ပြည်ပမှ ဝင်ရောက်သူတွေ ကာကွယ်ဆေးထိုးပြီးရင် ကွာရန်တင်း(၇)ရက်သာဝင်ရတော့မယ်
ပြည်ပမှလာရောက်သူတွေအနေနဲ့ ကိုဗစ်ကာ ကွယ်ဆေး ၂ကြိမ် အပြည့်ထိုးနှံပြီးသူဖြစ်ရင် ကွာရန်တင်း (၇)ရက်သာဝင်ရမယ်လို ကျန်းမာရေး ဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။
ကာကွယ်ဆေးထိုးနှံရာမှာလည်း မြန်မာနိုင်ငံ၊ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေဖြစ်ရမှာပါ။ဒါ့အပြင် မြန်မာနိုင်ငံကိုမလာရောက်မီ လွန်ခဲ့သော ၁၄ရက်ကျော်မှာ ၂ကြိမ်အပြည့်ထိုးနှံပြီးသူဖြစ်ရပါမယ်။
ဒါမှသာ ပြည်တွင်းဝင်ရောက်လာတဲ့အခါမှာ ကွာရန်တင်း(၇)ရက်ပဲဝင်ရမှာဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း မြန်မာပြည်မလာခင် ၁၄ရက် ကျော် က ကာကွယ်ဆေးအပြည့် မထိုးထားသူ ဆိုရင်တော့ ကွာရန်တင်း(၁၀)ရက် ဝင်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်ပမှလာရောက်သူတွေအနေနဲ့ မြန်မာနိုင်ငံကို မလာရောက်မီ ၇၂ နာရီအတွင်း ကိုဗစ်၁၉ကင်းရှင်းကြောင်း RT-PCR နည်းနဲ့ စစ်ဆေးထားတဲ့ ဓာတ်ခွဲအဖြေကို စတင်ခရီးထွက်ခွါမယ့် လေဆိပ်နဲ့ ခရီးစဉ်အတွင်းက လေ ကြောင်းလိုင်းများ၊မြန်မာနိုင်ငံကိုဝင်ရောက်တဲ့ လေဆိပ်နဲ့ ဝင်/ထွက် ဂိတ်တွေမှာ ပြသရမှာဖြစ်ပါတယ်။
ပြည်ပမှလာရောက်သူများတွင် ကာကွယ်ဆေးထိုးပြီးသူရော၊မထိုးရသေးသောသူရော မြန်မာနိုင်ငံဝင်ရောက်ပြီး (၃)ရက်နှင့် (၇)ရက်တိုမှာ ကိုဗစ်၁၉ရောဂါ ရှိ/မရှိ RT-PCR နည်းနဲ့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှာဖြစ်ပြီး နိုင်ငံခြားသားခရီးသည်တွေကတော့ ကုန်ကျစရိတ်ကို မိမိဘာသာကျခံရမှာဖြစ်ပါတယ်။
ကိုဗစ်ရောဂါပိုးကို စစ်ဆေးတွေ့ရှိတဲ့ ခရီးသွားတွေကို ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ် ပြုထားတဲ့ဆေးရုံတွေကို ပိုဆောင်ကာ ကုသမှုခံယူစေမှာဖြစ်ပါတယ်။ဒါပေမယ့် နိုင်ငံခြားသားတွေအနေနဲ့ ဆေးကုသမှုစရိတ်နဲ့ ဆေးရုံတက်ရောက်တဲ့စရိတ်တွေအားလုံးကို မိမိဘာသာ ကျခံရမယ်လိုလည်း ထုတ်ပြန်ချက်ထဲပါရှိပါတယ်။
မြန်မာနိုင်ငံကိုလာရောက်မယ့် နိုင်ငံတကာမှ အရေးကြီးပုဂ္ဂိုလ်များ ၊နိုင်ငံခြားသားပညာရှင် များ၊စီးပွါးရေးလုပ်ငန်းရှင်များအနေနဲ့ အသွားအလာ ကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ် ဆေးခြင်းလုပ်ငန်းတွေကို အထူးအစီအစဉ်အနေနဲ့ ဆောင်ရွက်ရန်အတွက် ကိုဗစ်၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးဗဟိုကော်မတီ၊နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနသို ရုံးဖွင့်ရက်အတွင်း (၇)ရက် ကြိုတင် လျှောက်ထားပြီး ခွင့်ပြုချက်တောင်းခံနိုင်ကြောင်းလည်း သိရပါတယ်။
Zaw Gyi
ျပည္ပမွ ဝင္ေရာက္သူေတြ ကာကြယ္ေဆးထိုးၿပီးရင္ ကြာရန္တင္း(၇)ရက္သာဝင္ရေတာ့မယ္
ျပည္ပမွလာေရာက္သူေတြအေနနဲ႔ ကိုဗစ္ကာ ကြယ္ေဆး ၂ႀကိမ္အျပည့္ထိုးႏွံၿပီးသူျဖစ္ရင္ ကြာရန္တင္း (၇)ရက္သာဝင္ရမယ္လို က်န္းမာေရးဝန္ႀကီးဌာနကသတင္းထုတ္ျပန္ပါတယ္။
ကာကြယ္ေဆးထိုးႏွံရာမွာလည္း ျမန္မာႏိုင္ငံ၊က်န္းမာေရးဝန္ႀကီးဌာနမွ အသိအမွတ္ျပဳထားတဲ့ ကာကြယ္ေဆးေတြျဖစ္ရမွာပါ။ဒါ့အျပင္ ျမန္မာႏိုင္ငံကိုမလာေရာက္မီ လြန္ခဲ့ေသာ ၁၄ရက္ေက်ာ္မွာ ၂ႀကိမ္အျပည့္ထိုးႏွံၿပီးသူျဖစ္ရပါမယ္။
ဒါမွသာ ျပည္တြင္းဝင္ေရာက္လာတဲ့အခါမွာ ကြာရန္တင္း(၇)ရက္ပဲဝင္ရမွာျဖစ္ပါတယ္။
က်န္းမာေရးဝန္ႀကီးဌာနက သတ္မွတ္ထားတဲ့အတိုင္း ျမန္မာျပည္မလာခင္ ၁၄ရက္ ေက်ာ္ က ကာကြယ္ေဆးအျပည့္မထိုးထားသူဆိုရင္ေတာ့ ကြာရန္တင္း(၁၀)ရက္ ဝင္ရမွာျဖစ္ပါတယ္။
ဒါ့အျပင္ ျပည္ပမွလာေရာက္သူေတြအေနနဲ႔ ျမန္မာႏိုင္ငံကို မလာေရာက္မီ ၇၂ နာရီအတြင္း ကိုဗစ္၁၉ကင္းရွင္းေၾကာင္း RT-PCR နည္းနဲ႔ စစ္ေဆးထားတဲ့ ဓာတ္ခြဲအေျဖကို စတင္ခရီးထြက္ခြါမယ့္ ေလဆိပ္နဲ႔ ခရီးစဥ္အတြင္းက ေလ ေၾကာင္းလိုင္းမ်ား၊ျမန္မာႏိုင္ငံကိုဝင္ေရာက္တဲ့ ေလဆိပ္နဲ႔ ဝင္/ထြက္ ဂိတ္ေတြမွာ ျပသရမွာျဖစ္ပါတယ္။
ျပည္ပမွလာေရာက္သူမ်ားတြင္ ကာကြယ္ေဆးထိုးၿပီးသူေရာ၊မထိုးရေသးေသာသူေရာ ျမန္မာႏိုင္ငံဝင္ေရာက္ၿပီး (၃)ရက္ႏွင့္ (၇)ရက္တိုမွာ ကိုဗစ္၁၉ေရာဂါ ရွိ/မရွိ RT-PCR နည္းနဲ႔ ဓာတ္ခြဲစမ္းသပ္စစ္ေဆးမွာျဖစ္ၿပီး ႏိုင္ငံျခားသားခရီးသည္ေတြကေတာ့ ကုန္က်စရိတ္ကို မိမိဘာသာက်ခံရမွာျဖစ္ပါတယ္။
ကိုဗစ္ေရာဂါပိုးကို စစ္ေဆးေတြ႕ရွိတဲ့ ခရီးသြားေတြကို က်န္းမာေရးဝန္ႀကီးဌာနမွ အသိအမွတ္ ျပဳထားတဲ့ေဆး႐ုံေတြကို ပိုေဆာင္ကာ ကုသမႈခံယူေစမွာျဖစ္ပါတယ္။ဒါေပမယ့္ ႏိုင္ငံျခားသားေတြအေနနဲ႔ ေဆးကုသမႈစရိတ္နဲ႔ ေဆး႐ုံတက္ေရာက္တဲ့စရိတ္ေတြအားလုံးကို မိမိဘာသာ က်ခံရမယ္လိုလည္း ထုတ္ျပန္ခ်က္ထဲပါရွိပါတယ္။
ျမန္မာႏိုင္ငံကိုလာေရာက္မယ့္ ႏိုင္ငံတကာမွအေရးႀကီးပုဂၢိဳလ္မ်ား၊ႏိုင္ငံျခားသားပညာရွင္ မ်ား၊စီးပြါးေရးလုပ္ငန္းရွင္မ်ားအေနနဲ႔ အသြားအလာကန္႔သတ္ျခင္းႏွင့္ ဓာတ္ခြဲစမ္းသပ္စစ္ ေဆးျခင္းလုပ္ငန္းေတြကို အထူးအစီအစဥ္အေနနဲ႔ ေဆာင္႐ြက္ရန္အတြက္ ကိုဗစ္၁၉ေရာဂါ ကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရးဗဟိုေကာ္မတီ၊ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ က်န္းမာေရးဝန္ႀကီးဌာနသို ႐ုံးဖြင့္ရက္အတြင္း(၇)ရက္ႀကိဳတင္ ေလွ်ာက္ထားၿပီး ခြင့္ျပဳခ်က္ေတာင္းခံႏိုင္ေၾကာင္းလည္း သိရပါတယ္။