Saturday, February 8, 2025

လာအို လျှပ်စစ်မီးရရှိသည့် ပမာဏ နည်းပါးသဖြင့်...

လာအိုနိုင်ငံ လျှပ်စစ်မီးရရှိသည့် ပမာဏနည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ် မီး (၃၀)မဂ္ဂါဝပ်ကို...

၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများနှင့်ပတ်သက်၍...

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ၂၀၂၄ ခုနှစ်တွင် အဓိက နယ်စပ်ဖြတ်ကျော် လောင်းကစားအမှုပေါင်း ၄၅ ခုကို စုံစမ်းစစ်ဆေးရာတွင် သံသယရှိသူ ၁၁,၀၀၀ ကျော်ကို...

ဂွမ်းဒွမ်တွင်ကုန်းတွင်းဆိပ်ကမ်းဆောက်ရန်ဘင်္ဂလားဒေ့ရှ်အစိုးရစီစဉ်နေ

ဖေဖော်ဝါရီ ၆ သင်္ဘောလုပ်ငန်းအကြံပေး ဗိုလ်မှူးချုပ်ဒေါက်တာ မိုဟာမက် ဆခါဝပ် ဟော့စိန်း (ငြိမ်း) က အစိုးရအနေနင့် ရခိုင်ပြည်နယ် အခြေအနေကို ထည့်စဉ်းစားကာ တက်နပ်ဖ်ရှိ...

မောင်အိုတံတားနှင့် အုတ်လမ်းတို့အား ပြန်လည်ပြင်ဆင်ပါက စနစ်တကျသုတေသနပြုပြီးမှဆောင်ရွက်ရန်...

မန္တလေးတိုင်း၊ အင်းဝမြို့ဟောင်းရှိ မဟာဇေယျပထ-မောင်အိုတံတားနှင့် အုတ်လမ်းတို့အား ပြန်လည်ပြင်ဆင်မည်ပါက စနစ်တကျသုတေသနပြုပြီးမှဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့သည်...
HomeNewsLocal Newsပြည်ပခရီးသွားများ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး...

ပြည်ပခရီးသွားများ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး စိတ်ချစွာသွားလာနိုင်ရေး ဟိုတယ်လုပ်ငန်းများကို နိုင်ငံတကာအသိအမှတ်ပြုလက် မှတ်များထုတ်ပေးသွားမည်

(Unicode)

ပြည်ပခရီးသွားများ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး စိတ်ချစွာသွားလာနိုင်ရေး ဟိုတယ်လုပ်ငန်းများကို နိုင်ငံတကာအသိအမှတ်ပြုလက် မှတ်များထုတ်ပေးသွားမည်

နေပြည်တော် အောက်တိုဘာ ၂၇

ပြည်တွင်းခရီးသွားကဏ္ဍတွင် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများအတွက်ပါ ပြည်တွင်း၌ ခရီးသွားလာရာတွင် ကိုဗစ်-၁၉ ရောဂါဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ ကြိုတင်စီမံ ထားပြီးဖြစ်သလို ဟိုတယ်လုပ်ငန်းတွေကို နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေ ဆက်လက်ထုတ်ပေးသွားမှာဖြစ်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကသိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံပြည်တွင်းခရီးသွားလုပ်ငန်းကဏ္ဍမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အခြေနေတွေကြောင့် ပြည်ပခရီးသွားဝင်ရောက်မှုတွေ ရပ်တန့်နေလျက်ရှိပြီး ပြည်တွင်းခရီးသွားတွေ အနေနဲ့လည်း ယခု အောက်တိုဘာလဝန်းကျင်မှစ၍ ဒေသတွင်းဘုရားဖူးခရီးသွားများ ပြန်လည် သွားလာ လည်ပတ်လာလျက်ရှိနေကြပြီဖြစ်လို့ သက်ဆိုင်ရာဒေသများရှိ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအချို့ အတွက် ကိုဗစ်-၁၉ ဘေးကင်းလုံခြုံမှု အသိအမှတ်ပြုလက်မှတ်တွေကို ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ ဒီလို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးပါက ပြည်တွင်းခရီးသွားတွေသာမက ပြည်ပခရီးသွားတွေပါ ကိုဗစ်-၁၉ ရောဂါကင်းရှင်းရေးနှင့် ပတ်သက်ပြီး စိတ်ချယုံကြည်ရပြီး အသိအမှတ်ပြုကာ လာရောက်လည်ပတ်နိုင်စေဖို့အတွက် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်တွေကိုပါ ဆက်လက်ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ အဓိက ကတော့ ကိုဗစ်ကာလ ပြည်တွင်းခရီးသွားကဏ္ဍမှာ တချို့ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဟိုတယ်တွေအချို့က ရပ်နားထားရတာတွေရှိနေတော့ သူတို့ကို ကိုဗစ်-၁၉ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်ပြီး လိုက်နာရမဲ့စည်းကမ်းတွေထုတ်ပေးပြီး လိုက်နာဆောင်ရွက်ထားတယ်ဆိုတဲ့ အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးတာပါ။ ဒီလက်မှတ်ရှိထားတဲ့ ဟိုတယ်ပဲ ဖြစ်ဖြစ် အခြားဝန်ဆောင်မှုလုပ်ငန်းပဲဖြစ်ဖြစ် ခရီးသွားပြည်သူတွေက တွေ့ရာဟိုတယ်မှာ မတည်းတော့ဘဲ လက်မှတ်ရရှိထားတဲ့ ဟိုတယ်တွေ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ပဲချိတ်ဆက် ရွေးချယ်တည်းခိုကြမှာဖြစ်ပါတယ်။ အခုက ပြည်ထောင်စုအဆင့် အသိအမှတ်ပြုလက်မှတ်တွေကို အွန်လိုင်းကနေပေးနေတယ်။ နောက်ပိုင်းမှာ နိုင်ငံတကာကလဲအသိအမှတ်ပြုနိုင်တဲ့ လက်မှတ်တွေ ကို စိစစ် ထုတ်ပေးသွားမှာပါ” ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဟိုတယ်လုပ်ငန်းအတွက် ဟိုတယ် ၁၀ လုံးခန့်ကိုသာ ကိုဗစ်-၁၉ ဘေးအန္တရာယ်ကင်းရှင်းရေး စည်းကမ်းချက်တွေလိုက်နာတဲ့ ပြည်ထောင်စုအဆင့် အသိအမှတ်ပြုလက်မှတ်တွေထုတ်ပေးထားရသေးပြီး ဟိုတယ်လုပ်ငန်းအတွက် သင်တန်းများတက်ရောက် ကြရဦးမှာဖြစ်လို့ ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်နေပြီး ပြည်တွင်းခရီးသွားတွေ များပြားလာချိန်အမီ နိုင်ငံအတွင်းရှိ ဟိုတယ်တွေကို ပြည်ထောင်စုအဆင့်အသိအမှတ်ပြုလက်မှတ်တွေထုတ်ပေးသွားမှာဖြစ်ပြီး ထို့နောက်မှာ နိုင်ငံတကာလေကြောင်းလိုင်းတွေ ပြန်လည်ဖွင့်လှစ်ချိန်တွင် ပြည်ပခရီးသွားများ စိတ်ချယုံကြည်စွာ လာရောက်လည်ပတ် တည်းခိုနိုင်ရေးအတွက် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေကိုပါ ဆက်လက်ထုတ်ပေးသွားမှာဖြစ်ပါတယ်။

“ပြည်ထောင်စုအဆင့် အသိအမှတ်ပြုလက်မှတ်ရဖို့အတွက်က ဟိုတယ်တွေအနေနဲ့ ကြိုတင်ပြင်ဆင် ရမဲ့အချက်တွေပိုများလာတာတွေရှိတော့ ဟိုတယ်ဝန်ထမ်းတွေကို သင်တန်းပေးနေတာတွေ၊ ကာကွယ်ဆေး ထိုးနေတာတွေ လုပ်နေကြပါတယ်။ ပြည်ပခရီးသွားတွေအနေနဲ့လဲ လေကြောင်းလိုင်းတွေပြန်ဖွင့်တဲ့အခါ ကျွန်တော်တို့ ဝက်ဆိုက်ကို ဝင်လေ့လာတဲ့အခါမှာ မြန်မာနိုင်ငံက ဟိုတယ်တွေ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေက ကိုဗစ်-၁၉ ဘေးကင်းရှင်းကြောင်းတွေ စီမံဆောင်ရွက်ထားပြီး ဘယ်ဟိုတယ်တွေမှာတည်းရမယ်။ ဘယ်လိုင်းနဲ့ချိတ်ဆက်သွားရမယ်ဆိုတာတွေ သူတို့ရွေးချယ်နိုင်ကြမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောပြပါတယ်။

(Zawgyi)








Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071