်လုပ်ကိုင်ခွင့်ရ အေဂျင်စီအချို့သည်၎င်းတို့အလုပ်သမားများအတွက် အပြည့်အ၀ တာဝန်ယူမှု၊ တာဝန်ခံမှု တစ်စုံတစ်ရာမရှိကြောင်း အလုပ်သမားများ၏ ပြောပြချက်အရ သိရသည်။

” ကျွန်တော်တို့က ထိုင်းနိုင်ငံကို တရားဝင်အေဂျင်စီနဲ့ ချိတ်ပြီးသွားတာ။ သူတို့က ဒီမှာပြောတော့ အလုပ်ကတစ်မျိုး၊ ဟိုရောက်တော့ အလုပ်ကတစ်မျိုး ဖြစ်နေတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ ပို့ပေးတဲ့အေဂျင်စီကို ဖုန်းဆက်ပြောတော့လည်း ကျွန်တော်တို့ကို မချေမငံ ပြန်ပြောတယ်။ ဘာဆိုဘာမှ တာဝန်ယူမှုမရှိဘူး။ ကျွန်တော်တို့ပြန်မယ် စာအုပ်ကိုပေးဆိုတော့ အဲဒီကသူဌေးက လုံးဝပြန်မပေးဘူး။ သူဌေးကလည်း မကောင်းဘူး။ ပြန်မလာခင် အေဂျင်စီကို ဆက်သွယ်တော့လည်း ကျွန်တော်တို့ကို အလုပ်ရှင်ဘက်ကလိုက်ပြီး ပြောဆိုတယ်။ စာအုပ်ပြန်မရတော့ ခိုးပြီးပြန်လာရတယ်။ ဒီကိုရောက်ပြီး တစ်ပတ်လောက်နဲ့ ဘယ်လိုမှအဆင်မပြေလို့ ပြန်လာရတာ။ သိန်း ၃၀ လောက်ကုန်သွားတယ်”ဟု အေဂျင်စီမှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သူ ကိုနိုင်လင်းဦးက ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အလုပ်သမားများထံမှ ဝန်ဆောင်ခငွေကြိုတင်ရယူပြီး ပြည်ပတွင် အလုပ်လုပ်ရန် မစီစဉ်ပေးနိုင်မှုနှင့် ပြဿနာဖြစ်နေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီနှစ်ခုကို အလုပ်သမားဝန်ကြီးဌာနက လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရာသက်ပန်ပိတ်သိမ်းထားကြောင်း သိရသည်။

လက်ရှိအချိန်အထိ အကျိုးဆောင်လိုင်စင်ရာသက်ပန်ပိတ်သိမ်းခံရသည့် အေဂျင်စီ ၂၅ ခုရှိကြောင်းနှင့်  ပြည်ပသို့ အလုပ်သမားစေလွှတ်ခွင့်အကျိုးဆောင်လိုင်စင် ရယူထားသည့် အေဂျင်စီ ၄၅၅ ခုအထိရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်အရ သိရသည်။

“အေဂျင်စီတချို့က အလုပ်သမားတွေကို ဖြစ်သလိုစေလွှတ်တာတွေ ရှိလာတယ်။ ပိုက်ဆံတွေယူပြီး မပို့ပေးသလို ပိုက်ဆံယူပြီးတော့လည်း ဟိုဘက်ရောက်တော့ ကြုံသလိုအလုပ်ကို ချိတ်ပေးကြတယ်။ ဝန်ကြီးဌာနအနေနဲ့ သေချာလေး စိစစ်ပေးစေချင်တယ်။ ပြီးတော့ သွားရောက်လုပ်ကိုင်မယ့် အလုပ်သမားတွေအနေနဲ့လည်း အေဂျင်စီကို သေချာလေးစုံစမ်းပြီးမှ လုပ်စေချင်တယ်”ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးကပြောကြားသည်။

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနှင့် မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်သူများမှာ တရားဝင်သွားရောက်မှုရှိသလို တရားမဝင်နည်းလမ်းများဖြင့် အများဆုံးသွားရောက်လုပ်ကိုင်ကြခြင်း ဖြစ်သည်။

Photo -အလုပ်သမားသံအရာရှိရုံး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ (၄၅၅) ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေ ယာဉ် (စကု)တို့ ဇန်နဝါရီ (၁၄)ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားခြင်းဖြစ်သည်။ အဆိုပါ ရေယာဉ်တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့တို့ လိုက်ပါလာပြီး...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းပြုလုပ်

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက သိရသည်။ အဆိုပါ ပြစ်ဒဏ်ပေးမှုကို မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ရပ်လမ်းဆုံတွင် ဆိုင်ကယ်ဦးထုပ်မပါဘဲ မောင်းနှင်လာသူများကို တားဆီး၍ ဦးထုပ်မဆောင်းသည့် ပြစ်ဒဏ်အစား ဆိုင်ကယ်စီး ဦးထုတ်အသစ်တစ်လုံးကို ချက်ခြင်းဝယ်ယူဆောင်းခိုင်းစေသည့် ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ " ဦးထုပ်ဆောင်းဖို့ အရင်တည်းက အသိပညာပေးတာမျိုးတွေကို ယာဉ်ထိန်းရဲတွေက လုပ်ပါတယ်။ အဓိကဆိုင်ကယ်မောင်းသူတွေ ဦးထုပ်မဆောင်းရင်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို အသိပညာပေးတာတွေ အခါအားလျှော်ရင် ဆွေးနွေးမှုတွေလုပ်ပါတယ်။ အခုဟာကဗျာ...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန်ဆွေးနွေး

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ ထွေထွေအတွင်းရေးမှူးချုပ်တို့သည် ဇန်နဝါရီ ၉ ရက်ညနေပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ-တရုတ် စင်တာ (ASEAN - China Centre - ACC)၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် တရုတ်-မြန်မာနှစ်နိုင်ငံကြား အကျိုး စီးပွားရရှိစေရေးနှင့် ချစ်ကြည်ရင်းနှီးမှုခိုင်မြဲစေရေး၊ အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ၊ AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍ၊ အပြန်အလှန်ဖလှယ်ရေးကဏ္ဍများတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071