(Unicode)
ပြည်ထောင်စုလမ်းမကြီး ဘေးတွင် သစ်သီး များစွန့်ပစ်လျှင် ဒါဏ်ငွေငါးသောင်းဟု သတ်မှတ်ထားသော်လည်း တရုတ်နိုင်ငံသို့ ပို့မရ၍ ဖရဲသီး များ သွန်ချနေရ
နေပြည်တော် ဇန်နဝါရီ ၃
ပြည်ထာင်စုလမ်းမကြီးတလျှောက်မှာ သစ်သီးတွေ စွန့်ပစ်ခဲ့လျှင် ကားတစ်စီးကို ဒါဏ်ငွေ ငါးသောင်းအဖြစ် တင်ဆောင်လာသော ကားရဲ့ပွဲရုံကနေ ပေးဆောင်ရမယ်လို့ ကြေညာထားသော်လည်း အခုရက်ပိုင်းမှာတော့ တရုတ်ကိုပို့မရတဲ့ ဖရဲသီးတွေကို မူဆယ်မြို့အတွင်းက ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ အများအပြား စွန့်ပစ်နေတယ်လို့ သိရပါတယ်။
ကုန်စည်ဒိုင်အသီးသီးကနေ တင်ဆောင်လာတဲ့ဖရဲသီးတွေ ကို တရုတ်ပြည်ဘက် တင်ပို့ဖို့ အချိန်စောင့်ဆိုင်းရင်း ပျက်စီးသွားတာကြောင့် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အထွက် မူဆယ်မြို့ လမ်းမ တေလျှာက်မှာ စွန့်ပစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
စွန့်ပစ်လိုက်တဲ့ ဖရဲသီးတွေထဲက ကောင်းတာတချို့ကို ဒေသခံတွေက လာရောက်ယူဆောင်နေကြတာမျိုးလည်းရှိနေပြီး နယ်စပ်က ဖရဲသီးဈေးကွက်မှာတော့ ဈေးကောင်းမရရှိကြဘူးလို့ ကုန်သည်တွေဆီကသိရပါတယ်။
(Zawgyi)
ျပ ည္ေထာင္စုလမ္းမႀကီး ေဘးတြင္ သစ္သီး မ်ားစြန႔္ပစ္လွ်င္ ဒါဏ္ေငြငါးေသာင္းဟု သတ္မွတ္ထားေသာ္လည္း တ႐ုတ္ႏိုင္ငံသို႔ ပို႔မရ၍ ဖရဲသီး မ်ား သြန္ခ်ေနရ
ေနျပည္ေတာ္ ဇန္နဝါရီ ၃
ျပည္ထာင္စုလမ္းမႀကီးတေလွ်ာက္မွာ သစ္သီးေတြ စြန္႔ပစ္ခဲ့လွ်င္ ကားတစ္စီးကို ဒါဏ္ေငြ ငါးေသာင္းအျဖစ္ တင္ေဆာင္လာေသာ ကားရဲ႕ပြဲ႐ုံကေန ေပးေဆာင္ရမယ္လို႔ ေၾကညာထားေသာ္လည္း အခုရက္ပိုင္းမွာေတာ့ တ႐ုတ္ကိုပို႔မရတဲ့ ဖရဲသီးေတြကို မူဆယ္ၿမိဳ႕အတြင္းက ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္မွာ အမ်ားအျပား စြန႔္ပစ္ေနတယ္လို႔ သိရပါတယ္။
ကုန္စည္ဒိုင္အသီးသီးကေန တင္ေဆာင္လာတဲ့ဖရဲသီးေတြ ကို တ႐ုတ္ျပည္ဘက္ တင္ပို႔ဖို႔ အခ်ိန္ေစာင့္ဆိုင္းရင္း ပ်က္စီးသြားတာေၾကာင့္ (၁၀၅)မိုင္ကုန္သြယ္ေရးဇုန္အထြက္ မူဆယ္ၿမိဳ႕ လမ္းမ ေတလွ်ာက္မွာ စြန႔္ပစ္ထားတာျဖစ္တယ္လို႔ သိရပါတယ္။
စြန႔္ပစ္လိုက္တဲ့ ဖရဲသီးေတြထဲက ေကာင္းတာတခ်ိဳ႕ကို ေဒသခံေတြက လာေရာက္ယူေဆာင္ေနၾကတာမ်ိဳးလည္းရွိေနၿပီး နယ္စပ္က ဖရဲသီးေဈးကြက္မွာေတာ့ ေဈးေကာင္းမရရွိၾကဘူးလို႔ ကုန္သည္ေတြဆီကသိရပါတယ္။