Wednesday, April 23, 2025

ဗီယက်နမ်ဘုန်းတော်ကြီးမှ ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်းများကို ငွေကျပ်သိန်း(၃,၅၀၀)မတည်လှူဒါန်း

သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်အရ ဗီယက်နမ်ဘုန်းတော်ကြီးမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတောင်ရိုးပေါ်မှ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများပြန်လည်ပြုပြင်ရန် ငွေကျပ်သိန်း(၃,၅၀၀)အား ဧပြီ ၂၂ ရက်ကမတည်လှူဒါန်းခဲ့ကြောင်း သိရသည်။ IBEC...

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ရေးကို အလေးထားကြောင်း...

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားလေးစားကြောင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှ င့်တင်ဖော်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တက်ကြွစွာ ပံ့ပိုးကူညီလျက်ရှိကြောင်း...

နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါကကန်နှင့်သဘောတူညီရန်အီရန်အဆင်သင့်

တေရန်၊ဧပြီ ၂၁ နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါက အမေရိကနှင့်သဘောတူညီချက်ရရှိ‌ရေးအတွက် အဆင်သင့်ရှိကြောင်း အီရန်သမ္မတကပြောကြားခဲ့သည်ဟုသိရသည်။ “အမေရိကနဲ့စေ့စပ်ညှိနှိုင်းမှုက အဓိပ္ပာယ်သတ်မှတ်ထားတဲ့မူဘောင်တစ်ခုအတွင်းမှာ ရှိပြီး ကျွန်တော်တို့နိုင်ငံရဲ့အကျိုးစီးပွားကိုပါ လေးစားကာကွယ်ပေးမယ်ဆိုရင် သဘောတူညီချက်အတွက် အဆင်သင့်ရှိပါတယ်” ဟုလည်းသူက ပြောကြားခဲ့သည်။ သို့သော်အမေရိကန်ကိုယ်စားလှယ်များအနေဖြင့်...

ဧပြီ ၂၅ ရက်မှ ၂၇...

လာမည့် ဧပြီ ၂၅ ရက်မှ ဧပြီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှဧပြီ ၂၂ ရက်ကအသိပေးခဲ့သည်။ ရန်ကုန်တိုင်း(မြောက်ပိုင်း)၊...
HomeNewsLocal Newsပြည်ပမှလူစီးယာဥ်များတင်သွင်းရာ၌ ၂၀၂၂ ခုနှစ်ထုတ်မှစတင်သည့်...

ပြည်ပမှလူစီးယာဥ်များတင်သွင်းရာ၌ ၂၀၂၂ ခုနှစ်ထုတ်မှစတင်သည့် မော်တော်ယာဥ်များကိုသာတင်သွင်းရမည်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်များတင်သွင်းရာတွင် ထုတ်လုပ်သည့်ခုနှစ်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ(ခ)အရ အမိန့်ကြော်ငြာစာအမှတ်(၇၃/၂၀၂၂)ဖြင့် ဒီဇင် ဘာ ၁ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စီးပွားကူးသန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြည်ပမှလူစီးမော်တော်ယာဥ်များတင်သွင်းရာ တွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိအဖြစ် သတ် မှတ်ခဲ့သည်။

ထို့ပြင် လုပ်ငန်းသုံးယာဉ်များဖြစ်သည့်(ကုန်တင်ယာဉ်/ခရီးသည်တင်ယာဉ်)များကိုလည်း ၂ဝ၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ၊ မီးသတ်ယာဉ်/လူနာ တင်ယာဉ်များအား ၂ဝ၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ၊ယန္တရားများအား ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အသီးသီးသတ်မှတ်ခဲ့သည်။

ထိုသို့ ပြည်ပမှမော်တော်ယာဥ်များတင်သွင်းရာ၌ ခုနှစ်သတ်မှတ်ခြင်းများအပြင် တင်သွင်းသည့်ယာဥ်များမှာ လက်ဝဲစတီယာရင်အသုံးပြုသည့် ယာဥ်များသာဖြစ်ရမည်ဟု အသိပေးထုတ်ပြန်ချက်၌ ရေးသားထားသည်။

အများပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်းမရှိသည့် လုပ်ငန်းသုံးယန္တရားများအား လွန်ခဲ့သော (၁၅)နှစ်အတွင်းထုတ်လုပ်သည့်ယာဉ်(၂၀၀၉ ခုနှစ်နှင့်အထက်ထုတ်လုပ်သောယာဉ်)များအဖြစ် တင်သွင်းခွင့်ပြုခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ယခု ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်မှာ လုပ်ထုံး လုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ်တင်သွင်းခွင့်ပြုသည့် မော်တော်ယဉ်ထုတ်လုပ်ခုနှစ် သတ်မှတ်ချက်အား ပုံမှန်ထုတ်ပြန်ခြင်းဖြစ်ကာ မော်တော်ယာဉ်တင်သွင်းမှုနှင့်ပတ်သက်၍ လက် ရှိချမှတ်ဆောင်ရွက်နေသည့် မူဝါဒများကို ပြောင်းလဲခြင်းမပြုဘဲ ဆက်လက်ကျင့်သုံးလျက်ရှိသည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်ဘုန်းတော်ကြီးမှ ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်းများကို ငွေကျပ်သိန်း(၃,၅၀၀)မတည်လှူဒါန်း

သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်အရ ဗီယက်နမ်ဘုန်းတော်ကြီးမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတောင်ရိုးပေါ်မှ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများပြန်လည်ပြုပြင်ရန် ငွေကျပ်သိန်း(၃,၅၀၀)အား ဧပြီ ၂၂ ရက်ကမတည်လှူဒါန်းခဲ့ကြောင်း သိရသည်။ IBEC ပညာရေးစင်တာအား အလှူငွေကျပ်သိန်း (၅၀၀)၊ ရတနာသိင်္ဂီသီလရှင်ကျောင်းအား အလှူငွေကျပ်သိန်း(၅၀၀)၊ အောင်မြေဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား အလှူငွေကျပ်သိန်း(၅၀၀)၊ ဇိနောဒယ ပရိယတ္တိစာသင်တိုက်အား အလှူငွေကျပ်သိန်း(၅၀၀)၊ ရွှေဟင်္သာတိုက်သစ်အား အလှူငွေကျပ်သိန်း(၅၀၀)၊ သုတေသက သီလရှင်စာသင်တိုက်အား အလှူငွေကျပ်သိန်း(၅၀၀)၊ မဟာသုဗောဓာရုံစာသင်တိုက်အား အလှူငွေကျပ်သိန်း(၂၅၀)နှင့် မြစကြာစာသင်တိုက်အား အလှူငွေကျပ်သိန်း (၂၅၀)တို့ကို ဗီယက်နမ်ဘုန်းတော်ကြီးက မတည်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ " အခုလှူဒါန်းတဲ့ငွေပမာဏက...

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ရေးကို အလေးထားကြောင်း တရုတ်ပြော

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားလေးစားကြောင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှ င့်တင်ဖော်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တက်ကြွစွာ ပံ့ပိုးကူညီလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော ရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောသည်။ ဧပြီ (၂၂) ရက် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရှမ်းနယ်ပြည်မြောက်ပိုင်း အခြေအနေနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်မှုအပေါ် ၎င်းက ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအ‌နဖြင့် ကူမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ် တိုးတက်အောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ (ရှမ်း/မြောက်) စစ်ပွဲများ ရပ်တန့်ရန်အတွက်လည်း...

နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါကကန်နှင့်သဘောတူညီရန်အီရန်အဆင်သင့်

တေရန်၊ဧပြီ ၂၁ နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါက အမေရိကနှင့်သဘောတူညီချက်ရရှိ‌ရေးအတွက် အဆင်သင့်ရှိကြောင်း အီရန်သမ္မတကပြောကြားခဲ့သည်ဟုသိရသည်။ “အမေရိကနဲ့စေ့စပ်ညှိနှိုင်းမှုက အဓိပ္ပာယ်သတ်မှတ်ထားတဲ့မူဘောင်တစ်ခုအတွင်းမှာ ရှိပြီး ကျွန်တော်တို့နိုင်ငံရဲ့အကျိုးစီးပွားကိုပါ လေးစားကာကွယ်ပေးမယ်ဆိုရင် သဘောတူညီချက်အတွက် အဆင်သင့်ရှိပါတယ်” ဟုလည်းသူက ပြောကြားခဲ့သည်။ သို့သော်အမေရိကန်ကိုယ်စားလှယ်များအနေဖြင့် တန်းတူညီမျှသည့် ညှိနှိုင်းဆွေးနွေးခြင်းမျိုးကိုမလုပ်ပါက မိမိတို့သွားနေသည့်လမ်းကြောင်းအတိုင်းသာ ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု အီရန်သမ္မတက ပြောကြားခဲ့သည်။ ဆက်လက်၍လည်း တေရန်အနေဖြင့် ပဋိပက္ခကို ရှာနေခြင်းမဟုတ်ဘဲ အကျပ်ကိုင်မှုများကို တွန်းလှန်လိုခြင်းသာဖြစ်သည်ဟုလည်းဆိုသည်။ “ကျွန်တော်တို့အနေနဲ့ ဘယ်သူနဲ့မှလဲ ထိပ်တိုက်မတွေ့ချင်ပါဘူး၊ဒီလိုပြောပေမဲ့ ဖိအားပေးတာ၊ ဒါမှမဟုတ်အနိုင်ကျင့်တာမျိုး‌တွေကိုတော့လည်း ငြိမ်ခံနေမှာမဟုတ်ပါဘူး” ဟု သူက ဆိုသည်။ ကန်သမ္မတကမူ အီရန်နှင့်ပထမအကြိမ်ဆွေးနွေးမှုတွင် ရလဒ်ကောင်းများရှိသည်ဟုပြောကြားခဲ့ပြီး နောက်တစ်ဆင့်အတွက်မှာမူ အချိန်အနည်းငယ်လိုနေသေးသည်ဟုဆိုခဲ့သကဲ့သို့ အီရန်ဘက်ကလဲ ၎င်းတို့အနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071