တရုတ်၊ ထိုင်း၊ ဗီယက်နမ် စသည့် ပြည်ပနိုင်ငံများက ဝယ်လိုအား များနေသည့်အတွက် ကြက်သွန်နီဈေးမြင့်တက်လာကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။
ဩဂုတ်လ ပထမအပတ်မှစတင်ကာ ပြည်ပအဝယ်ပြန်လိုက်လာခြင်းကြောင့် ကြက်သွန်ထွက်ရှိသည့် ပင်ရင်းဒေသတွင် တစ်ပိဿာ ကျပ်၂၃၀၀ ဝန်းကျင်နှင့် ပွဲရုံအရောက်ဈေး ကျပ်၂၆၀၀ အထိ ရှိနေပြီး ပြည်ပဈေးကွက်တွင် ကြက်သွန်နီတစ်တန်ကို အမေရိကန် ဒေါ်လာ ၄၆၆ ဒေါ်လာဝန်းကျင်ရှိကြောင်း သိရသည်။
ကြက်သွန်နီကို ပြည်ပတင်ပို့ရာတွင် တရုတ်နိုင်ငံသို့ မူဆ ယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှတဆင့် တင်ပို့နေပြီး ထိုင်းနိုင်ငံသို့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးဇုန်၊ ဗီယက်နမ်နိုင်ငံသို့ ထိုင်းနိုင်ငံမှတဆင့်တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
ယခုတစ်ပတ်အတွင်း ပွဲရုံများသို့ ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ (၁)ပိဿာ လက်ကားဈေးနှုန်းများ အနေဖြင့် အကြီး တစ်ပိဿာလျှင် ၂၆၅၀ ကျပ်မှ ၂၈၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၃၅၀ကျပ် မှ -၂၅၀၀) ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၂၀၀ ကျပ်မှ ၁၈၀၀ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုဒ်၊ အစို/အခြောက် နှင့် အရောင်အသွေးပေါ် မူတည်၍ ဈေးနှုန်းကွာဟမှုများရှိကြောင်း သိရသည်။
လက်ရှိ ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်နေသ ည့် ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ အကြီးတစ်ပိ ဿာလျှင် ၃၀၀၀ ကျပ်မှ ၂၈၅၀ကျပ်၊ အလတ် တစ်ပိ ဿာလျှင် ၂၇၀၀ ကျပ်မှ -၂၅၅၀ကျပ်၊ အသေးတစ်ပိ ဿာလျှင် ၂၄၀၀ ကျပ်မှ ၂၁၀၀ကျပ် ရှိကြောင်း သိရသည်။