လာမယ့် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုအစီအစဉ်အတွက် တေးသီချင်း ၁၁ ပုဒ်ကို အခမဲ့ ယူသုံးစွဲမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။
အဆိုပါနေ့တွင် မြန်မာ့ရုပ်မြင်သံကြားကနေ “ညီညွတ်ရေးသံစဉ်” ခေါင်းစဉ်ဖြင့် တေးဂီတဖျော်ဖြေပွဲ ထုတ်လွှင့်မည်ဖြစ်ပြီး ထုတ်လွှင့်မည့်သီချင်းများကို အခမဲ့ အသုံးပြုသွားမှာဖြစ်ကာ မူပိုင်ခွင့်ရှိသူတွေကို မေတ္တာရပ်ခံထားသည်။
ယင်းဖျော်ဖြေပွဲတွင် တိုင်းရင်းသားရိုးရာ တေးသီချင်း ၁၁ ပုဒ်ကို မြန်မာ့အသံမှ အဆိုတော်များ၊ ပြင်ပအဆိုတော်များနှင့် စင်တင်တေးဂီတဖျော်ဖြေမှုကို ထုတ်လွှင့်သွားမည်ဖြစ်သည်။
အဆိုပါ သီချင်း(၁၁)ပုဒ်မှာ ရှမ်းပဲပုပ်လေးကျွန်တော်၊ မလိခမှအလွမ်းလေးတွေ၊ ရွှေမြိုင်မှာပဲနေတော့မယ်၊ မဟာ ၊ မောင်တို့ချယ်ရီမြေ၊ လွိုင်ကော်ကိုအလည်လာ၊ မွန်စကားလေးနဲ့နှုတ်ဆက်သည်၊ မြစ်ဆုံကိုလွမ်းစိတ်မပြေ၊ ကျောင်းပိတ်ရက်၊ မောမြေမောနှမမောအလှနှင့် ပြည်ထောင်စုရဲ့သွေးချင်းများ ဖြစ်ကြောင်း သိရသည်။
ပုံစာ – ၇၅ နှစ်ပြည့် ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ပုံရိပ်များ





