မြန်မာ MoU အလုပ်သမား ၉၉ ဦးသည် နိုဝင်ဘာ ၂၅ ရက်မွန်းလွဲပိုင်းက ထိုင်း-မြန်မာနယ်စပ် ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် စက်လှေများဖြင့် ထိုင်းနိုင်ငံ၌အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
ပြည်အလုပ်အကိုင်ရှာဖွေရေးတရားဝင်(ထိုင်း) လိုင်စင်ရကုမ္ပဏီများဖြစ်သည့် J.M.K Services Co,Ltd နှင့် Thet Mann Services Co,Ltd တို့မှစေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ MoU အလုပ်သမား ၉၉ ဦးသည် ထိုင်းနိုင်ငံရှိ Siam Health Group Co,Ltd ၊ Innowoods Co,Ltd နှင့် KL Concrete and Construction Co,Ltd တို့တွင် ၂ နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်မည်ဖြစ်သည်။
ကော့သောင်းနယ်စပ်ဂိတ်၌ မြန်မာ MoU အလုပ် သမားများအား ကော့သောင်းခရိုင် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ကော့သောင်းခရိုင်ရုံး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် တာ ဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
မြန်မာ MoU အလုပ်သမားများအား ရန်ကုန်မြို့မှတဆင့်လေယာဥ်ဖြင့် ကော့သောင်းမြို့သို့ခေါ်ဆောင်ခဲ့ကြပြီးနောက် ကုမ္ပဏီတာဝန်ရှိသူများ၊အလုပ်ခေါ်ယူသည့် ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံရှိ ကုမ္ပဏီများသို့ စနစ်တကျပို့ဆောင်ပေးခဲ့ကြသည်။
ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် နိုဝင်ဘာ ၂၁ ရက်ညနေပိုင်းကလည်း မြန်မာ MoU အလုပ်သ မား ၇၈ ဦးသည် ထိုင်းနိုင်ငံ၌ ၂ နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်ရန် စက်လှေများဖြင့် ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။


