(Unicode)
ပြည်ပမှတင်သွင်းလာမည့် ကုန်ပစ္စည်းအချို့ သွင်းကုန်လိုင်စင် လျှောက်ထားရမည်
နေပြည်တော် နိုဝင်ဘာ ၁၁
(၂၀၂၂)ဇန်နဝါရီလ(၁)ရက်နေ့ကစပြီး ပြည်ပကနေ တင်သွင်းလာမယ့်ကုန်ပစ္စည်းအချို့ကို သွင်းကုန်လိုင်စင် ရယူလျှောက်ထားပြီးမှတင်သွင်းခွင့်ပြုတော့မယ်လို့ နစက ရဲ့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နေ ထုတ်ပြန်ထားပါတယ်။
ကိုဗစ်(၁၉)ရောဂါနောက်ဆက်တွဲအဖြစ် စီးပွားရေးတုန့်ဆိုင်းနေမှုကို ပြန်လည်ကုစားရန်နှင့်ပြည်ပမှကုန်စည်တင်သွင်းမှုများအတွက် နိုင်ငံခြားငွေအသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန်အတွက်ဆိုပြီး ပြည်ပကနေတင်သွင်းလာမယ့်ကုန်စည်အချို့အတွက် သွင်းကုန်လိုင်စင် စနစ် ပြန်လည်အသုံးပြုတာလို့ သိရပါတယ်။
သွင်းကုန်လိုင်စင်လျှောက်ထားဖို့ လိုအပ်တဲ့လုပ်ငန်းရှင်တွေအတွက် အဆင်ပြေစေဖို့လျှောက်ထားရမယ့်သွင်းကုန်တွေအလိုက် ကြိုတင်အသိပေးပြီးအဆင့်အတိုင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ပထမအဆင့်အနေနဲ့ အီလက်ထရောနစ်ပစ္စည်းများ၊စားသောက်ကုန်အချို့အလှကုန်နဲ့လူသုံးကုန်ပစ္စည်းများ၊စက္ကူပစ္စည်း၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းနဲ့ဆက်ဆိုင်တဲ့ HS Code 6 Digit (၁၄၂၈)လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရမယ်လို့သတ်မှတ်လိုက်တာပါ။
သွင်းကုန်လိုင်စင်လျှောက်ထားရမယ့် အမယ်အားလုံးကို ပင်လယ်ရေကြောင်းသာမက လေကြောင်းနဲ့နယ်စပ်ကနေတင်သွင်းလာမှုတွေအတွက်ပါ လျှောက်ထားပြီး လိုင်စင် ခွင့်ပြုချက်နဲ့အတူ တင်သွင်းရမယ်လို့ ဖော်ပြထားပါတယ်။
(Zawgyi)
ျပည္ပမွတင္သြင္းလာမည့္ ကုန္ပစၥည္းအခ်ိဳ႕ သြင္းကုန္လိုင္စင္ ေလွ်ာက္ထားရမည္
ေနျပည္ေတာ္ ႏိုဝင္ဘာ ၁၁
(၂၀၂၂)ဇန္နဝါရီလ(၁)ရက္ေန႔ကစၿပီး ျပည္ပကေန တင္သြင္းလာမယ့္ကုန္ပစၥည္းအခ်ိဳ႕ကို သြင္းကုန္လိုင္စင္ ရယူေလွ်ာက္ထားၿပီးမွတင္သြင္းခြင့္ျပဳေတာ့မယ္လို႔ နစက ရဲ႕စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက ေန ထုတ္ျပန္ထားပါတယ္။
ကိုဗစ္(၁၉)ေရာဂါေနာက္ဆက္တြဲအျဖစ္ စီးပြားေရးတုန႔္ဆိုင္းေနမႈကို ျပန္လည္ကုစားရန္ႏွင့္ျပည္ပမွကုန္စည္တင္သြင္းမႈမ်ားအတြက္ ႏိုင္ငံျခားေငြအသုံးျပဳမႈကို ထိန္းညႇိေဆာင္႐ြက္ႏိုင္ရန္အတြက္ဆိုၿပီး ျပည္ပကေနတင္သြင္းလာမယ့္ကုန္စည္အခ်ိဳ႕အတြက္ သြင္းကုန္လိုင္စင္ စနစ္ ျပန္လည္အသုံးျပဳတာလို႔ သိရပါတယ္။
သြင္းကုန္လိုင္စင္ေလွ်ာက္ထားဖို႔ လိုအပ္တဲ့လုပ္ငန္းရွင္ေတြအတြက္ အဆင္ေျပေစဖို႔ေလွ်ာက္ထားရမယ့္သြင္းကုန္ေတြအလိုက္ ႀကိဳတင္အသိေပးၿပီးအဆင့္အတိုင္းေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။
ပထမအဆင့္အေနနဲ႔ အီလက္ထေရာနစ္ပစၥည္းမ်ား၊စားေသာက္ကုန္အခ်ိဳ႕အလွကုန္နဲ႔လူသုံးကုန္ပစၥည္းမ်ား၊စကၠဴပစၥည္း၊ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းနဲ႔ဆက္ဆိုင္တဲ့ HS Code 6 Digit (၁၄၂၈)လိုင္းကို သြင္းကုန္လိုင္စင္ေလွ်ာက္ထားရမယ္လို႔သတ္မွတ္လိုက္တာပါ။
သြင္းကုန္လိုင္စင္ေလွ်ာက္ထားရမယ့္ အမယ္အားလုံးကို ပင္လယ္ေရေၾကာင္းသာမက ေလေၾကာင္းနဲ႔နယ္စပ္ကေနတင္သြင္းလာမႈေတြအတြက္ပါ ေလွ်ာက္ထားၿပီး လိုင္စင္ ခြင့္ျပဳခ်က္နဲ႔အတူ တင္သြင္းရမယ္လို႔ ေဖာ္ျပထားပါတယ္။

