Wednesday, December 11, 2024

မြန်မာနိုင်ငံမြေငလျင်သတင်းစင်တာက ငလျင်သတိပေးချက် ထုတ်ပြန်ပြီးနောက် မော်လိုက်မြို့အနီး...

မြန်မာနိုင်ငံမြေငလျင်သတင်းစင်တာက ယမန်နေ့ ငလျင်သတိပေးချက် ထုတ်ပြန်ပြီးနောက် ယနေ့တွင် မော်လိုက်မြို့အနီး ၄ ဒဿမ ၇ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း...

နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက...

မိမိတို့အနေဖြင့် နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ...

အာဆီယံနှင့် တရုတ်ပြည်သူလူထုတို့ အပြန်အလှန် နားလည်မှုကို...

အာဆီယံ-တရုတ်စင်တာ၏ ပြည်သူများအကြားဖလှယ်ရေး အစီအစဉ်များမှ တစ်ဆင့် အာဆီယံနှင့် တရုတ်နိုင်ငံ ပြည်သူ လူထုတို့အကြား အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်...

ရွှေတိဂုံစေတီတော်တွင် (၂၄)နာရီ ဓာတ်အားရရှိရေး တင်ဒါ...

ရွှေတိဂုံစေတီတော်ရှိ သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော ထရန်စမော်အား (၂၄)နာရီ ဓာတ်အားရရှိရေးအတွက် တင်ဒါခေါ်ယူနေကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးသည် ရွှေတိဂုံစေတီတော်သိင်္ဂုတ္တရ...
HomeNewsLocal Newsပြည်ပမှငွေချေးထားသည့် ပြည်တွင်းကုမ္ပဏီ၊အ ဖွဲ့အစည်းများ၏...

ပြည်ပမှငွေချေးထားသည့် ပြည်တွင်းကုမ္ပဏီ၊အ ဖွဲ့အစည်းများ၏ အတိုးနှင့်အရင်းပြန်ပေးဆပ်ရမည့်ကာလအား လတ်တလောဆိုင်းငံ့ဟု ဗဟိုဘဏ်ထုတ်ပြန်

ပြည်ပမှငွေချေးထားသည့် ပြည်တွင်းကုမ္ပဏီ၊အ ဖွဲ့အစည်းများ၏ အတိုးနှင့်အရင်းပြန်ပေးဆပ်ရမည့်ကာလအား လတ်တလောဆိုင်းငံ့ဟု ဗဟိုဘဏ်ထုတ်ပြန်

ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ် မ-၂၉(က)အရ ပြည်ပချေးငွေရယူထားသည့် ပြည်တွင်းရှိ ကုမ္ပဏီ၊အဖွဲ့အစည်းများ၏ အတိုးနှင့်အရင်းပြန်ဆပ်ရမည့်ကာလအား လတ်တလောဆိုင်းငံ့ထားဟု ဇူလိုင် ၁၃ ရက်ကထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းများအရ ပြည်ပမှ ငွေသားဖြစ်စေ၊ပစ္စည်းဖြစ်စေ ရယူထားသည့် ပြည်တွင်းရှိ ကုမ္ပဏီ၊အဖွဲ့အစည်းများအနေဖြင့် ပြည်ပချေး ငွေ၏ အတိုးနှင့်အရင်းပြန်လည်ပေးဆပ်ခြင်းအား လတ်တလော ဆိုင်းငံ့ထားခြင်းဖြစ်သည်။

ထိုသို့ ဆိုင်းငံ့ခြင်းအား နိုင်ငံခြားသုံးငွေရောင်း ဝယ်ခွင့်ရသည့် AD လိုင်စင်ရဘဏ်များမှ ၎င်းတို့၏ customer များဖြစ်သည့် ပြည်ပချေးငွေရယူထားသည့် ကုမ္ပဏီ၊အဖွဲ့အစည်းအား ချေးငွေအတိုးနှင့်အရင်း ပြန်လည်ပေးဆပ်ရမည့်အစီအ စဉ်(Repayment Schedule)ကို ပြည်ပရှိ ငွေချေးငှားသူ(Lender)များနှင့်ညှိနှိုင်း၍ ပြင်ဆင်ဆောင် ရွက်ရမည်ဟု ဗဟိုဘဏ်ကထုတ်ပြန်ခဲ့သည်။

အလားတူ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ခွင့်ပြုချက်ဖြင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု(၁၀)ရာခိုင်နှုန်းနဲ့အထက်ရှိ ကုမ္ပဏီများ၏ နိုင်ငံခြားသုံးငွေကန့်သတ်ချက်ကင်း လွတ်ခွင့်ပြုထားခြင်းကိုလည်း ပြန်လည်ပယ် ဖျက်ခဲ့ကြောင်း သိရသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံမြေငလျင်သတင်းစင်တာက ငလျင်သတိပေးချက် ထုတ်ပြန်ပြီးနောက် မော်လိုက်မြို့အနီး ၄ဒဿမ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

မြန်မာနိုင်ငံမြေငလျင်သတင်းစင်တာက ယမန်နေ့ ငလျင်သတိပေးချက် ထုတ်ပြန်ပြီးနောက် ယနေ့တွင် မော်လိုက်မြို့အနီး ၄ ဒဿမ ၇ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။ ယနေ့ ဒီဇင်ဘာ (၁၁)ရက် မြန်မာစံတော်ချိန် (၇)နာရီ (၅၅) မိနစ်အချိန်စစ်ကိုင်း တိုင်းဒေသကြီးတောင်ပိုင်း၊ ကလေးဝအရှေ့မြောက်ဘက်၊ မော်လိုက်‌အရှေ့တောင် (၁၅) မိုင်ခန့်အကွာ ကဘော်ပြတ်ရွေ့ကြောတစ်နေရာ တောင်တန်းဒေသအောက် (၆၂) မိုင်မှ မဂ္ဂနီကျု ၄ဒဿ၎င်း ၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မြန်မာနိုင်ငံမြေငလျင်သတင်းစင်တာက အသိပေးထားသည်။ မြန်မာနိုင်ငံမြေငလျင်သတင်းစင်တာ၏ ယမန်‌နေ့အသိပေးထုတ်ပြန်ချက်အရ (၃၆)...

နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက ဥက္ကဋ္ဌပြော

မိမိတို့အနေဖြင့် နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီကူးပြောင်းကာစ ဖွံ့ ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်၍ အင်အားကြီးနိုင်ငံအချို့မှ လူ့အခွင့်အရေးများ၊ ဒီမိုကရေစီစံနှုန်းများနှင့် နိုင်ငံကိုအပြစ်ရှာပြောဆိုကာ ၎င်းတို့လိုချင်သည့်ပုံစံပေါ်အောင် သွတ်သွင်းပုံဖော်ရန်ကြိုးပမ်းနေကြသည်ဟု ပြောသည်။ " မိမိတို့အနေနဲ့ နိုင်ငံနဲ့မကိုက်ညီတဲ့ ဒီမိုကရေစီစံ နှုန်းတွေအပေါ် ရာနှုန်းပြည့်အခြေမပြုဘဲ နိုင်ငံရဲ့ပကတိအခြေအနေ၊ လူမှုစီးပွားဖြစ်ထွန်းမှုတွေ၊ သမိုင်းကြောင်းတစ်လျှောက်တွေ့ကြုံခဲ့ရတဲ့ သမိုင်းပေးတာဝန် သင်ခန်းစာတွေ၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့သာ အခြေခံစဉ်းစားပြီး...

အာဆီယံနှင့် တရုတ်ပြည်သူလူထုတို့ အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြ

အာဆီယံ-တရုတ်စင်တာ၏ ပြည်သူများအကြားဖလှယ်ရေး အစီအစဉ်များမှ တစ်ဆင့် အာဆီယံနှင့် တရုတ်နိုင်ငံ ပြည်သူ လူထုတို့အကြား အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ်တို့ တွေ့ ဆုံစဉ် သဘောတူညီခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် သည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ် မစ္စတာ ရှေကျုံးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ (၉) ရက်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071