Saturday, February 15, 2025

ဘုရားသုံးဆူမြို့တွင် လျှပ်စစ်မီးဖြတ်တောက်ပြီးနောက်ပိုင်း သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပွား

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးနောက်ပိုင်း သောက်ရေသန့်စက်ရုံများ မလည်ပတ်နိုင်သဖြင့် သောက်သုံးရေ ပြတ်လပ်မှုများဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။ လျှပ်စစ်မီးအခက်အခဲကြောင့် သောက်ရေသန့်စက်ရုံများ ရေမတင်နိုင်ခြင်း၊ ရေသန့်စက်...

CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့်...

EV ကားများအပါအဝင် Brand New Cars Models အမျိုးအစားပေါင်းများစွာကို CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲကို...

HIV နှင့် တီဘီဆေးဝါးများ အလုံအလောက်ရှိဟု...

ပြည်တွင်း၌ HIV နှင့် တီဘီရောဂါ ဆေးဝါးများ ပြတ်လပ်ခြင်းမရှိဘဲ အလုံအလောက်ရှိနေကြောင်း ကျန်းမာရေးဝန် ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကပြည်တွင်းသတင်းမီဒီယာအချို့မှ အသိပေးပြောကြားထား...

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ...
HomeNewsLocal Newsပြည်ပပြန်သင်္ဘောသားများ Quarantine Center...

ပြည်ပပြန်သင်္ဘောသားများ Quarantine Center စည်းကမ်းများကို ချိုးဖောက်ရန်ကြိုးစားနေကြဟုဆို

ပြည်ပပြန်သင်္ဘောသားများ Quarantine Center စည်းကမ်းများကို ချိုးဖောက်ရန်ကြိုးစားနေကြဟုဆို

ပြည်ပပြန်သင်္ဘောသားများ Quarantine Center စည်းကမ်းများကို ချိုးဖောက်ရန်ကြိုးစားနေကြသည်များ ရှိနေကြောင်း မီးပြတိုက်လူမှုကူညီရေးအသင်းက သိရသည်။

“ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်စည်းကမ်းချက်တွေ ဖြစ်တဲ့ အရက်၊ဆေးလိပ်၊ကွမ်းယာ စတာတွေကို မသုံးစွဲရဆိုတဲ့ စည်းကမ်းချက်ကို ချိုးဖောက်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားသူတွေကို ကြုံတွေ့ခဲ့ရတယ်။ဒါ့အပြင် ကိုယ်တိုင်ကျန်းမာရေးကိစ္စ၊ မိသားစုကျန်းမာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ တောင်းဆိုလာတာတွေကိုလည်း ကြုံရတယ်။ဒါကြောင့်မို့ဆေးလိပ် ၊ အရက် ၊ ကွမ်းယာတွေမှာယူသုံးစွဲတာမလုပ်ဖို့ ၊ Quarantine ကာလ သတ်မှတ်ရက်တွေထက်စောပြီးတော့ ထွက်တာ မလုပ်ဖို့၊ Quarantine ဝင်နေတဲ့ ကာလမှာ မိသားစုတွေနဲ့တွေ့တဲ့ကိစ္စမလုပ်ဖို့ ၊ ကာကွယ်ဆေးထိုးပြီးသူတွေအနေနဲ့ Quarantine ကာလ(၇)ရက်ဆိုပေမဲ့ဆေးစစ်အဖြေမရရှိသေးတဲ့အချိန်မှာ(၇)ရက်ပြည့်ပြီးပေမဲ့လည်း QUARANTINE CENTER ကနေ ထွက်ခွာဖို့ စတာတွေကို ခွင့်မပြုနိုင်ပါဘူး။ဒါတွေကိုလိုက်နာပါလို့ မေတ္တာရပ်ခံပါတယ်”ဟု မီးပြတိုက်လူမှုကူညီရေးအသင်းတာ၀န်ရှိသူကသတင်းထုတ်ပြန်သည်။

အဆိုပါ အသင်းအနေဖြင့် မြန်မာသင်္ဘောသားများ ကျန်းမာရေးနှင့်ပတ်သက်သည့်အရေးပေါ်ကျန်းမာရေးကိစ္စများ ရှိပါက သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနထံသို့တင်ပြကာ သက်ဆိုင်ရာ မြို့နယ်ဆေးရုံများတွင် ဆေးကုသမှုခံယူနိုင်ရေးအတွက် စီစဉ်ပေးခြင်း နှင့် အခြား အစိုးရအထူးကုဆေးရုံကြီးများတွင် ကုသခွင့်ရရှိရေးတို့အတွက် တိုင်းကျန်းမာရေးဦးစီးဌာနသို့သတင်းပို့တင်ပြ ကုသခွင့်ရရှိစေရေးတို့အတွက် ဆောင်ရွက်ပေးခြင်းတို့ကိုသာ လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

မီးပြတိုက်လူမှုကူညီရေးအသင်းသည် လွန်ခဲ့သော တစ်နှစ်ကျော်ကပင် ပြည်ပမှ ပြန်လာသော မြန်မာသင်္ဘောသားများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေထိုင်ပါမည်ဟု ကတိပြုတင်ပြ ခွင့်ပြုချက်ရယူ၍covid-19 ထိန်းချုပ်ကာကွယ်ကုသရေး ဗဟိုကော်မတီသို့တင်ပြကာ သင်္ဘောသားသီးသန့် Quarantine Center များဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zaw Gyi

ျပည္ပျပန္သေဘၤာသားမ်ား Quarantine Center စည္းကမ္းမ်ားကို ခ်ိဳးေဖာက္ရန္ႀကိဳးစားေနၾကဟုဆို

ျပည္ပျပန္သေဘၤာသားမ်ား Quarantine Center စည္းကမ္းမ်ားကို ခ်ိဳးေဖာက္ရန္ႀကိဳးစားေနၾကသည္မ်ား ရွိေနေၾကာင္း မီးျပတိုက္လူမွုကူညီေရးအသင္းက သိရသည္။

“က်န္းမာေရးဝန္ႀကီးဌာနရဲ့ သတ္မွတ္စည္းကမ္းခ်က္ေတြ ျဖစ္တဲ့ အရက္၊ေဆးလိပ္၊ကြမ္းယာ စတာေတြကို မသုံးစြဲရဆိုတဲ့ စည္းကမ္းခ်က္ကို ခ်ိဳးေဖာက္ဖို႔ နည္းအမ်ိဳးမ်ိဳးနဲ႔ ႀကိဳးစားသူေတြကို ၾကဳံေတြ႕ခဲ့ရတယ္။ဒါ့အျပင္ ကိုယ္တိုင္က်န္းမာေရးကိစၥ၊ မိသားစုက်န္းမာေရးကိစၥေတြနဲ႔ပတ္သက္ၿပီးေတာ့ ေတာင္းဆိုလာတာေတြကိုလည္း ၾကဳံရတယ္။ဒါေၾကာင့္မို႔ေဆးလိပ္ ၊ အရက္ ၊ ကြမ္းယာေတြမွာယူသုံးစြဲတာမလုပ္ဖို႔ ၊ Quarantine ကာလ သတ္မွတ္ရက္ေတြထက္ေစာၿပီးေတာ့ ထြက္တာ မလုပ္ဖို႔၊ Quarantine ဝင္ေနတဲ့ ကာလမွာ မိသားစုေတြနဲ႔ေတြ႕တဲ့ကိစၥမလုပ္ဖို႔ ၊ ကာကြယ္ေဆးထိုးၿပီးသူေတြအေနနဲ႔ Quarantine ကာလ(၇)ရက္ဆိုေပမဲ့ေဆးစစ္အေျဖမရရွိေသးတဲ့အခ်ိန္မွာ(၇)ရက္ျပည့္ၿပီးေပမဲ့လည္း QUARANTINE CENTER ကေန ထြက္ခြာဖို႔ စတာေတြကို ခြင့္မျပဳနိုင္ပါဘူး။ဒါေတြကိုလိုက္နာပါလို႔ ေမတၱာရပ္ခံပါတယ္”ဟု မီးျပတိုက္လူမွုကူညီေရးအသင္းတာ၀န္ရွိသူကသတင္းထုတ္ျပန္သည္။

အဆိုပါ အသင္းအေနျဖင့္ ျမန္မာသေဘၤာသားမ်ား က်န္းမာေရးႏွင့္ပတ္သက္သည့္အေရးေပၚက်န္းမာေရးကိစၥမ်ား ရွိပါက သက္ဆိုင္ရာ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနထံသို႔တင္ျပကာ သက္ဆိုင္ရာ ၿမိဳ႕နယ္ေဆး႐ုံမ်ားတြင္ ေဆးကုသမွုခံယူနိုင္ေရးအတြက္ စီစဥ္ေပးျခင္း ႏွင့္ အျခား အစိုးရအထူးကုေဆး႐ုံႀကီးမ်ားတြင္ ကုသခြင့္ရရွိေရးတို႔အတြက္ တိုင္းက်န္းမာေရးဦးစီးဌာနသို႔သတင္းပို႔တင္ၿပ ကုသခြင့္ရရွိေစေရးတို႔အတြက္ ေဆာင္ရြက္ေပးျခင္းတို႔ကိုသာ လုပ္ေဆာင္ေပးနိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။

မီးျပတိုက္လူမွုကူညီေရးအသင္းသည္ လြန္ခဲ့ေသာ တစ္ႏွစ္ေက်ာ္ကပင္ ျပည္ပမွ ျပန္လာေသာ ျမန္မာသေဘၤာသားမ်ားအား သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ ေနထိုင္ပါမည္ဟု ကတိျပဳတင္ၿပ ခြင့္ျပဳခ်က္ရယူ၍covid-19 ထိန္းခ်ဳပ္ကာကြယ္ကုသေရး ဗဟိုေကာ္မတီသို႔တင္ျပကာ သေဘၤာသားသီးသန္႔ Quarantine Center မ်ားဖြင့္လွစ္ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071